Saturday, June 21, 2008

Gtalk hack

gtalk ကို တစ်ခုထက် ပိုသုံးရမယ့် အခြေအနေမျိုး ကြုံတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်ခုထက်ပိုသုံးချင်ရင် ဒီလိုလေးလုပ်ထားလိုက်ပါ။gtalk icon ပေါ် right click/properties ကိုသွားပါ။ gtalk properties dialog box မှ shortcut ကိုသွားပါ။ Target box မှာ "C:\Program Files\Google\Google Talk\googletalk.exe" /startmen0u/ ဒီ extention လေးနောက်က space/nomutex ရိုက်လိုက်ပါ။ ပြီးရင် ok ပေါ့။ space က ( /nomutex)ပါ။ spacebar ပုတ်ရုံပါဘဲ။ရပါပြီ ရှိသမျှ account တွေနဲ့ login ၀င်ပြီး chat နိုင်ပါပြီ။

Galways idel

Gtalk မှာ တစ်ခါတစ်ရံ တစ်ဦးတည်းအပေါ် အာရုံစူးစိုက်ပြီး chat နေချိန်မျိုးမှာ တစ်ခြား online fri. ၀င်လာတတ်ပါတယ်။ ပြန်မဖြေရင်လည်း တစ်မျိုးတစ်မည် အထင်ခံရမယ်။ ပြန်ဖြေနေရရင်လည်း အာရုံလွင့်တော့မယ်။ ဒါဆို အနားမှာမရှိဘူးလို့ ပြောပေးမယ့် galways idel ကိုတင်ထားကြရအောင်။galways idel ကို ဒီမှာ download n install လုပ်ပေါ့။ ပြီးရင် taskbar မှ gtalk icon ပေါ် right click လုပ်ပြီး always idle ရွေးထားပေါ့။ မလိုအပ်တော့ရင် normal or never ပြန်ပြောင်းထားနိုင်ပါတယ်။galways idel က သင့်ကိုယ်စား လှည့်စားပေးဘို့ plug in ထည့်ထားလိုက်ပါလား...

Chat rooms in gtalk

Gtalk မှာ group နဲ့ chat လို့ရတဲ့နည်းလေးပါ။ MIRC မှာ chatrooms ထိုင်သလိုမျိုးပေါ့။Chatroom တွေက အကြောင်းအရာတစ်ခု (သို့) ၀ါသနာတူသူတွေစုပြီး ဆွေးနွေးရတာ အကျိုးရှိလှပါတယ်။Chatroom တစ်ခုဖန်တီးဖို့ လွယ်ကှူတဲ့အတွက် google user တွေ အောက်ပါ command တွေနဲ့ group chat လုပ်ကြည့်နိုင်ပါတယ်။1.Gtalk မှာ login ၀င်ပါ။2.partychat@gmail.com ကို invite လုပ်ပါ။ partychat2@gmail.com,partychat3@gmail.com တို့ကိုလည်း invite လုပ်လို့ရပါတယ်။ partychat မှချက်ချင်း online ဖြစ်လာပါတယ်။3./make channel ဟု partychat အားရိုက်ပို့ပါ။ [channel] နေရာတွင် နှစ်သက်ရာပြင်ဆင်နိုင်ပါသည်။ဥပမာ။ ။ နာဂစ်၊ဆိုင်ကလုန်း ( Nargis,Cyclone)4.Chatroom တွင် အတူပါဝင်လိုသူများမှာလည်း partychat@gmail.com အား invite လုပ်ရပါသည်။ပြီးလျှင် /join channel ဖြင့် ၀င်ရောက် နိုင်ပါပြီ။5./commands ဖြင့် partychat မှာ အသုံးပြုတဲ့ command များကို လေ့လာကြည့်နိုင်ပါတယ်။
ကဲ ငြင်းခုံကြမယ်၊ဆွေးနွေးကြမယ်....