Customer is God တဲ့။ အခု ကျွန်တော် မြန်မာပြည်ရဲ့ Cyber Cafe တစ်ခုထဲမှာ အင်တာနက် သုံးနေတယ်။Google က အလကား ပေးထားတဲ့ service တစ်ခုကို သုံးနေတယ်။ ဒါဆို အခု ကျွန်တော် Cyber Café လေးရဲ့ God။Google ရဲ့ God ။ အံမယ်God မှ နှစ်ထပ်ကွမ်း God တောင် ဖြစ်လို့ပါလား။ တယ်ဟုတ်တဲ့ ငါပါလား။
အခု ဟောဒီ့ God လက်ဆယ်ချောင်းနဲ့ အံသြဖွယ်ရာ ပဉ္စလက် ကို ဖန်တီးနေတယ်။ စင်ကာပူက သူငယ်ချင်း တွေကို မြန်မာပြည်ထဲကနေ Gtalk ကနေ လှမ်း စကားပြောနေတယ်။ email တွေလှမ်းပို့နေတယ်။Google က အလကားပေးထားတဲ့ အတောင်ပံနဲ့ ကမ္ဘာတစ်ပတ်ပျံနေတယ်။ slow motion နဲ့ ပျံနေတယ်။ (မြန်မာပြည်မှာ အင်တာနက်သုံးရတာသိပ်နှေးတာကိုး။) ဘာပဲဖြစ်ဖြစ်လေ၊ God ကျေနပ်ပါတယ်။
ကမ္ဘာပြားပြီဆိုတာ တကယ် မှန်တာပဲ။ ဒီ အင်တာနက်ခေတ်ကြီးထဲမှာ ဘယ် မှာနေနေ အခွင့်အရေးက အတူတူပဲ။ တစ်ယောက် နဲ့တစ်ယောက် ဆက်သွယ်ဖို့ လွယ်လွယ်လေး ဆိုတာကို ကိုယ်တွေ့ကြုံလို့ ယုံသွားပြီ။ အရာရာကို ဖန်တီးနိုင်တယ်ဆိုတဲ့ ကျေနပ်မှု အရသာကို ပျော်ပျော်ကြီးခံစားနေရပြီ။ ဒီလိုနဲ့ ပျော်ပျော်ကြီး ကမ္ဘာတစ်ပတ်ပတ်နေတုန်းမှာပဲမီးက ရုတ်တရက်ပျက်သွားတယ်။ UPS ကမနိုင်ဘူးဗျာ။ ကွန်ပျူတာပိတ်သွားတော့တာပေါ့။ မီးကလဲ၊ ပျက်မှာဖြင့် ပြတ်ပြတ်သားသားပျက်ရောပေါ့။ ခုတော့မဟုတ်ဘူး။ God ဆိုင်ထဲက မထွက်ခင် မှာပဲ မီးကပြန်လာတယ်။ ဒါနဲ့ ပဲ God ကွန်ပျူတာ ပြန်ဖွင့်ပြီးGod ရဲ့ account ထဲပြန်ဝင်ရောဆိုပါတော့။ ခုနစ်မိနစ်လောက်ကြာတယ်။ ဒီလိုနဲ့  Gtalk ပြန်တက်ရုံပဲ ရှိသေးတယ်။ သောက်မီး ကထပ်ပျက်ပြန်ရော။ တောက်…EPC ကလူတွေကလဲ ဆော့စရာတော်တော်ရှားတယ်ထင်တယ်။ ဒီလောက်တောင်ဆော့ချင်နေလဲ…တောက်... ပြောလိုက်ရရင်မကောင်းဘူး။ UPS ကမနိုင်တော့ Computer က ထပ်ပိတ်သွားတော့တာပေါ့။ God တော်တော် စိတ်တိုသွားတယ်။ ကျေနပ်တဲ့ အရသာတွေ ဘယ်ပျောက်သွားမှန်း မသိဘူး။ စိတ်တိုတိုနဲ့ပဲ ကွန်ပျူတာဆီကနေ ခွာလိုက်တယ်။ ကမ္ဘာကလဲ နာရီဝက်လောက်ပဲ ပြားနိုင်တော့ တယ်။“စင်္ကာပူကအကောင်တွေ၊ မင်းတို့ဘာသာ မင်းတို့ ဆက်ပြားကြတော့၊ ငါကတော့ ပြန် လုံးပြီ” လို့ စိတ်ထဲကနေ ပြောလိုက်တယ်။ ပိုက်ဆံရှင်းတော့ ဆိုင်က အဲဒီလို ဖြစ်တာ သိသိကြီးနဲ့ နာရီဝက်စာ အပြည့် ယူတယ်။Google ကို ပိုက်ဆံမပေးခဲ့ရတဲ့God ခုတော့ ဘာမှသိပ်မလုပ်လိုက်ရပဲ Cyber Cafe ကို နာရီဝက်စာ အင်တာနက်သုံးခ အောင့်သက် သက်နဲ့ ပေးလိုက်ရပြီ။God တော်တော်စိတ် တိုသွားပြီးတော့ နောက်ဒီဆိုင်ကို ဘယ်တော့မှ မလာဖို့ ချက်ခြင်းဆုံးဖြတ်လိုက်တယ်။
Cyber Café ကနေစိတ်တိုတိုနဲ့ ထွက်လာပြီးတော့ God စာအုပ်ဆိုင်တဆိုင် ကိုဝင်လိုက်တယ်။ God က English သိပ်မကောင်းဘူး။ Vocabulary သိပ်မကြွယ်ဘူးဗျာ။ God “မသိမဖြစ်ဝေါဟာရများ” ဆိုတဲ့စာအုပ်တအုပ်တွေ့ တယ်။ အသုံးများတဲ့ English စကားလုံးတွေစုပေးထားတာလို့ God ထင်တယ်။ God လည်းစိတ်ဝင်စားသွားပြီးတော့ ပထမဆုံး စာမျက်နှာကို လှန်ကြည့်လိုက်တာပေါ့။ တွေ့ ပါပြီဗျာ။ မသိမဖြစ်စကားလုံးတွေ။ “တို့ တာဝန် အရေးသုံးပါး”တဲ့။ “ပြည်သူ့ သဘောထားတဲ့”။ တော်ပြီ၊တော်ပြီ၊ဒီစကားလုံးတွေကတော့ ကြားရတာများလွန်းလို့ လူမပြောနဲ့ ၊အိမ်ကရွှေဝါတောင်အလွတ်ရနေပြီ။ God ဘာစာအုပ်မှ မဝယ်ပဲ စာအုပ်ဆိုင်ထဲကနေ ချာကနဲလှည့်ထွက်ခဲ့တယ်။ God ကို စိတ်တိုရန်ကောလို့ အပြစ်မတင်နဲ့ ။ God က Cyber Café ကထွက်လာကတည်းက ကျွဲမြီးတိုလာတာ။ စာအုပ်တိုင်းမှာ အဲဒါတွေမထည့်မနေရဆိုတာတွေ ဘာတွေ တွေးမနေနိုင်တော့ဘူး။
ဒီလိုနဲ့ စိတ်တိုတိုနဲ့ စာအုပ်ဆိုင် ထဲကနေ ထွက်လာပြီးတော့ လ္ဘက်ရည်ဆိုင် တစ်ဆိုင်ထဲကို ၀င်ထိုင်လိုက်တယ်။ God ကိုတော်တော်ဂရုစိုက်ကြတာပဲ။ ဘယ်သူက မှ ဘာမှ လာမမေးကြဘူး။ Godကို အရှင်လတ်လတ်ကြီး မြင်နေတာတောင် ဒင်းတို့ က အဖက်မလုပ်ကြဘူး။ စားပွဲထိုးတစ်ယောက်ကို တော် တော် ခေါ်ယူရတယ်။God လည်း ကွေကာ ပလိန်းတစ်ခွက် မှာလိုက်တယ်။ စားပွဲထိုးလာချ တော့ ကော်ဖီမစ်(စ်)ပလိန်း။ ဒါနဲ့ ပြန်လဲခိုင်း လိုက်ရတယ်။ ပြန်လဲပြီးတော့လည်း ဖျော်စရာ ရေနွေးခွက်က ပါမလာပြန်ဘူး။ God က လည်း God ဆိုပေမယ့် တကယ့် God အစစ် မဟုတ်တော့ ရေနွေးမပါဘဲနဲ့ ကွေကာအထုပ် ချည်းပဲသက်သက် ဖျော်သောက်နိုင်တဲ့ နည်းစနစ် ကို မဖန်တီးနိုင်ဘူး။ ဒါနဲ့ ရေနွေးမှာရင်း ခံတွင်းချဉ်လာတာနဲ့ ငါးသုံးလုံး စီးကရက်တစ်ပွဲ ပါ မှာလိုက်တယ်။ လာချတော့ လန်ဒန်။ အလိုက်တသိနဲ့ မီးခြစ်လည်း ယူမလာပြန်ဘူး။ စားပွဲထိုးတွေက အလုပ်ကို တော်တော်စိတ်ဝင်စားတာပဲ။ ဒါနဲ့  God သူတို့ ကို လခ ဘယ်လောက်ရလဲစပ်စုကြည့် တော့ ၆၀၀၀ တဲ့။ တစ်လကို ၅ ဒေါ်လာ ကြီးများတောင်မှ။ တော်တော်အလုပ်ကြိုးစားချင်စရာကောင်းတဲ့ လခပဲ။ ဆိုင်ရှင်ကလည်း management ညံ့လိုက်တာ။ God တွေကို ဂရုမစိုက်ဘူး။God တွေကလည်း God တွေပဲ။ တစ်ခါတလေ တချို့ God တွေက လ္ဘက်ရည်တစ်ခွက်ပဲမှာပြီးတနေကုန်ထိုင် လေ ကန်ချင် လေကန်ကြတာ။God ရဲ့သူငယ်ချင်း တချို့  God တွေဆို လ္ဘက်ရည်လေးတစ်ခွက် ကိုယ်စီမှာပြီး ကမ္ဘာကြီးကို ဟိုလိုဖန်တီးပစ်မယ်၊ ဒီလိုဖန်တီးပစ်မယ် ဆိုတဲ့စကားတွေကို အာပေါင် အာရင်းသန်သန်နဲ့ ဝေဖန်လေကန်နေလိုက်ကြတာ တစ်ခါတလေ ၃ နာရီ၊ ၄ နာရီ လောက်ကြာ တယ်။ ဒါပေမယ့် သူတို့ကို ၀န်ဆောင်မှု ကောင်းကောင်းမပေးရင် မကြည်ဘူး။ ရေနွေးအိုး အသစ်လဲမပေးရင် မကြိုက်ဘူး။ အားလုံးချုပ်ပြီး တွေးကြည့်လိုက်တော့ လ္ဘက်ရည်ဆိုင်ဆိုတာ မလှမပနဲ့ ညီနေတဲ့ သုံးနားညီတြိဂံတစ်ခုပဲ။ ဘယ် “အနား” က စပြင်သင့်သလဲတော့ မသိ ဘူး။ ဟိုတွေး၊ ဒီတွေး လျှောက်တွေးရင်း စိတ်ညစ်လာတာနဲ့ God လည်း ပိုက်ဆံ မြန်မြန်ရှင်း၊ ပါးစပ်ကို တစ်ရှူးနီနီကြီးနဲ့သုပ်ပြီး လ္ဘက်ရည်ဆိုင်က မြန်မြန်ထလာခဲ့တယ်။ အိမ် ပြန်ဖို့ ဘတ်(စ်)ကား ဂိတ်ကို သွားရတာပေါ့။
ဒီလိုနဲ့ ဘတ်(စ်)ကားလဲ လာ ရော၊ God တွေ အများကြီး ကားပေါ်တိုးကြိတ် တက်ရတယ်။ လူစပါယ်ယာက God တွေကို ကားအတွင်းထဲ အတင်းတိုးခိုင်းနေတယ်။ ဆဲဆို နေတယ်။ God တွေက လူစပါယ်ယာကို ပြန် ကြောက်နေရတယ်။ တချို့  God တွေလည်း ကိုယ့်ဒေါသကိုယ် မထိန်းနိုင်ပဲ လူစပါယ်ယာ တွေနဲ့ ဖက်ပြိုင်ပြီး ရန်ဖြစ်နေကြတယ်။God တွေခမျာ ဆင်းရင်လည်း God နဲ့တူအောင် မဆင်းရဘူး။ တစ်ခါတလေ လူစပါယ်ယာက တွန်းချတာခံရတယ်။ God ရဲ့အမေဆို တစ်ခါ သူခြေထောက်နာနေတုန်း လူစပါယ်ယာက တွန်း ချတာခံရလို့ နောက်ဘယ်တော့မှ ဘတ်(စ်)ကား မစီးတော့ဘူး။ ဒီတော့ အိမ်ကနေခွာလို့ မရ တော့ဘူးပေါ့။ ကိုယ်ပိုင်ကားမှ မရှိတာ။God အမေ God မကြီး ခြေထောက်ကျိုးသလို ဖြစ်သွားတာပေါ့။
ဒီလိုနဲ့  God လည်း အိမ်ပြန်ရောက် လာရောဆိုပါတော့။ စိတ်မောတာနဲ့ ရေသန့် တစ်ခွက်သောက်လိုက်တယ်။ ရေသန့်လို့သာ ပြောရတယ်။ တကယ်သန့်၊ မသန့်တော့ မသိ ဘူး။ ရေသန့်တွန်းလှည်းနဲ့ လာပို့တဲ့သူတွေက uniform လည်းဝတ်မထားဘူး။ နောက်ပြီး ရေသန့်ဗူး တံဆိပ်က တစ်ခါကို တစ်မျိုး။ ဗူးပေါ်က တံဆိပ်နဲ့ ပလတ်စတစ်ပတ်ပေါ်က တံဆိပ်ကလည်း တူချင်မှ တူတာ။ တစ်ခါတလေဆို ရေသန့်ဗူး တွေက မြင်မကောင်းလောက်အောင်ကို မည်း သည်းညစ်ပတ်နေသေးတယ်။ မတတ်နိုင်ဘူး။ ရေကျက်အေး ကျိုသောက်ဖို့ကလည်း မီးမှမလာပဲ။ သန့်သန့်၊ မသန့်သန့် ဒါပဲ သောက်ရမှာပဲ။ ညစ်ပတ်တာကို ကိုယ့်မျက်စေ့နဲ့ တပ်အပ်မမြင်ရရင်ပြီးတာပဲ။ ရောဂါပိုးတွေကို အကောင်လိုက် ရေထဲမှာ မမြင်ရရင် ပြီးတာပဲ။
ဒီလိုနဲ့ ညရောက်လာတော့ တစ်နေကုန် မောသမျှကို ဖြေဖျောက်ဖို့ သူငယ်ချင်းတစ်ယောက် ကိုခေါ်ပြီး စားသောက်ဆိုင်တစ်ဆိုင်ထဲကို ရောက် လာတယ်။ အဲဒီမှာလည်း စားပွဲထိုးတွေနဲ့ သိပ်အဆင်မပြေပါဘူးဗျာ။ စိတ်ညစ်တယ်ဗျာ။ တစ်နေကုန် God သာ ဖြစ်နေရတယ်။God ဖြစ်ခြင်းရဲ့ အရသာစစ်စစ်ကို ခုထိ မခံစားရ သေးဘူး။ ခုချိန်ထိ ကိုယ့်ကို လေးလေးစားစား ဆက်ဆံပြီး ရောင်းမယ့်သူ၊ ၀န်ဆောင်မှုပေးမယ့်သူတွေ မတွေ့ သေးဘူး။
ဒါပေမယ့် နောက်ဆုံးတော့ အဲဒီအခိုက် အတန့်ကို ရောက်လာတယ်။God တကယ် ဖြစ်မယ့် အခိုက်အတန့်ကို ရောက်လာတယ်။ ကောင်မလေး ချောချောလေးတွေများ ရေမွှေးတွေ၊ ခေါင်းလိမ်းဆီတွေ၊ စီးကရက်တွေကို marketing များ လာလုပ်ဦးမလားလို့ မျှော်နေတုန်းမှာပေါ့။ စာလေးခွေ ရောင်းတဲ့ အဘွားကြီးတစ်ယောက် ရောက်လာတယ်။ “အားပေးကြပါ၊ သားတို့ရယ်၊ ရှိခိုးဆိုရင် ရှိခိုးပါ့မယ်” တဲ့။ ကြည့်စမ်း။ လူတွေအဲဒီလောက်တောင်ဆင်းရဲ ကြပ်တည်းလာပြီလား။ စာလေးခွေလေး ၁၀၀ ဖိုးရောင်းရဖို့ အရေး ကိုယ့်ကို ရှိခိုးပြီး ရောင်းမယ့်သူ ပေါ်လာပြီ။ကျွန်တော် God တကယ်ဖြစ်ပြီ။
ဒါပေမယ့် ကျွန်တော် မပျော်နိုင်ဘူးဗျာ။God ဖြစ်ခြင်းရဲ့ အရသာကို မခံစားရရင်လည်း နေပါစေတော့။ အဲဒီလို God မျိုးတော့ မဖြစ် ချင်ပါဘူးဗျာ။ ။
ကောင်းကင်ကို
(၂၀၀၆ ခုနှစ် ဒီဇင်ဘာ က ရန်ကုန်တွင်ရေးခဲ့ပါသည်။)
ဗိုလ်ချုပ်မှူးကြီးသန်းရွှေတစ်ယောက် နေပြည်တော်က သူ့ ရဲ ရုံးခန်းမှာ အလုပ်များနေပါတယ်။ ညွှန်ကြားချက်တွေကို လက်မလည်အောင်ပေးနေရပါတယ်။“အော်၊ အဲဒါလား။ ပြည်သူအတုတွေလို့ ဝါဒဖြန့် ခိုင်းလိုက်ကွာ”“ဒီ သံဃာတွေကိုလည်း သံဃာအတုတွေလို့ သာဝါဒဖြန့် ခိုင်းလိုက်”“လွယ်ပါတယ်ကွာ၊ ဒေါ်စုကိုထောက်ခံတဲ့ တိုင်းရင်းသားတွေကိုလည်း တိုင်းရင်းသားအတုလို့ သတင်းထဲ ထည့်ခိုင်းလိုက်။အလုံးစုံ ပျက်သုဉ်းရေးကို ဦးတည်နေသူတွေလို့ ပါပြောလိုက်” အဲဒီ့ အချိန်မှာပဲ သူ့ ရဲ့ လက်ကိုင်ဖုန်းက အသံမြည်လာပါတယ်။သူ့ အချစ်တော် မြေးလေးဆီကပါ။ “ဖိုးဖိုးကြီးရေ၊ အိမ်မှာ ဘွားဘွားကြီး မကြီးမငယ်နဲ့ ကုတင်ပေါ်တက်တာ လိမ့်ကျပြီးတင်ပါးနာသွားတယ်။”တစ်နေကုန်အတုချည်းပဲ ပြောနေတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလဲ ယောင်ပြီး“ဟေ အဲဒါကြီးလည်း အစကတည်းက အစစ်မှ မဟုတ်တာ၊ အတုကြီးပဲ။”
ရေးသားသူ....ဂျင် (Mizzima News မှကူးယူဖော်ပြသည်။)
တနေ့ မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရဲ့ ပုံနဲ့ တံဆိပ်ခေါင်းအသစ်(နောက်ဆုံးပေါ် နည်းပညာကို အသုံးပြုထားတဲ့ တံဆိပ်ခေါင်း) ထုတ်လိုက်သတဲ့။
ကပ်စရာကော်တောင် မလိုအောင်တီထွင်ထားတဲ့ တံဆိပ်ခေါင်း က super glue သုံးပြီးကပ်တာတောင် ဘယ်လိုမှ မကပ်ဘူးတဲ့။ ဗိုလ်ချုပ်ကြီးလဲ အရမ်းဒေါသထွက်သွားပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်တော့တာပေါ့။ တရက်လောက်လဲ စုံစမ်းပြီးရော ထွက်လာတဲ့ အဖြေက ဒီလိုပါတဲ့။
“တံဆိပ်ခေါင်း တွင် မည်သည့်အပြစ်အနာအဆာမှ မရှိပါ။ နည်းပညာ အဆင့်အတန်းလည်း အလွန်မြင့် ပါသည်။ ကော် သုံးရန်ပင်မလိုပါ။ တံတွေးဖြင့်ပင်ကပ်နိုင်ပါသည်။ သို့ သော် လူများက တံဆိပ်ခေါင်း ၏ ကျောဘက်ကို တံတွေးဆွတ်ရမည့်အစား ဗိုလ်ချုပ်ကြီး၏ ပုံကိုသာ တံတွေးဆွတ်ပြီးကပ်ကြပါသည်။ လူများ၏ အပြစ်သာ ဖြစ်ပါသည်တဲ့။” :-D
ကောင်းကင်ကို
http://burma-myanmar-news.blogspot.com/ က joke ကို ဆီလျော်အောင်မြန်မာမှု ပြုထားတာပါ။
PnP= Plug and Pray (not Plug and Play)
MACINTOSH= Most Applications Crash; If Not, The Operating System Hangs
KMD= Kiss Me Darling
နအဖ=နိုင်ငံကျော် အကြမ်းဖက်ရေး နဲ့ ဖျက်ဆီးရေးကောင်စီ
နအဖ=နွားအဖွဲ့ 
နယက=နိုင်ငံတော် ယိုယွင်းရေး ကောင်စီ
SPDC= Sons of Pigs, Dogs and Cows
ကောင်းကင်ကို
၁၉၉၈ ခုနှစ်တုန်းက ကျွန်တော့်သူငယ်ချင်းတစ်ယောက် ကရာတေးသင်တန်းသွားအပ်တော့ ကရာတေးဆရာက မေးပါတယ်။
“မင်း ဘာလုပ်တုန်း။”
“ကျောင်းစောင့်”
ကရာတေးဆရာလည်း သိပ်လက်ကြောမတင်းပုံရတဲ့ ငနဲက ပေါက်ပေါက်ရှာရှာ ကျောင်းမှာ ညစောင့်လုပ်တယ်ဆိုတော့အံ့သြသွားတာပေါ့။
“ဘယ်ကျောင်းမှာလဲ။”
“မဟုတ်ဘူး။ ကျောင်းတွေ အကြာကြီးပိတ်ထားတာ ပြန်တက်ဖို့ စောင့်နေလို့ ကျောင်းစောင့်လို့ ပြောတာ။”
အဲဒီ ၁၉၉၆ ကတည်းက ပိတ်ထားခဲ့တဲ့ ကျောင်းတွေက ၁၉၉၈ မှာတော့ တစ်တန်းချင်းခွဲပြီး ပြန်ဖွင့်ပါတယ်။ YIT(YTU)(RIT) (သုံးမည်ရကျွန်တော်တို့ ရဲ့ ကျောင်းတော်ကြီး) မှာတော့ ပထမဆုံး Final, ပြီးတော့ Fifth Year အဲလိုမျိုး အစဉ်လိုက်(တလစီ) ဖွင့်လာလိုက်တာsecond year နဲ့  first year ပေါင်းဖွင့်တဲ့ အလှည့်လဲရောက်ရော တပတ်နဲ့ စာသင်ပြီးစာမေးပွဲစစ်ဖို့ လုပ်ပါတယ်။ ဘယ်ရမလဲ၊ အဲဒီ့မှာ ကျွန်တော်တို့  “ခုနစ် ရက်တပတ် ပညာရေး၊ အလိုမရှိ ၊ အလိုမရှိ” ဆိုပြီး ဆန္ဒပြလိုက်တာ ၆ရက်နဲ့ ကျောင်းပိတ်ပြီး စာမေးပွဲစစ်ချလိုက်ပါရောလား။
ကောင်းကင်ကို
တခါက ရန်ကုန်-မန္တလေး အမြန်ရထား ကြီးပေါ်မှာ ခရီးသည်တယောက်က
သူ့ ဘေးမှာပါလာတဲ့ လူကိုမေးလိုက်တယ်။
“အစ်ကိုက စစ်ဗိုလ်လား”
“မဟုတ်ပါဘူး။ ကုန်သည်ပါ။”
“အစ်ကို့  အမျိုးတွေထဲမှာကော စစ်ဗိုလ်တွေ၊စစ်သားတွေရှိလား။”
“မရှိပါဘူး။”
“အစ်ကို့ မိတ်ဆွေတွေ၊သူငယ်ချင်းတွေထဲမှာကော”
“မရှိပါဘူးဗျာ။ဘာလို့ လဲ”
“ဒါဆိုရင် ကျုပ်ပြောရဲပြီ၊ခင်ဗျားကြီး ကျုပ်ခြေထောက်ကိုတက်နင်းထာတယ်။ဖယ်ပေးဗျာ၊နောက်တခါဆိုရင်
်ကြပ်ကြပ်သတိထား”
ရုရှားအာဏာရှင်စနစ်ကို သရော်ထားတဲ့ ဟာသတပုဒ်ကို မြန်မာမှုပြုထားတာပါ။
ကျွန်တော့်သူငယ်ချင်းရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကတော့ဒီလိုပါ။ ဘတ်(စ်)ကားပေါ်မှာ လူတစ်ယောက် မူးပြီးတော့ လူတွေကို လှည့်ပတ်ရမ်းနေတယ်၊ဆဲနေတယ်တဲ့။ အဲဒါနဲ့ စပါယ်ယာက အေးအေးဆေးဆေးနေဖို့ ပြောတာပေါ့။ အဲဒီမှာ အဲဒီ့ လူက ငါစစ်သားကွ လို့ လဲပြောလိုက်ရော၊စပါယ်ယာလဲ ဘာမှဆက်မပြောရဲတော့ဘူးတဲ့။တစ်ကားလုံးတိတ်သွားတယ်တဲ့။ အဲဒီလောက်ထိကြောက်ဖို့ လိုလို့ လားဗျာ။ အဲဒီလိုမျိုးကြောက်လေလေ၊ ဒင်းတို့ က မိုက်ရိုင်းရဲလေလေ ဖြစ်တော့မှာပေါ့။
ရန်ကုန်မှာ မီးပျက်တဲ့အကြောင်းတို့ ၊ ကုန်ဈေးနှုန်းတက်တဲ့ အကြောင်းတို့  ပြောလိုက်ရင် တချို့ က “နိုင်ငံရေးတွေမပါနဲ့ ”ဆို ပြီးပြောတတ်ကြတယ်။ ကိုယ့်အချင်းချင်း အကြားမှာတောင် မပြောရဲကြဘူး။ ပြောလိုက်ရင်စကားလွှဲသွားတဲ့ လူတွေအများကြီးကြုံဖူးတယ်။ စစ်တပ်နဲ့  ပတ်သတ်တဲ့လူတွေ လဲမဟုတ်ဘူး။ သက်သက်မဲ့ အကြောက်လွန်ကြတာ။
ပစ်လို့ ခတ်လို့ လမ်းပေါ် မထွက်ရဲတာကို လက်ခံပါတယ်။ တကယ်က ဝန်ထမ်းတွေညီညီညွတ်ညွတ် ဝိုင်းပြီးသပိတ်မှောက်လိုက်ရင် စစ်အစိုးရ ခဏနဲ့ပြုတ်ကျသွားမှာပါ။ အကုန်လုံးကိုဘယ်လိုလိုက် ဖမ်းမလဲ။ လှုံ့ ဆော်ပြီးဦးဆောင်မယ့် လူကိုပဲ ဖမ်းနိုင်မှာပေါ့။ ခုဟာက ကျွန်တော်တို့ မှာ အသက်စွန့် ရဲတဲ့ လူတွေလည်းရှိတယ်။ သပိတ်မှောက်ဖို့ ဦးဆောင်လှုံ့ ဆော်မယ့်သူလဲရှိတယ်။ နောက်ကလိုက်မယ့်သူတွေလဲ တပုံကြီး။ ခက်တာက ခုနက ပြောသလို အကြောက်လွန်ပြီး သစ္စာဖောက်မယ့်လူတွေက လည်း အများကြီးရှိနေတာပဲ။ အားလုံးမညီရင် မအောင်မြင်နိုင်မှန်းသိတော့ တခြားလူတွေကလဲ မလုပ်ချင်ကြတော့ဘူးလေ။
အဲဒီလို အဓိပ္ပါယ်မရှိ ကြောက်နေတာတွေကို ဖျောက်လိုက်ရင် ဒီလောက်မပေးဆပ်ရပဲ စစ်အစိုးရပြုတ်ကျသွားမှာပါ။
နောက်ပြီးကျွန်တော်တို့ တတွေအားနာတဲ့စိတ်ကိုဖျောက်ပြီး အမှန်ကို ပြောရဲဖို့ လိုပါတယ်။
ကျွန်တော့် အတွေးအမြင်လေးကို ပေါ့ပေါ့ပါးပါး ဖြစ်သွားအောင် အားနာမှုနဲ့ ပတ်သတ်တဲ့ ဟာသ တပုဒ်နဲ့ ပဲ အဆုံးသတ်လိုက်ပါမယ်။ တခါတုန်းက Physics သင်တဲ့ ဆရာတယောက်က ပြောပြတာပါ။ သူ က တခါတလေ စာသင်ရင်း နဲ့  နိုင်ငံရေးလေးဘာလေးပြောတတ်တယ်။ တနေ့ တော့ စစ်အစိုးရ မကောင်းကြောင်း ပြောနေတုန်း ကျောင်းသားတစ်ယောက် အကြီးအကျယ် မျက်နှာပျက်နေတာကို သူ့ မိန်းမ က သတိထားမိသတဲ့။ သူကတော့သတိမထားမိပဲနဲ့ ဆက်ပြောတာပေါ့။ နောက်သူ့  မိန်းမက ပြန်ပြောပြတော့သူလဲအားနာသွားသတဲ့။နောက်နေ့ ကျတော့ အဲဒီကျောင်းသားက မလာတော့ဘူးတဲ့။ ၃ရက်လောက် နေတော့မှ ကိုယ်တော်ချောက ပြန်ပေါ်လာသတဲ့။ ဆရာလည်း သူ့ ကို မင်းဘာလို့ မလာတာလဲလို့  မသိမသာ မေးကြည့် တော့မှ ကိုယ်တော်ချောက သွားကိုက်နေလို့ တဲ့။ လတ်စသတ်တော့ ဒင်းက သွားကိုက်နေလို မျက်နှာပျက်တာကိုး။
ကောင်းကင်ကို
အချိန်ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့  အိမ်စောင့်အစိုးရလက်ထက်ပေါ့။ သိတယ်မို့ လား။ အိမ်စောင့်တယ်ဆိုတာက ခွေးလေ။အိမ်စောင့်အစိုးရဆိုတော့….. :-D
အဲဒီ့ ခွေးအစိုးရ…အဲ…ယောင်လို့ …အိမ်စောင့်အစိုးရလက်ထက်မှာ ဗိုလ်မူး … အဲလေ..ယောင်လို့ … ဗိုလ်မှူးတယောက်က ကျန်းမာရေးအတွက် ရန်ကုန်က ကန်တော်ကြီးကို ပတ်ပြီးလမ်းလျှောက်သတဲ့။ တနေရာရောက်တော့ အဲဒီဗိုလ်မှူးက သူ့ ကိုခေါ်သံကြားလို့ လှည့်ကြည့်လိုက်တော့ ဗိုလ်ချုပ်ကြေးရုပ်က လှမ်းပြီးခေါ်တာ ဖြစ်နေလို့ အရမ်းအံ့သြသွားသတဲ့။ အဲဒီဗိုလ်ချုပ်ကြေးရုပ်က မတ်တတ်ရပ်နေတဲ့ကြေးရုပ်ပါ။
ဗိုလ်ချုပ်ကြေးရုပ်။ ။“ငါဒီအတိုင်း ရပ်နေရတာ ညောင်းပြီကွာ၊ အဲဒါ”
စိတ်မြန်တဲ့ ဗိုလ်မှူးက ဗိုလ်ချုပ်ရဲ့ စကားဆုံးအောင်တောင်မစောင့်ဘူး။
“သိပြီ၊ ဗိုလ်ချုပ်။ ကျွန်တော်ဗိုလ်ချုပ်အတွက် ကုလားထိုင်တလုံး”
ဗိုလ်ချုပ်လည်းရုတ်တရက်ဒေါသထွက်သွားပြီး အဲဒီ့ဗိုလ်မှူးရဲ့ စကားဆုံးအောင်မစောင့်တော့ပဲ “ဟေ့ကောင်၊တော်စမ်း…ငါလွတ်လပ်ရေးရအောင်လုပ်ခဲ့တာ ကုလားထိုင် မက်လို့ မဟုတ်ဘူးကွ။ တိုင်းပြည်ကိုချစ်လို့ လုပ်ခဲ့တာ။ဒါပေမယ့် ငါရပ်နေရတာ ညောင်းပြီကွာ၊ တခြားကြေးရုပ်တွေလိုမြင်းစီးချင်တယ်။”
သိတဲ့အတိုင်းပဲဗျာ။သာမန်ဗိုလ်မှူးလေးမှာက ဘာအာဏာပါဝါ မှမရှိဘူးလေ။ ဒီတော့ဦးနေဝင်းကြီးကိုတင်ပြရတော့တာပေါ့။ဒါပေမယ့်ဦးနေဝင်းကြီးက ဗိုလ်ချုပ်ကြေးရုပ်က စကားပြောတယ် ဆိုတာကိုမယုံဘူးတဲ့။ သူကိုယ်တိုင်မေးမယ်ဆိုလို့ ဗိုလ်မှူးလေးလဲ သူ့ ကို ဗိုလ်ချုပ်ကြေးရုပ်ဆီ ခေါ်သွားရတော့တာပေါ့။
အဲဒီမှာ ပြဿနာ စတက်တော့တာပဲ။ဗိုလ်ချုပ်ကြေးရုပ်က ဦးနေဝင်းကြီးကိုလဲမြင်ရော ဗိုလ်မှူးလေးကိုဒီလိုလှမ်းပြောလိုက်သတဲ့ “ဟေ့ကောင်၊ ငါစီးချင်တာမြင်းကွ၊ မင်းကဘာလို့ နွားကြီး ခေါ်လာရတာလဲ”။ ။ :-D
ကောင်းကင်ကို
ဝန်ခံချက်။ ။ reader’s digest မှ ဖတ်ခဲ့ဖူးသောဟာသတပုဒ်နှင့် ကျွန်တော့်စိတ်ကူးတချို့ ပေါင်းစပ်ပြီး ဖန်တီးထားခြင်းဖြစ်ပါသည်။