Saturday, January 12, 2008

Download Flash swf files from the web browser by using Firefox or Internet Explorer

Internet webpage တွေထဲက Flash game, Flash Animations, Flash Tutorials, Flash Movie Trailers, Flash Advertisements တွေကိုကြိုက်လို့ သိမ်းထားချင်တယ်ဆိုရင် Flash Downloader တွေကို သုံးစရာမလိုသေးပဲ FireFox နှင့် Internet Explore ကိုအသုံးပြုပြီး Dlownload လုပ်ယူနိုင်ပါတယ်။ အင်တာနက်ကဖေးတွေမှာ ဆော့ဖ်ဝဲတွေမရှိဘဲ သုံးနေတဲ့လူတွေ အတွက်ဆိုရင်တော့ ပိုအဆင်ပြေပါလိမ့်မယ်။ ပုံမှန်အားဖြင့် ရုပ်ပုံတွေကို Download လုပ်ချင်တယ်ဆိုရင် RightClick နှိပ်ပြီးသိမ်းလို့ရပေမဲ့ swf file တွေအတွက်ကျတော့ မရတော့ပါဘူး။ ဒါ့ကြောင့် swf တွေကို အလွယ်ဆုံး Download လုပ်နိုင်မည့်နည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

Saving Flash Files from Firefox

၁။ သိမ်းချင်သော swf file ရှိတဲ့ webpage ကို အရင်ဆုံးဖွင့်ပေးထားရပါမယ်။

၂။ Tools Menu မှ Page Info ကိုရွေးချယ်ပါ။ (Page ပေါ်တွင် RightClick လုပ်၍လည်း ရွေးချယ်နိုင်ပါသည်)

၃။ Page Info Window မှ Media Tab ကိုရွေးပါ။ (လက်ရှိဖွင့်ထားတဲ့ Page မှာပါဝင်တဲ့ image file, css file နှင့် flash (swf) file တွေကို list အနေနဲ့ ပြပေးတဲ့နေရာဖြစ်ပါတယ်)

၎။ Media List မှ .swf နှင့် အဆုံးသတ်ပြီး FileType အနေဖြင့် Embed အမည်ရှိသော File ကိုရွေးချယ်ပါ။

၅။ ထို့နောက် Save as button ကိုနှိပ်၍ ကွန်ပျူတာထဲ ရှိ HardDrive ပေါ်သို့ သိမ်းယူနိုင်ပါပြီ :)

Saving Flash Files from Firefox (Geeks and Power Users)

၁။ blank page တစ်ခုကို ဖန်တီးပါ။ (Type - about:blank in the address bar)

၂။ Cache entries ကို ခေါ်ယူရန်အတွက် about:cache?device=disk ဟူသော commnad ကို address bar တွင်ရိုက်ထည့်ပါ။

၃။ Cache Entries List ပေါ်လာလျှင် .swf file extension ရှိသော file များကို ရှာရန်အတွက် Search (ctrl+F) ကို အသုံးပြုပါ။

၎။ .swf file ကိုတွေရှိပါက address line ပေါ်တွင် click လုပ်ပါ။ ထို့နောက် summary view သို့ရောက်ရှိသွားပါလိမ့်မယ်။

၅။ summary view ပေါ်လာပါက .swf extension ပါရှိသော address ကို RightClick နှိပ်ပြီး flash file ကို သိမ်းဆည်းနိုင်ပါပြီ :)

Using Internet Exporer (same way with OPERA)

၁။ သိမ်းချင်သော swf file ရှိတဲ့ webpage ကို အရင်ဆုံးဖွင့်ပေးထားရပါမယ်။

၂။ Tools menu မှ option ကို ရွေးပါ။ ထိုနောက် General Tab သို့သွားပါ။

၃။ General Tab ရောက်လျှင် setting ကို ရွေးပါ။

၎။ setting window ပေါ်လာပါက view files ကို ထပ်မံရွေးချယ်ပါ။

၅။ ထို့နောက် Temporary Internet Files ဟု အမည်တွင်သော Folder တစ်ခု ပေါ်လာပါလိမ့်မည်။ ထို File များထဲမှ မိမိအလိုရှိသော flash file ကို copy ကူးယူ၍ desktop သို့ hard drive တစ်ခုခုပေါ်တွင် paste လုပ်ပြီး သိမ်းဆည်းနိုင်ပါသည် :)

YouTube နှင့် GoogleVideo များကို Download လုပ်ချင်တယ် ဆိုရင်တော့ Firefox Plugin တစ်ခုဖြစ်တဲ့ Video Downloader ကို အသုံးပြုပြီး ရယူနိုင်ပါတယ်။ ဒေါင်းလုပ်လုပ်ပြီး File (movie) များကို ပြန်လည်ကြည့်ရှူ့ရန်အတွက် လိုအပ်သော Player မှာ FLV Player ဖြစ်ပါတယ်။ ဂိမ်းများ သီချင်းများ Video များဖြင့် အပန်းဖြေ ပျော်ရွှင်နိုင်စေ။

ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

Posted in Labels: | 0 comments

သနပ်ခါးလေး


BlackHole အဖွဲ့ ဆိုထားထဲ့ သနပ်ခါး ဆိုတဲ့ သီချင်းလေးပါ။ အခုတလော တော်တော်လေး နားထောင်ဖြစ်ပါတယ်။ MTV ကိုလည်း YouTube မှာ ကြည့်ရှူ့နိုင်ပါတယ်။ အခုခေတ်ကြီးမှာတော့ သနပ်ခါးလိမ်းတဲ့သူ ရှားသွားပါပြီ။



ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
သူများတွေထက် မထင်ရှားလည်းပဲ ကိုယ့်အတွက် လမင်းလေးပါ

အမြဲတမ်း ပြုံးနေလိုက်ပါ ရိုးရိုးလေး မင်းမျက်နှာ
ကမ္ဘာကျော်တောင် မမှီနိုင်ဘူးကွာ
ကိုယ့်ရဲ့နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့ နိုးထလာ ဒီတစ်သက်စာ ချစ်မေတ္တာ

မိုးပေါ်က နတ်သမီးလေးလား အသက်ရှူမှားလောက်တယ်ကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးနဲ့ အရိပ်ဖွဲ့လာအိပ်မက်မှာ

အမြဲတမ်း ပြုံးနေလိုက်ပါ ရိုးရိုးလေး မင်းမျက်နှာ
ကမ္ဘာကျော်တောင် မမှီနိုင်ဘူးကွာ
ကိုယ့်ရဲ့နှလုံးအိမ်ထဲမှာ အချစ်စိတ်တို့ နိုးထလာ ဒီတစ်သက်စာ ချစ်မေတ္တာ

ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ
ရင်အေးစေတဲ့ ဒီအပြုံးလေးအတွက် ကျေးဇူးပါ မိန်းကလေးရာ

Posted in Labels: | 0 comments

ငါအိုသွားတဲ့အခါ


ငါအိုသွားတဲ့အခါ ငါဟာ အရင်ကငါ မဟုတ်တော့ဘူး။ ငါ့ကို နားလည်ပေးပါ။ စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ ချည်ဖို့မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါသင်ပေးခဲ့တာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါပြန်ပြောမိတဲ့အခါ စကားမဖြတ်ပဲ ကျေးဇူးပြုပြီး နားထောင်ပေးပါ။ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည ပုံပြင်တွေ မရိုးအောင် ပြောရင်း ငါချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီလိုတဲ့အခါ ငါ့ကို မညိုညင်ပါနဲ့၊ ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ်လေးကို မြင်ယောင်ပေးပါ။

ခေတ်သစ် နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကိုမလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက “ဘာကြောင့်” ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေခဲ့တာကို သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တဲ့အခါ ခွန်အားပါတဲ့ လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ။ လမ်းလျှောက်သင်စ အရွယ်တုန်းက တစ်လှမ်းချင်း လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာတွေကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရမှာ ရှေ့နောက်မညီပဲ အကြောင်းအရာတွေကို ငါမေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက် အရေးမကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် ငါလမ်းညွန်ခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ရဲ့ နောက်ဆုံးအချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ တွေ့ရမှာပါ။

ရေးသားသူ >> အမျိုးသားစာပေဆုရ စာရေးဆရာကြီး မင်းသူရိန်

Updated: ဒီစာသားတွေကို တွေ့ဖူးနေတာ ကြာပါပြီ ... ရေးသားသူအမည်နှင့်တကွ Blog တစ်ခုမှာ တွေ့တာနဲ့ တင်လိုက်တာပါ။ စာသားတွေကို ကျွန်တော်လေးစားရတဲ့ ရေးသားသူ(သို့)ဘာသာပြန်သူ အမည် မှားနေတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောသွားနိုင်ပါတယ်။ ကျွန်တော်လဲ အမှားတွေကိုတော့ မတင်ချင်ပါဘူး။ အမှန်သိတဲ့သူ ပြောသွားပေးပါ။ ကျေးဇူးတင်ပါတယ်။

ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

Posted in Labels: | 0 comments

Proud of You - 4 Versions

Proud of You သီချင်းလေးကို Version လေးမျိုးလုံး စုမိထားတယ်။ စပြီး နားထောင်ဖူးတာကတော့ Eng Ver ပဲ။ ဒါပေမဲ့ နောက်ပိုင်း မောင် Fido ရဲ့ ကောင်းမှုကြောင့် Remix တွေရော Chinese Ver တွေပါ နားထောင်လိုက်ရတယ်။ ကြိုက်တဲ့ Version ကို ဆွဲချပြီး နားထောင်နိုင်ပါတယ်။
  1. Proud of You - Myanmar - Ver
  2. Proud of You - English Ver
  3. Proud of You - Remix Ver
  4. Proud of You - Chinese
ဘယ် Track အကြိုက်ဆုံးလဲဆိုရင်တော့ ... Track No.1 ပေါ့။ ကိုယ့်မြန်မာကိုယ်ပဲ အားပေးရမှာပေါ့ ... နော့။ ရှင်ဖုန်း ... ရှင်ဖုန်း ... အင်း ... အခုတော့ ကိုဥက္ကာလက်ထဲ ပါသွားပြီ။ တရားနဲ့သာ ဖြေကြပါ razz

Proud of You

Love in your eyes
Sitting silent by my side
Going on, holding hands
Walking through the nights

Hold me up, hold me tight
Lift me up to touch the sky
Teaching me to love with heart
Helping me open my mind

I can fly
I'm proud that I can fly
To give the best of mine
Till the end of the time

Believe me, I can fly
I'm proud that I can fly
To give the best of mine
The heaven in the sky

Stars in the sky
Wishing once upon a time
Give me love, make me smile
Till the end of life

Hold me up, hold me tight
Lift me up to touch the sky
Teaching me to love with heart
Helping me open my mind

I can fly
I'm proud that I can fly
To give the best of mine
Till the end of the time

Believe me, I can fly
I'm proud that I can fly
To give the best of mine
The heaven in the sky

Can't you believe that you light up my way?
No matter how that ease my path, I'll never lose my faith

See me fly
I'm proud to fly up high
Show you the best of mine
Till the end of the time

Believe me, I can fly
I'm singing in the sky
Show you the best of mine
The heaven in the sky

Nothing can stop me
Spread my wings, so wide


ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

Posted in Labels: | 0 comments

Clean Your Blogs Sidebars by Andy Wibbels

Andy Wibbels ပြောထားတဲ့ Video က အရမ်းရီဖို့ ကောင်းသလို ပညာလည်း ရပါတယ်။ ကျွန်တော်အပါအ၀င် First time blogging လုပ်တဲ့ blogger တွေမှာ ဖြစ်တတ်တာလေးတွေပါ။ video ကို ကြည့်လိုက်ရင် သူဘာကို ဆိုလိုလဲ ဆိုတာ နားလည်ပါလိမ့်မယ်။ ကြည့်ပြီးရင်တော့ ရှောင်သင့်တာရှောင် ဆောင်သင့်တာဆောင်ဖို့ Idea တော့ ရမယ်ထင်ပါတယ်။
ဒီမှာ ကြည့် လိုက်ပါ
သူပြောထားတာလည်း တကယ် လက်တွေ့ကျပါတယ်။ Newbie တွေမှ မဟုတ်ပါဘူး Blogging လုပ်နေတဲ့ Blogger တိုင်း လိုက်နာသင့်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို မြန်မာ Blogger တွေအတွက် CBox လိုမျိုး Tool ကတော့ ချွင်းချက်ပေါ့လေ။ အဓိက ပြဿနာက Loading Time ပဲ။ အရင်တုန်းက ကျွန်တော် Loading Time မြန်အောင်ဆိုပြီး Cbox ကို အပြင်ကို ထုတ်သေးတယ်။ Loading မှာတော့ နဲနဲမြန်တာပေါ့လေ။ ဒါပေမဲ့ တစ်ခြားဘက်မှာ ပြန်ကြည့်ရင် ပျင်းလာတယ်။ ဒီလိုဗျာ ... ကိုယ့် blogမှာ CBox မထားဘဲနဲ့ သူများ blogကို သွားလည်ကြည့်။ သူများတွေ အော်ထားတာ ပြောထားတာတွေကြည့်ရင် ကိုယ်လည်း နဲနဲတော့ Lonly ဖြစ်သလိုခံစားရလိမ့်မယ်။ ကျွန်တော့်အမြင်ပေါ့လေ။ နောက်ပြီး တစ်ချို့ web site တွေကို ကျွန်တော် ဒီကနေ Browse လုပ်တာတောင် တက်တာအရမ်းကြာတယ်။ စဉ်းစားကြည့်တယ် မြန်မာပြည်က Internet connection နဲ့ browse လုပ်မယ်ဆိုရင် ... rolleyes

Blogs တွေကို ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ရေးကြတာပါ။ ဒါပေမဲ့ Blogging Standard လေးတွေရှိရင် ပိုပြီးကောင်းမယ်ထင်ပါတယ်။ ဥပမာ ငယ်ငယ်တုန်းက လေးကြောင်းမျဉ်းနဲ့ ၀ လုံးလေး စနစ်တကျ ရေးတတ်အောင် သင်သလိုပေါ့။ "မင်းကရော Standard ဘယ်လောက်ရှိလို့လဲ" မေးရင်လည်း ကျွန်တော်ဖြေမှာက သုညပါ။ ဟုတ်ပါတယ် ကျွန်တော်လည်း ရအောင် ကြိုးစားနေဆဲပဲ razz ဒါပေမဲ့ တော်တော်ဝေးပါသေးတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဘလော့ဟာ Usability Standard နဲ့ ကိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Visitor က ကိုယ့်ကို Impress ဖြစ်တာပေါ့။ "ငါ့ Blog ငါလုပ်တာ ဘယ်သူမှ အရေးမလုပ်ဘူး" ဆိုရင်တော့ တစ်မျိုးထားလိုက်ပါ wink လူအမျိုးမျိုး စိတ်အထွေထွေပဲလေ။ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲမှာ တစ်ခုဖြစ်မိတာက မြန်မာ Blogger Site တွေကို တစ်ခြား Blogger တွေက ကြည့်လိုက်တာနဲ့ Impress အရမ်းဖြစ်စေချင်တယ်ဗျာ။

ဒါဆို Standard ရလာဖို့အတွက် ဘယ်လိုလုပ်ရမလဲ မေးရင်တော့ အဖြေက တစ်ခုပဲ ရှိပါတယ်။ "စု တု ပြု" ပါ။ အချိန်ရရင် ဘလော့နဲ့ ပက်သက်တဲ့ Tips တွေကို လိုက်ဖတ်ဖို့ အကြံပြုချင်ပါတယ်။ မအားဘူးဆိုရင်လည်း ကိုယ့်ရဲ့ RSS Reader မှာ အဲဒီ web site ကို Subscribe လုပ်ထားပြီး၊ ပြီးမှ နားအေးပါးအေးဖတ်လည်း ရတာပဲ။ ဥပမာ ပြောရရင် Problgger.net, DailyBlogTips ... စသည်ဖြင့် blog Tips တွေကို အသားပေးပြီးရေးတဲ့ Web blog မျိုးပေါ့။ ဖတ်ရတာ ကိုယ့်အတွက်လည်း အများကြီး ကျန်တယ်လေ။ ကျွန်တော်ဆို အင်တာနက်သုံးတိုင်း အဲဒီ site တွေကို ၀င်ဖြစ်တယ်။ နောက်ပြီး ကိုယ်သိသလောက် ဘလော့မှာ ပြန်ပြီး Sharing လုပ်တယ်။ ကိုယ် တစ်ယောက်တည်း သိထားလို့ ဘာလုပ်မှာလဲ။ နောက်ပိုင်းလည်း အဲလိုလုပ်ဖြစ်ဖို့ များပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ တစ်ခြားအကြောင်းအရာတွေကို ရေးဖို့လည်း စိတ်မပါဘူးဖြစ်နေတယ်။ ဒါ့ကြောင့် နောက်ပိုင်း ကျွန်တော့် ဘလော့မှာ Tips နဲ့ Tutorial တွေ Blog Notes တွေကိုပဲ တွေ့ရပါလိမ့်မယ်။ Personal ကိုတော့ စိတ်ပါရင် ကြားထဲမှာ ညှပ်ညှပ်ပြီး ရေးသွားပါမယ်။ ပို့စ်တောင်နည်းနည်း ရှည်သွားပြီ smile

ရေးသားထားတဲ့ အချက်အလက်များအပေါ်မှာ ပွင့်ပွင့်လင်းလင်း ပြောဆိုဝေဖန်နိုင်ပါတယ်။ ကိုယ်လုပ်ထားတဲ့ အလုပ်တစ်ခုအတွက် Response တစ်ခုလောက်ပဲ ရတယ်ဆိုရင် ကျေနပ်ပါပြီ။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ကွဲလွဲနိုင်တယ်လေ။ အဲဒါကြောင့်မို့ပါ။ နောက်တစ်ခုက သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ် အဲလို Tips တွေကို ဘလော့မှာရေးရင် သိပြီးသားဖြစ်တဲ့ ဆရာကြီးတွေက ရီမှာပေါ့တဲ့။ သူတို့ရီတာက ကျွန်တော့်အတွက် အလုပ်မဟုတ်ပါဘူး။ သူတို့အတွက်လည်း ဘလော့ရေးနေတာ မဟုတ်ပါဘူး။ အဓိကက မသိသေးတဲ့ လူတွေ သိသွားရင် ရေးရတာ ကျေနပ်ပြီ။ နာမည်ကြီးပြီး ကျေးဇူး အတင်ခံချင်လို့လည်း မဟုတ်ဘူး။ Sharing လုပ်ရတာကို ၀ါသနာပါလို့။

သြော် ... မေ့သွားတယ်။ Loading Time နဲ့ ပက်သက်ပြီး အသုံးဝင်တဲ့ website နှစ်ခုကို sharing လုပ်ချင်ပါသေးတယ်။ ကိုယ့် ဘလော့ရဲ့ Loading Time ကို Test လုပ်ချင်တယ်ဆိုရင် အောက်ဖော်ပြပါ website တွေမှာ သွားရောက် စမ်းသပ်နိုင်ပါတယ်။ Tips တွေကိုလည်း သေချာဖတ်ကြည့်စေချင်ပါတယ်။
http://www.linkvendor.com/seo-tools/speedtester.html
http://blog.auinteractive.com/website-optimization-speed-up-loading-time
အဲ ... စာဖတ်တာနဲ့ ပက်သက်ပြီး နဲနဲတော့ စကားကြော ရှည်လိုက်ဦးမယ်ဗျာ။ ဟိုတလောက ကျွန်တော့် ဘလော့မှာ antivirus တွေနဲ့ ပက်သက်တဲ့ post တစ်ခုကို တင်ဖူးတယ်။ ပို့စ်နဲ့ အတူတူ စိတ်ဝင်စားစရာကောင်းတဲ့ Site တစ်ချို့ကို လမ်းညွှန်ပေးထားတယ်။ နောက်ပြီး kaspersky antivirus software ကိုလည်း Download ပေးထားတယ်။ အဲဒီပို့စ်မှာ .... Download Link ကျတော့ နှိပ်တဲ့ အနှိပ် ပေးထားတဲ့ Link ကလေး ကျိုးမှာတောင် စိုးရိမ်ရတယ်။ virus နဲ့ ပက်သက်ပြီး Tips တွေရှိတဲ့ websites ကျတော့ နှိပ်ဖို့တောင် မေ့နေတယ် sad ကဲ ... ရပ်ပြီဗျာ ဖတ်ရတဲ့သူလည်း မျက်စိညောင်းလောက်ပြီ။ ကျန်းမာ ရွှင်လန်းပါစေ။ Happy Blogging


ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

Posted in Labels: | 0 comments

Tracking and Displaying Online Visitors

ကိုယ့်ရဲ့ Blog မှာ Vistor ဘယ်နှစ်ယောက်လာပြီး ဖတ်နေလဲဆိုတာကို သိနိုင်ဖို့အတွက် Online visitor Counter တွေကို အသုံးပြုနိုင်ပါတယ်။ ဒီလို Online Counter မျိုးတွေကတော့ Popular ဖြစ်တဲ့ Website တွေအတွက် ပိုပြီးသင့်တော်ပါတယ်။ ဥပမာ ... TechCrunch လိုမျိုးပေါ့။ အဲဒီ site ကိုကြည့်လိုက်တာနဲ့ အနည်းဆုံး Visitor 300 လောက်ကတော့ Online အမြဲတမ်း ရှိနေတတ်တယ်။ နောက်ပြီး Reader များတဲ့ Blog တွေမှာ ထည့်ရင် visitor/reader ရဲ့impression ကိုလည်းပိုပြီးတော့ ရစေပါတယ်။ Popular ဖြစ်တဲ့ Online counters တွေထဲမှာမှ အခုနောက်ပိုင်း လူသုံးအများဆုံး ဖြစ်လာတာတွေကတော့ ...

  1. whos.amung.us
Popular အဖြစ်ဆုံး service တစ်ခုပါ။ Signup လုပ်ဖို့မလိုပါဘူး။ တစ်ခါတည်း Code ကိုယူပြီး ထည့်သုံးရုံပါပဲ။ TechCrunch မှာလည်း ဒီ counter ကိုပဲ သုံးထားတာ တွေ့နိုင်ပါတယ်။ အခု Color Theme ရွေးတဲ့ Feature ပါ ပါလာတယ်။ နောက်ပြီး အရင်နေ့တွေက past status တွေကိုပါ ပြန်ပြီး checking ပြန်လုပ်နိုင်ပါတယ်။

  1. 24log.com
Registration လိုအပ်ပါတယ်။ Button style နဲ့ Color တွေကို ရွေးချယ်ခွင့် ပေးထားပါတယ်။ Online Time (eg. 1min, 2min etc...) အတွင်းမှာ Visitor ဘယ်လောက်လာခဲ့သလဲ ဆိုတာမျိုး သတ်မှတ်ပြီးတော့လည်း အသုံးပြုနိုင်ပါတယ်။

  1. neocounter
signup လုပ်ဖို့လိုပါတယ်။ ကိုယ့်blogကို လာလည်တဲ့ Visitor ရဲ့ နိုင်ငံအလိုက် Flag လေးတွေနဲ့ ပြပေးတဲ့ Feature ကလည်း သုံးချင်စဖွယ်ဖြစ်အောင် ဆွဲဆောင်ထားပါတယ်။ neocounter အပြင် neoEarth, neoFlags, နှင့် neoBoard စတဲ့ service တွေကိုလည်း အသုံးပြုနိုင်ပါသေးတယ်။

  1. freeonlineusers.com
signup လိုပါတယ်။ Tracking Feature ပါပါတယ်။ domain တစ်ခုထက်မက ပိုပြီးတော့သုံးနိုင်ပါတယ်။ Blog များစွာ ပိုင်ဆိုင်တဲ့သူတွေအတွက် ပိုသင့်တော်ပါလိမ့်မယ် wink

  1. myonlineusers.com
signup လုပ်စရာ မလိုပါဘူး။ Coding ယူပြီး တစ်ခါတည်း အသုံးပြုရုံပါပဲ။ Online ဘယ်လောက်ရှိလဲဆိုတာ ပြရုံသက်သက်ပါပဲ။ တစ်ခြား Features တွေ မပါပါဘူး။

ကျန်ခဲ့၊ လိုအပ်ခဲ့တာလေးများရှိခဲ့ရင်လည်း comment မှာ ရေးပေးနိုင်ပါတယ်။

ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

Posted in Labels: | 0 comments

အရက်တို့၏ သဘော သဘာဝ


၁။ ပထမတွင် စိတ်ထဲမှာ ပျော်လာသည်။ စကားများလာသည်။ ၀ိုင်းဖွဲ့၍ အပေါင်းအသင်းများလာ လေလေ လက်ပံပင်ကို ဆက်ရက်ကျသလို ရှိသဖြင့် ဆက်ရက်မင်းစည်းစိမ်ဟု ခေါ်ပါသည်။

၂။ ဒုတိယအဆင့်တွင် စိတ်ဓာတ်ကြွလာသည်။ ဒေါသဖြစ်လာသည်။ ရန်လိုလာသည်။ ရမ်းချင်လာသည်။ ဘီလူးစည်းစိမ်ဟုခေါ်ပါသည်။

၃။ အမူးလွန်ပြီး အိပ်ပျော်သွားသည်။ တွေ့ရာနေရာတွင် အိပ်ပျော်သွားသည်။ တော်တော်နှင့် မနိုးတော့ပါ။ နဂါးမင်းစည်းစိမ်ဟု ခေါ်ပါသည်။

၎။ အိပ်ရာမှ နိုးသော် အမူးမပြေသေးဘဲ ခေါင်းကိုက်လာသည်။ ရေငတ်လာသည်။ စိတ်ဓာတ်ကျပြီး မရွှင်မလန်းဖြစ်လာသည်။ အရက်မူးစဉ်က ကြမ်းခဲ့ရမ်းခဲ့သည်များကို ပြန်သတိရမိပါက နောင်တရသလို ဖြစ်လာသည်။ အရက်နာကျပြီး လင်းတမှိုင်သလို ဖြစ်နေသဖြင့် လင်းတမင်း စည်းစိမ်ဟု ခေါ်ပါသည်။

လူငယ်နှင့်ကျန်းမာရေး - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)

ဆက်ရက်မင်းစည်းစိမ်လောက်ထိပဲ ကောင်းပါတယ်။ လင်းတမင်းစည်းစိမ်ထိ ရောက်သွားရင်တော့ မကောင်းတော့ဘူး။ မနေ့ကတော့ ရထားထဲမှာ နဂါးမင်းနဲ့ တွေ့လိုက်သေးတယ် (နဂါးတောင် ရိုးရိုးနဂါးမဟုတ်ဘူး ဆံရှည်နဂါး )။ ရထားထဲ မူးနေတယ် အဓိပ္ပာယ်မဲ့တာ ... အနံ့လေးတွေမှ လှိုင်နေတာပဲ (ဝေါ့)။ နောက်ပိုင်း ဘယ်စည်းစိမ်ထိ ရောက်သွားလဲတော့မသိဘူး။

ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

Posted in | 0 comments

ခွေးဟောင်တိုင်း ကျောက်ဆောင်မပြိုပါဘူး

အခုတစ်လော မြန်မာဘလော့ဂါ အထူးသဖြင့် မန္တလေးဘလော်ဂါတို့၏ cbox များ၌ "မန္တလေးဘလော်ဂါတွေကို ကျိုင်းထောက်တပ်တဲ့ ကိုယ်တော်တွေ စောင့်ကြည့်နေကြပြီ၊ သတိထားကြပါ" ဟုဆိုပြီး လူတစ်ယောက် ၀င်ဝင်အော်သွားတာ တွေ့နေရပါတယ်။ IP address ကိုကြည့်လိုက်တော့ UK ကဖြစ်နေတယ်။ ယုံတောင် မယုံချင်ဘူး။ သူက UK မှာရှိတာ ဘယ်နှယ့်ကြောင့် မန္တလေးက အကြောင်းတွေကို သိနေရတာလည်း ? စဉ်းစားစရာ။ နောက်ပြီး တစ်ခုရှိတာက ... ip address ဆိုတာက အခုနောက်ပိုင်း နည်းပညာတွေတိုးတက်လာတာနဲ့ အမျှ ip တွေကို ပလီပြီး ပြောင်းထားလို့ရပါတယ်။ ဥပမာ ... Hide IP လို software တွေကိုသုံးပြီး ၀င်မယ်ဆိုရင်တော့ အဲဒီလူရဲ့ original ip ကိုသိဖို့မလွယ်ပါဘူး။ အဲဒါကြောင့် ဘယ်ဟာမှ ပုံသေတော့ တွက်ထားလို့ မရနိုင်ပါဘူး။ ထားပါလေ။ အဓိက ပြောချင်တာကတော့ ဘလော့ဆိုတာ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့နေရာ၊ ကျိုင်းထောက်တပ် ကိုယ်တော်တွေ စောင့်ကြည့်နေတိုင်းသာ ဘလော့မရေးရဘူးဆိုရင်တော့ ငုတ်တုတ်မေ့ရုံပဲ ရှိတော့မပေါ့။

ဘလော့ဆိုတာ ကိုယ့်ရဲ့ စိတ်ဖြေရာ၊ နည်းပညာဖြန့်ဖြူးရာ၊ ပညာဆည်းပူရာ စသည်ဖြင့် လိုသလို အသုံးပြုနိုင်တဲ့ အင်တာနက်ပေါ်က နေရာလေးပါ။ သတိပေးတာတွေ ခြိမ်းခြောက်တာတွေကိုတော့ ဘယ်သူမှ လက်ခံနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အဲဒီလိုလုပ်ရပ်တွေကို လုံးဝ လုံးဝ ကန့်ကွက်ပါတယ်။ နောက်ပြီး အဲဒီ message တွေကို မြင်ပြီး ကြောက်လန့်နေစရာလည်း မလိုပါဘူး။ နောက်ထွက်လာမည့် ဘလော့လုပ်ဖို့ ပြင်ဆင်နေသော ညီအစ်ကို မောင်နှမများလည်း ဆက်လက်ရေးသားကြပါ။ ခွေးဟောင်တိုင်းလည်း ကျောက်ဆောင်မပြိုပါဘူး။ ကိုယ့်ခံစားချက် ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်ပဲ ဆက်လုပ်ရေးသားကြပါလို့ ခင်မင်လေးစားစွာ တိုက်တွန်းချင်ပါတယ်။

နောက်တစ်ခုကတော့ ... ဘလော့တွေရဲ့ cbox မှာ တစ်ခြားဘလော့ဂါတွေရဲ့ နာမည်တွေကို သုံးပြီး မြန်မာဘလော့ဂါအချင်းချင်း စိတ်ဝမ်းကွဲအောင် ဂုံးတိုက်ပြီး ဆဲတာတွေကိုလည်း တွေ့နေရပါတယ်။ အင်မတန်မှ အောက်တန်းစားဆန်ပြီး ယုတ်မာတဲ့စိတ်ဓာတ်ဖြစ်ပါတယ်။ လုံးဝ လုံးဝ ကန့်ကွက် ရှူံ့ချပါတယ်။ အမြင့်ရောက်လာတာနဲ့ အမျှ မနာလိုဖြစ်ကြပြီး အောက်နေ ဒုတ်နဲ့ ထိုးချချင်ကြတယ်။ မြန်မာလိုတွေဆဲလို့ တော်သေးတာပေါ့။ အင်္ဂလိပ်လိုတွေများဆဲပြီး တစ်ခြားဘလော့ဂါတွေကများ တွေ့သွားရင် မြန်မာဘလော့ဂါတွေအတွက်တင်မကပဲ မြန်မာလူမျိုးတွေအတွက်ပါ အင်မတန် ရှက်စရာကောင်းလှပါတယ်။ အဲဒီဆဲတဲ့လူတွေကိုလည်း ဒီနေရာကနေပဲ တစ်ခါတည်းပြောလိုက်ပါရစေ။ အဖေမြန်မာ အမေမြန်မာဆိုရင်တော့ ယဉ်ကျေးပါ။ မေတ္တာတရား မုဒိတာတရားထားပြီး ဆက်ဆံကြပါလို့ တောင်းဆိုပါတယ်။ အကျိုးအမြတ်မရှိ သူများကိုလည်း ထိခိုက်တဲ့အလုပ်တွေကို ဆက်မလုပ်ဖို့ မေတ္တာရပ်ခံပါရစေ။

အိန္ဒိယက ဘလော်ဂါတွေကို ကျွန်တော်အရမ်းအားကျတယ်။ တကယ်ကိုပဲ စည်းလုံးကြတယ်။ သူတို့ရဲ့ community ဟာဆိုရင်လည်း တစ်နေ့တစ်ခြား ကြီးထွားလာနေတာ တွေ့ရပါတယ်။ အချင်းချင်း ရိုင်းပင်းတယ်၊ ကူညီတယ်၊ တလေးတစား ဆက်ဆံကြတယ်။ ကျွန်တော်တို့ အခုတွေ့နေရတာက အဲဒီလူတွေနဲ့ တစ်ခြားစီဖြစ်နေတယ်။ ပွဲဆူအောင်လုပ်တယ်၊ ဆဲတယ်၊ သပုတ်လေလွင့် လျှောက်ပြောတယ်။ စဉ်းစားကြည့်လေ ရှက်စရာကောင်းလေပါပဲ။ ကျွန်တော်တို့ မြန်မာလူမျိုးရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့၊ ယဉ်ကျေးမှု တစ်ခုထဲမှာ လူအချင်းချင်း မုဒိတာပွားပြီး ရိုင်းပင်ကူညီကြတာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ "လူဆိုတာ အရှက်နဲ့လူလုပ်တာ မဟုတ်ဘူး .. အသက်နဲ့လူလုပ်တာ" လို့ပြောမယ်ဆိုရင်လည်း အဲဒီ "အသက်" တည်တံ့ဖို့အတွက် "အရှက်တရား "လည်း လိုအပ်ပါတယ်။ အရည်မရ မဖတ်မရ သူများတကာကို လိုက်လံဆဲဆိုပြီး ရှူံ့ချနေမည့်အစား မုဒိတာပွားပြီး ဘာမှမပြောပဲနေလိုက်တာမှ ကုသိုလ်ရနိုင်ပါသေးတယ်။ အခုတော့ ကိုယ့်အကုသိုလ် ကိုယ့်ဘာသာ မီးထွန်းပြီး ရှာနေသလိုဖြစ်နေတယ်။

အကျဉ်းပြန်ချုပ်လိုက်မယ်ဆိုရင် မြန်မာဘလော့ဂါ community ကြီး တစ်နေ့တစ်ခြား ကြီးထွားလာတာနဲ့ အမျှ မနာလိုမှုတွေ၊ တိုက်ခိုက်မှုတွေ၊ သပုတ်လေလွင့် ပြောဆိုမှုတွေကို ကျွန်တော်တို့ ရင်ဆိုင်လာရပါမယ်။ အဲဒီအတွက် နောက်မဆုတ် အလျော့မပေးကြဘဲ ကြံ့ကြံ့ခံပြီး ရှေ့ကိုဆက်လက်ချီတက်ကြဖို့ တိုက်တွန်းပါတယ်။ အဲဒီလို မြန်မာဘလော့ဂါတွေအချင်းချင်း ရိုင်းပင်းကူညီပြီး၊ တလေးတစား သူဖြူတယ်၊ ကိုယ်မဲတယ်၊ မခွဲခြားဘဲ စည်းစည်းလုံးလုံးလုပ်ဆောင်မှသာ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ ရွှေမြန်မာတို့ရဲ့ မြန်မာဘလော့ဂါ community ကြီးတစ်ခု ပီပီပြင်ပြင်ပေါ်ပေါက်လာမှာပါ။ အဲဒါကြောင့် "ခွေးဟောင်တိုင်းလည်း ကျောက်ဆောင်မပြိုပါဘူး" ဆိုတဲ့မူကို နှလုံးသွင်းပြီး ရှေ့ကိုဆက်လိုက်ချီတက်ကြပါစို့လို့ မြန်မာဘလော့ဂါ ညီအစ်ကို မောင်နှမများကို ခင်မင်လေးစားစွာ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ။

ကျန်းမာပျော်ရွှင်ပါစေ
ကိုချမ်းမြစိုး
http://cmsmdy.blogspot.com
မှကူးယူဖော်ပြပါသည်။

မြန်မာစာ ကို ဘရောဇာ တွေမှာ ပီပီသသ ပေါ်အောင်

ကျွန်တော် တို့ သုံးနေတဲ့ စာမျက်နှာတွေမှာ မြန်မာစာ ပီပီသသ၊ ဒါမှမဟုတ် ပုံစံကျန မှန်ကန်စွာပေါ်ပြီးတော့ ဖတ်ရှုနိုင်အောင် လို့ ဒီအကြောင်းကို ရေးလိုက်တာပါ။ အရင်တုန်းကတော့ Tool ကိုဝင် options ကနေ Content မှတဆင့် advanced ဖြတ်ပြီး ဇော်ဂျီ သုံးသူက ဇော်ဂျီ၊ တခြား ယူနီကုဒ့် သုံးသူက သူသုံးတဲ့ စာလုံးကိုရွေးပြီးတော့ Default Charater Encoding မှ Unicode ( UTF-8 )ကို သတ်မှတ်ပြီးတော့ အသုံးပြုခဲ့ကြပါတယ်။ ဒါဟာ တကယ်ဘဲ မြန်မာ စာလုံး တွေကို
ပီပီသသ၊ကျကျ နန ပေါ်အောင် မစီမံနိုင်ခဲ့ဘူး။ ဒါဆိုရင် မြန်မာစာလုံးတွေ အထောက်အကူပြုအောင် ဘယ်လို လုပ်ရင်ရမလဲ....


firefox မှာဆိုရင် about:config ကို လိပ်စာဘားမှာထည့်ရိုက်ပြီးသွားတော့ သွားလိုက်ပါ။ ပြီရင် သူ့ရဲ့ config... ပေါ်လာတာကို တွေ့ ရမှာပါ။ သူ့နည်းတူ လိပ်စာဘားရဲ့ အောက်နားလေးမှာ fliter ဆိုပြီး စာလုံးတွေ အစပြုပြီးသူ့ရဲ့ဘေးနားမှာ ကွက်လွပ်လေးရှိတာကိုပါမြင်ရမှာပါ။ အဲဒီ့ကွက်လွပ်လေးထဲမှာ font ဆိုပြီးတော့ ရိုက်ထည့်လိုက်ပါ။ ပြီးရင် enter ခေါက်လိုက်ရင်သူမှာသုံးနေတဲ့ စာလုံးတွေအားလုံးစီတန်းပြီးတော့ ပေါ်လာတာကိုတွေ့ရမှာပါ။ အဲဒီထဲကမှ ယူနီကုဒ် နဲ့ဆိုင်တာတွေကို ဇော်ဂျီလိုက်ပြောင်းပေးလိုက်ပါအုံး။ ဘယ်လိုပြောင်းမလဲဆိုတော့ unicode ပါတဲ့ စာကြောင်းတွေကို ၂ချက်နှိပ်ရင် လက်ရှိသူသုံးနေတဲ့ ဖောင့် ပေါ်လာပါမယ်။ ဒါကို ဇော်ဂျီကိုပြောင်းပေးပါ။ ပုံမှာပြောင်းရမဲ့နေရာတွေကိုပြထားပါတယ်။

အဲဒီမှာ တခုဘဲပြဿနာရှိတာက ကိုယ်က ဇော်ဂျီသုံးထားရင် မြစေတီတို့၊ မြန်မာ ၃၊ မြန်မာ ၂၊ မိုင်မြန်မာတို့ ကိုဖတ်မယ် ဆိုရင်၊ သူတို့ စာလုံးတွေ သုံးတဲ့ နေရာတွေမှာ စာလုံးဒီဇိုင်းရေးထားခြင်း မတူညီတဲ့ ပြဿနာကြောင့် စာလုံးသေချာစွာမြင်ရနိုင်ပေမယ့်၊ သူတို့သုံးတဲ့ပြီးရေးထားတဲ့ စာမျက်နှာဟာ မညီမညာတခါတလေမှာ ဖြစ်လာတတ်ပါတယ်။ သူတို့သုံးတဲ့ပြီးရေးထားတဲ့ စာမျက်နှာ အားလုံးတော့မဟုတ်ပါဘူး။ တချို့သော နည်းပညာအားနည်းပြီး၊ ရေးထားတဲ့စာမျက်နှာတွေမှာ ကျပါ။ ကဲ...ပိုပြီးတော့ သေချာသွားအောင်..... Tool ကိုဝင် options ကနေ Content မှတဆင့် advanced ဖြတ်ပြီး၊ အားလုံးကို ဇော်ဂျီ စာလုံးရွေးပြီးတော့ Default Charater Encoding မှ Unicode ( UTF-8 )ကို
ပေးလိုက်ပါ။

ဒါဆိုရင်တော့ Firefox မှာ ဇော်ဂျီသုံးနေသူတွေအတွက်တော့ စာလုံးပုံစံ ပိုလှ၊ ပိုပေါ် သွားတာကိုကျကျ နန လက်တွေ့ မြင်လာမှာပါ။

နောက် ၀င်းဒိုးလ် တိုင်းမှာပါနေကြ IE မှာဆိုရင်တော့



body

{

font-family:Zawgyi-one, ZawgyiOne, Zawgyi1,
Courier, mono, Arial, Helvetica, sans-serif;

}

input, select , textarea

{

font-family:Zawgyi-one, ZawgyiOne,
Zawgyi1, Courier, mono, Arial, Helvetica, sans-serif;

}

ကို notepad, wordpad နဲ့ တခြား CSS ရေး ပရိုဂရမ်တွေမှာ ရေပြီးတော့ ie.css ဆိုပြီးတော့ နံမည်ပေးပြီးတော့ Drive:C ထဲကနေ progrm files ရဲ့ Internet Explorer အောက်မှာသွားသိမ်းလိုက်ပါ။ သိမ်းပြီးသွားရင် IE ကိုဖွင့်ပြီးတော့ Tool ထဲက Internet option ကိုရွေးပြီး Accessibility ကို နှိပ်ကာ Ignore Font Style specified on webpages ကို check လုပ်လိုက်ပါ။ နောက်ပြီးတော့ Format documents using my style sheet ကို check လုပ်ပြီးတာနဲ့ သူ့အောက်က ညာဘက်ခြမ်းက Browse ကိုနှိပ်ပြီး၊ Drive:C ထဲကနေ progrm files ရဲ့ Internet Explorer အောက်မှာသွားသိမ်းထားခဲ့တဲ့ ie.css ကို open လုပ်လိုက်ပြီးရင် ok, ok ဆိုပြီး ပြန်ပိတ်လိုက်ပါ။ ဒါဆိုမြန်မာစာလုံးတွေကို IE မှာ စနစ်တကျတွေ့ရမှာပါ။

ဖြစ်နိုင်ရင်တော့ စက်ကိုပိတ်ပြီးတော့ ပြန်ဖွင့်ကာ မြန်မာစာလုံးတွေကို သွားရောက် ဖတ်ရှုနိုင်ပြီ၊ ဖြစ်ပါတယ်။

creditး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံး

ကိုမင်းကျော်

(Blog http://kminnkyaw.blogspot.com )
မှကူးယူဖော်ပြပါသည်။

Posted in Labels: | 0 comments

ဘာလဲဟဲ့ Blog, Blogger, Blogging ဆိုတာ

Blog ဆိုတဲ့ စကားလုံးပေါ်လာတာ လွန်ခဲ့တဲ့ ၈နှစ်ကပါ။ Blog ဆိုတာ Web Log ရဲ.အတိုကောက်ပါ။Web က B နဲ့ Log မှ log ကိုပေါင်းစည်းပြီး Blog လို့ ယေဘုယျခေါ်ဆိုတာပါ။

Blog ဟာ အင်တာနက် စာမျက်နှာတွေ ထဲကတခု ဖြစ်ပေမယ့်၊ သူ့မှာ အစီအစဉ် တကျ စီစဉ်ထားတဲ့ နေ့ရက်၊ အချိန်၊ အက္ခရာစဉ်က စပြီးတော့ သက်ဆိုင်ရာ ခေါင်းစဉ်များ အလိုက်၊ အမျိုးအစားများ အလိုက်၊ ပုံစံတူများ အလိုက်၊ စသည်ဖြင့် စနစ်တကျ ပါရှိ ပါတယ်။ Blog တစ်ခုကို ဖန်တီးဖို့ Html ၊ java script စတဲ့ ၀ဘ်ဆိုက်ရေးနည်းများကို အထူးသင်ကြား နေစရာ မလိုဘဲBlog host များက ပေးထားတဲ့ စာမျက်နှာများမှာ လွယ်ကူစွာ အဆင်သင့် ၀င်ရေးလိုက်နိုင်ပါတယ်။ နောက်ပြီးတော့ လာရောက် လည်ပတ်ကြသူတွေ ကိုလည်း ပွင့်လင်းစွာ၊ အရှိကို အရှိအတိုင်း၊ အမြင်ကို အမြင်အတိုင်း ရေးသားနိုင်အောင် စီစဉ်ထားပေး ထားတာဟာ တခြားသော အင်တာနက် စာမျက်နှာတွေနဲ့ ကွာခြားစေတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။


Webster အဘိဓာန်မှာတော့ Blog ကို "ဒိုင်ယာရီ၊ အင်တာနက် စာမျက်နှာပေါ် တင်ထားတဲ့ ကိုယ်ရေး ကိုယ်တာတွေလို့ ဖွင့်ဆို ထားပါတယ်။ ဒါကြောင့် တချို့သော သူများက Blog ကို အင်တာနက်ပေါ်မှ ကိုယ်ရေးခံစားချက် စာမျက်နှာများ သို့မဟုတ် ကိုယ်ရေး မှတ်တမ်းများလို့ မြန်မာလို အတတ်နိုင်ဆုံး တူအောင်၊ ဆီလျော်အောင် အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

BLog မှာ မိမိ ရေးသား ထားတာတွေကို မိမိတစ်ဦးတည်းသာဖတ်ရှု နိုင်စေရန်၊ မိမိရဲ့ Blog ကို တပါးသူများ မဖတ်ရှု နိုင်စေရန်၊ ဒါမှမဟုတ် ဖိတ်ကြား ထားသူများသာ ၀င်ရောက် ဖတ်ရှုနိုင်ရန် တားဆီးထားနိုင်သလို၊ လူအများ ၀င်ရောက် ကြည့်ရှု နိုင်အောင်လည်း ဖွင့်ထား ပေးနိုင်တဲ့ အတွက် အဆင်ပြေလှပါတယ်။

ဒါဆိုရင် Blog တွေမှာ ဘယ်သူတွေ ၀င်ရေးနေပါသလဲ၊ တိုးတက်သော နိုင်ငံတွေရဲ့ လေ့လာချက်အရ အလုပ်သမားတွေ၊ ကျောင်းသားတွေ၊ ရဟန်း သံဃာတွေ ကစပြီး နိုင်ငံရဲ့ တာဝန်တွေကိုအမြင့်ဆုံး ယူထားကြတဲ့ ၀န်ကြီးကနေ သမ္မတ အထိ Blog စာမျက်နှာတွေ ကိုယ်စီ ရှိကြပါတယ်။ အာရှမှာ ဆိုရင် ဂျပန်၊ ကိုရီးယား ကစပြီးတော့ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ နဲ့ မလေးရှားတို့မှ ၀န်ကြီးတွေကပါ ကိုယ်ပိုင် Blog တွေကို ရေးသား လာကြပါတယ်။ မကြာခင်မှာ မြန်မာ ဘလော့ဂ်တွေလည်း အင်တာနက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် နေရာယူလာ ကြတော့မှာ ဖြစ်ပါတယ်။

Blogger ဆိုတာကတော့ Blog တခုမှာပါဝင် ရေးသားနေသူလို့ ယေဘုယျ မှတ်ယူနိုင်ပါတယ်။ Blogger တယောက်ဖြစ်ဖို့ လွယ်ပေမယ့်၊ အောင်မြင်တဲ့ Blogger တယောက်ဖြစ်ဖို့ အလွန်ခက်ခဲပါတယ်။ ၂၀၀၆ ခုနှစ်မှာ Blog စာမျက်နှာတွေရဲ့ စစ်တမ်းကို Technorati ( http://www.technorati.com ) ကုမ္မဏီက ကောက်ယူ ခဲ့ရာမှာ တစ်ကမ္ဘာလုံးမှာ Blog အရေအတွက် စုစုပေါင်း ၅၇သန်းကျော် ရှိနေပြီ ဆိုတာ တွေ့ရပါတယ်။ နာရီနဲ့အမျှ Blog တွေ များလာနေသလို၊ Blogger တွေလည်း တနေ့ထက် တနေ့ပိုများ လာပါတယ်။ သူတို့ကို အင်တာနက် ဂျာနယ်လစ်လို့ တောင်တင်စား ကြပါသေးတယ်။

မြန်မာ Blogger တွေမှာ လည်းရွက်ပုံးသီး စာပေသမားတွေ အများအပြား ရှိနေတာဟာလည်း မြန်မာစာပေလောကအတွက် အားရစရာပါ။ ခေတ်လူငယ် Blog စာရေးဆရာ တွေရဲ့ လက်ရာတွေဟာလည်း အာဝဇ္ဇန်းရွှင်ရွှင်၊ ပညာသားပါပါနဲ့ အနုပညာ ရသမြောက်လွန်းလို့ အံ့မခန်း လေးစားထိုက်သလို၊ သူ့ထက်ငါ တနေ့ထက်တနေ့ လက်စွမ်းပြ နေကြတာကိုက တရုပ်သိုင်းကား ကြည့်နေရသလိုလို၊ ကိုရီးယားကား အခန်းဆက် ဇာတ်ကား ကြည့်နေရလို ဖြစ်အောင် စွဲဆောင်နိုင်ကြပါလေရဲ့ .......

Blogging ဆိုတာကတော့ အခုလို အွန်လိုင်းပေါ်က Blog မှာ စာရေးသားကြတာမျိုးကို ခေါ်တာပါ။ နောက်ပိုင်း မှာတော့ Blogger တွေစုပြီး အကြောင်းအရာ တစ်ခုခုကို ဦးတည်ချက် ထားပြီး ဆွေးနွေးကြတာမျိုးကိုလည်း Blogging လို့ သုံးလာကြပါတယ်။

ဒါဆိုရင် Blog မှာ ဘာတွေကို ရေးသားကြ၊ ဘယ်လိုအမြင်တွေကို ဖလှယ်ကြပါသလဲ။ Blog မှာ လူတန်းစားမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ဘ၀မျိုးစုံက လူတွေက မိမိတနေ့တာ ဖြတ်သန်းသွားလာမှု၊ ခံစားမှု၊ ရှုမြင်မှု၊ သုံးသပ် ချက်တွေ၊ နည်းပညာဆိုင်ရာ သင်ကြားမှုတွေ၊ ဖန်တီးမှုတွေ၊ အောင်မြင်မှုတွေ၊ ဖျော်ဖြေရေး အစီအစဉ်ကစလို့၊ နိုင်ငံရေးဆိုင်ရာ သဘောထားတွေ အထိ Blog မှာ လာရောက်ရေးသား ရင်ဖွင့်ကြ၊ မှတ်တမ်းတင်ကြ၊ ဝေမျှကြ နဲ့ အကြောင်းအရာကဏ္ဍ စုံလင်လှပါတယ်။ Blog မှာ ဓါတ်ပုံများနဲ့ မှတ်တမ်းတင် ထားတဲ့ photoblog ကစပြီး၊ ဗီဒီယို မှတ်တမ်းများ တင်ထားတဲ့ vlog၊ စသည်ဖြင့် မိမိကြုံတွေ့ခဲ့ရ၊ မြင်ခဲ့ရ၊ ပါဝင်ခဲ့ရသော အဖြစ်အပျက်များ၊ ပြဿနာများ၊ အောင်မြင်မှုများ၊ ခရီးသွား မှတ်တမ်းများ၊ နည်းပညာ ဆိုင်ရာ အခြေအနေများ စသည်တို့ကို လျင်လျင်မြန်မြန်နဲ့ ထိထိ ရောက်ရောက် ရေးသား လွှင့်တင် နိုင်ကြတဲ့အတွက် Blog လောကဟာ တနေ့ထက်တနေ့ ပိုမို ကျယ်ပြန့်လာသလို၊ Blog တွေရဲ့ ရိုက်ခတ် မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ထိန်းသိမ်းဖို့ တချို့သော နိုင်ငံတွေမှာ ကန့်သတ်မှုတွေနဲ့ စတင်ပြုလုပ်နေရပြီ ဖြစ်ပါတယ်။ ဒါဆိုရင် Blogger တွေမှာရော စောင့်စည်းအပ်သော ကျင့်ဝတ်တွေ၊ ထိန်းသိမ်းအပ်သော ၀တ္တရားတွေ မရှိလိုလားလို့ မေးစရာ ရှိလာပါတယ်။ Blog နဲ့ Blogger တွေမှာ စောင့်ထိန်းရမဲ့ ကျင့်ဝတ်တွေ သိက္ခာတွေအသီးသီး ရှိကြပါတယ်။ စခါစကတော့ သာမန်လို့ သာပြောနိုင်လောက်ပါတယ်။ ကိုယ့်ရင်ထဲရှိတာ၊ ကိုယ့်စိတ်ထဲရှိတာ ချရေးလိုက်တဲ့ သဘောမို့ ဒိုင်ယာရီရေးတာနဲ့ တူပါတယ်။ ရေးကြ ပြောကြတဲ့ အကြောင်းအရာ အများစုကလည်း ပုဂ္ဂိုလ်ရေးသက်သက်က များပါတယ်။ “မာမီက ပြောတယ်၊ ဒီနေ့ မိုးရွာမယ်တဲ့” စတာမျိုး။ နောက်တော့ အများနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ (ပြောရရင်) လူထု အဖွဲ့အစည်း တစ်ခုလုံးနဲ့ ဆက်စပ်နေတဲ့ ကိစ္စတွေကိုပါ အချင်းချင်း အပြန်အလှန် ဆွေးနွေးကြတာ၊ ဝေဖန်ကြတာတွေ ရှိလာပါတယ်။ ဒီလိုနဲ့ပဲ Blog တွေ hot ဖြစ်လာကြတာပါ။

Blog ရဲ့ထူးခြားချက်က ဘာ အကန့်အသတ် အထိန်းအချုပ်မှ မရှိတာပါပဲ။ ဥပဒေနဲ့ ကန့်သတ်တာ ထိန်းသိမ်းတာ မပြောနဲ့၊ အယ်ဒီတာတောင် မရှိပါဘူး။ ကိုယ်ရေးချင်၊ ပြောချင်တာကို လွတ်လွတ်လပ်လပ် ချရေးကြတယ်။ များသောအားဖြင့် နာမည်ဝှက်နဲ့ ရေးကြတာ များလို့ မကျေနပ်တဲ့ လူတွေ ဘက်ကလည်း အရေးယူဖို့ မလွယ်ပါဘူး။ အခုလို အထိန်းအချုပ် မရှိလို့ ဗရမ်းဗတာဖြစ်တာမျိုး ရှိသင့်သလောက် ရှိပေမယ့် လွတ်လပ် ပွင့်လင်းတဲ့ သတင်း စီးဆင်းမှုကို အားပေးတာတော့ အမှန်ပါပဲ။ နိုင်ငံသား အခွင့်အရေး (citizen right) ကို အပြည့်အဝ အသုံးချကြတာမို့ နိုင်ငံသား ဂျာနယ်လစ် (Citizen Journalist) လို့ ခေါ်ကြတာတွေလည်း ရှိပါတယ်။မီဒီယာ လောက အနေနဲ့ Blogger တွေကို အလေးထား လာရတဲ့ ကိစ္စကတော့ သူတို့ရဲ့ “ခရာ မှုတ်သူ”(whistle blower) အခန်း ကဏ္ဍကြောင့်လို့ ဆိုပါတယ်။ C.B.S လို အကျော်ဒေးယျ မီဒီယာကြီးကိုတောင် Blogger တွေကဖွင့်ချခဲ့ဖူးလို့ မီဒီယာ တော်တော်များများက ဖြုံကြပါတယ်။ တပြိုင်နက်တည်းမှာပဲ မြေပေါ်မီဒီယာတွေ ဘယ်လိုမှ ရဖို့ မလွယ်လောက်တဲ့သတင်းဦး၊ သတင်းထူးတွေ ပေးနိုင်တာမို့၊ ဂျာနယ်လစ်တွေရဲ့ အားကိုးရာလည်း ဖြစ်သေးတယ်။ 'တံခါးဖွင့် စူးစမ်း လေ့လာကြတဲ့ သတင်းခန်းမ' (open-source newsrooms) တွေ အွန်လိုင်း ပေါ်မှာအပြိုင်းအရိုင်း ပေါ်လာတာဟာလည်း Blogger တွေရဲ့ကျေးဇူးကြောင့်လို့ ပြောစရာ ရှိပါတယ်။ အီရတ်စစ်ပွဲ အကြို ကာလလောက်ကစပြီး မီဒီယာလောကသာ မကတော့ဘူး နိုင်ငံရေးလောက ကပါ Blogger တွေကို အလေးထား စောင့်ကြည့် လာရတော့တယ်။ အထူးသဖြင့် ဘုရှ်အစိုးရရဲ့ အီရတ်စစ်ပွဲ ပေါ်လစီကို ဝေဖန်ထောက်ပြတဲ့ အမည်မသိဘလော့ဂါတွေရဲ့ သဘောထား အမြင်တွေဆိုရင် စစ်မဟာဗျူဟာ ပညာရှင် ဆိုသူတွေတောင် လက်ဖျားခါရတယ်လို့ ဆိုပါတယ်။ ပညာရှင် တချို့ကဆိုရင် ဘလော့ဂါ တွေကို ဆိုက်ဘာဒီမိုကရေစီကို လက်တွေ့ကျင့်သုံး နေကြတဲ့ ပထမဆုံး 'ခရု ဆိတ်တာ' တွေလို့တောင် အမွှန်းတင်ကြတယ်။ ဘာပဲဖြစ်ဖြစ် Blog စတာ ဘာမှ မကြာလှသေးပေမဲ့ အံ့သြလောက်အောင် ကျယ်ပြန့် လာတာတော့ သေချာပါတယ်။ အခုလောလောဆယ် ဝက်ဘ်ဆိုက် ပေါ်မှာ ဘလော့ပေါင်း ၅၇သန်းကျော် နေပြီလို့ သိရပါတယ်။ အမေရိကန် ပြည်ထောင်စု တခုတည်းမှာကိုပဲ ဘလော့ဂါ ပရိတ်သတ် (၃၂) သန်းထိ ရှိလာပြီလို့ ဆိုပါတယ်။ နယူးယော့ တိုင်းမ် ဂျာနယ်လစ် 'တောမတ် ဖရီးမင်း' ကတော့ Blog လှုပ်ရှားနေမှုကို 'တံခါးမရှိ၊ ဓားမရှိ စူးစမ်း လေ့လာရေး' (open-source) လို့ အကဲဖြတ်သလို၊ ကမ္ဘာကြီးကို အဖျားခတ်လိုက်တဲ့ နည်းပညာလှိုင်းရဲ့ ရိုက်ချက်တစ်ခု လို့လည်းဆိုနေပါကြောင်းပါကြောင်း ခင်ဗျာ။

ညလေးနဲ့ မိုးမခတို့၏ Blog ဆောင်းပါးများကိုထပ်မံဖြည့်စွတ်ထားပေးခြင်းပါ။
http://kminnkyaw.blogspot.com/
မှကူးယူဖော်ပြသည်။

Posted in Labels: | 0 comments