Monday, January 14, 2008

မြေခွေးမီးလျှံနဲ့ မြေလျှိုးမိုးပျံ ကြမလား



၁။ ဖိုင်းယားဖောက်စ် လို့ ခေါ်တဲ့ မြေခွေးမီးလျှံနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ကိုယ်ရောင်ဖျောက် ၀က်ဘရောက်ဇာပါ။ အမည်ရင်းကတော့ အိပ်စ်ဘီ ဘရောက်ဇာလို့ ခေါ်ပြီး နောက်ဆုံးထွက် ဗားရှင်းကတော့ ၂.၀.၀.၆ ပါ။ မူရင်းဝက်ဆိုက်ကနေ ဒေါင်းလုပ်ယူပြီး အင်စတော လုပ်ရုံပါပဲ၊ ပရိုဂရမ်ကသေးငယ်တော့ ယူအက်ဘီ မဲန်မိုရီစတစ်ထဲမှာ တိုက်ရိုက်ထည့်သုံးနိုင်ပါတယ်။

၂။ အိုင်တီဗဟုသုတ သိတ်ရှိစရာမလိုဘူး၊ အိုးပဲန်းဆို့ ဖြစ်တယ်၊ ကွန်ဖစ်ဂရေးရှင်း ဘာမှ လုပ်စရာ မလိုပါဘူး။ ဒါပေမယ့် အဒိုဘီ ဖလက်ရှ်ပလေရာ ပလပ်အင်ကိုတော့ အင်စတောလုပ်ဖို့ သတိပေးစာတမ်း အပေါ်ဖက်မှာ ပေါ်ပါလိမ့်မယ်။ ဖလက်ရှ်ဖိုင်တွေကို မြင်နိုင်အောင်လို့ ပါ။

၃။ သူက တိုးနက်ဝပ်ခ်နဲ့ အလုပ်လုပ်ပါတယ်။ သတိထားကြည့်ရင် ဖိုင်းယားဖေါက်စ်ထဲမှာ ကြက်သွန်နီပုံ တိုးနက်ဝခ် အမှတ်အသားကို တွေ့ ရပါလိမ့်မယ်။
သူ့ ကိုဖွင့်ချင်ရင် သူ့ အိုင်ကွန် ကမ္ဘာလုံးပေါ်မှာ နှိပ်လိုက်ပီး ပွင်လာတဲ့အခါ သုံးရုံပါပဲ။ သူ့ ဘရောက်ဇာညာဖက်အောက်ပိုင်းမှာ အစိမ်းရောင် စာတန်းလေး တိုးအဲန်အေးပဲလ်နဲ့ အမေရိကန်အလံပုံလေး တွေ့ ရပါမယ်။ ဒါဆိုရင် အမေရိကန်ကနေ သုံးနေတယ်လို့ ပြောပြတာပါ။ မူရင်းအိုင်ပီ ပျောက်သွားပါပြီ။

၎။ ၄။ သေခြာအောင် စမ်းသပ်ချင်ရင် သူ့ ကို မဖွင့်ပဲနဲ့ ပုံမှန်ဘရောက်ဇာထဲမှာ www.whatismyip.com ကိုရိုက်ပြီး ကိုယ့်မူလ အိုင်ပီနံပါတ်ကို မှတ်ထားလိုက်ပါ။ ပြီးရင် သူ့ ကို ဖွင့်လိုက်ပါ၊ www.whatismyip.com ကို ရိုက်ထည့်ပြီး အိုင်ပီနံပါတ်ကို ပြန်ဖတ်ပါ။ မူလအိုင်ပီနံပါတ်မဟုတ်ပဲ တခြားအိုင်ပီနံပါတ်ဖြစ်နေတာကို တွေ့ ရပါလိမ့်မယ်။ ဒါဆိုရင် စိတ်ချလုံခြုံစွာ သုံးလို့ ရပါပြီ။

၅။ သူနဲ့ သုံးတဲ့အခါ ၀က်ဆိုက်တွေပေါ်က စကရစ်လို့ ခေါ်တဲ့ ကုဒ်တွေကို သူက ကာကွယ်ပေးတဲ့ အနေနဲ့ ပိတ်ထားပါတယ်။ ကိုယ်ယုံကြည်တဲ့ ၀က်ဆိုက်ဆိုရင် ဘရောက်ဇြာာဘက်အောက်ထောင့်က အောပ်ရှင်ကနေ အောက်ပါအတိုင်း စကရစ်တွေကို ခွင့်ပြုပေးပါ။ ဒါမှသာ စကရစ်အသုံးပြုထားတဲ့ ကောင်တာတို့ ဆီဗုံးတို့ စတာတွေ ပုံမှန် အလုပ် လုပ်နိုင်မှာပါ။

၆။ ဒီဘရောက်ဇာက အခမဲ့ပရိုဂရမ်ပါ။ သူ့ ဝက်ဆိုက်က ဘဏ်အကောင့်အတွက် ထုတ်လုပ်ထားတာမို့ သူ့ ဘဏ်အကောင့်ဖွင့် သုံးချင်ရင်တော့ သုံးစွဲခပေးရပါမယ်။ ဒေါင်းလုပ်စာမျက်နှာကိုဖတ်ပြီး စိတ်ရှုတ်ထွေးမှု မဖြစ်ပါနဲ့ ။

မှတ်ချက်။ စမ်းသပ်ချက်အရ ဘလော့ခ်တင်တဲ့အခါ ရိုးရိုးဖိုင်းယားဖောက်စ်လို အဆင်မပြေတာတော့ တွေ့ရပါတယ်။

ဒီနေရာကနေ
ဒေါင်းလုပ်
လုပ်ယူပါ

http://lawkanat.blogspot.com
မှကူးယူဖော်ပြသည် ။