ရွှန်းလဲ့နေတဲ့ အကြည့်ကလေးနဲ့
မင်းမျက်ဝန်း နက်နက်ကလေးကို ချစ်တယ်။
ကြည်လင်တဲ့ အပြုံးလေးတွေနဲ့
မင်းနှုတ်ခမ်း ကလေးကို ချစ်တယ်။
သာယာတဲ့ စကားလေးတွေ ပြောနေတဲ့
မင်းအသံကလေးကို ချစ်တယ်။
ခေါင်းကလေး ငဲ့ကြည့်လိုက်တိုင်း
ငါ့အသဲတွေ ပြောင်းပြန်လှန်ပြစ်လိုက်သလိုဘဲ။
နွဲ့နွဲ့ကလေး လွှဲသွားတဲ့ လက်ကလေးက
ငါ့ရင်ခုံသံကို မြန်စေတယ်။
ညင်သာတဲ့ ခြေလှမ်းကလေးတွေတိုင်း
ငါ့ကိုယ်ထဲမှာ သွေးတွေဟာ
ငြိမ့်ညောင်းစွာ စီးဆင်းနေသလိုဘဲ။
ငါ့မျက်စေ့ မှိတ်ထားလည်း
မင်းကို ငါမြင်နေရတယ်။
ငါ့နားတွေ ပိတ်ထားလည်း
မင်းအသံတွေ ငါကြားနေရတယ်။
ငါဘယ်နေရာကို ရောက်ရောက်
မင်းဟာ ငါ့အနားမှာ ရှိနေတယ်။
ငါ့အသက် တစ်ချက်ရှုလိုက်တိုင်း
မင်းကို ငါချစ်နေတယ်။
No comments:
Post a Comment