Tuesday, May 6, 2008

မြန်မာပြည်သူများကို ကူညီမယ်ဆိုရင်

(ကိုဖိုးမောင်က မုန်တိုင်းဒဏ်ခံပြည်သူများကို ကူညီနိုင်မယ့်နည်းလမ်းများကို ကုသိုလ်ပြု ပေးပို့လာလို့ ဖော်ပြပေးလိုက် ပါတယ်။ ကိုဖိုးမောင် ပြောထားတဲ့ လိပ်စာများအပြင် မြန်မာသံရုံးများက တဆင့်လည်း လှူဒါန်း နိုင်ကြောင်း သိရှိရပါတယ်။)
ပြည်ပရောက်စေတနာရှင်များအဖို့ အလွယ်ကူဆုံးလုပ်နိုင်တာက Online Donation ပါ်။ မိမိအစီအစဉ်ဖြင့် ပြည်တွင်းကို ဆက်သွယ်လုပ်ကိုင်ဖို့ဆိုတာလည်း လက်ရှိအခြေအနေမှာ ခက်ခဲလွန်းနေပါတယ်။ အစိုးရကလည်း နိုင်ငံတကာ အကူအညီတောင်းခံထားတော့ NGOs, UN Agencies များကနေ တဆင့် လှူဒါန်းခြင်းကလည်း မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေကို အထိရောက်ဆုံး လတ်တလော ကူညီနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ သဘောထားရေးတွေ ဘေးဖယ်၊ စကားလုံးကုသိုလ်ယူပွဲတွေ ခဏရပ်ပြီး လက်တွေ့လှူဒါန်းချင်သူတွေ အတွက် ဘယ်လိုလှူလို့ ရတယ်ဆိုတာ အသိပေးလိုက်ပါတယ်ခင်ဗျာ။

World Vision

မြန်မာပြည်အတွက်သတင်းဆောင်းပါးရေးထားပြီး၊ ဆောင်းပါးအောက်ခြေမှာ Donate Now ဆိုတာ ဖော်ပြပေးထား ပါတယ်။
ဆောင်းပါး၊
http://www.worldvision.org/news.nsf/news/myanmar-cyclone-20080505?open&lid=20225&lpos=emg_txt_LearnMore
Donate now ၊

http://donate.wvus.org/OA_HTML/xxwvibeCCtpItmDspRte.jsp?item=1712646&section=10025
UNICEF
UNICEF ရဲ့ Main Page (http://www.unicef.org/) မှာ Crisis in Myanmar ဆိုပြီး တော့ပစ် ဖွင့်ထားပါတယ်။ Donate လုပ်လို့ရပါတယ်။
Donation အတွက် Country of residence ရွေးချယ်ရမှာက ဒီမှာပါ ၊

http://www.supportunicef.org/site/pp.asp?c=9fLEJSOALpE&b=1023561
တကယ်လှူတော့ Technical Problems ဖြစ်နေလို့ Donation Form ကိုဖြည့်ပြီး စာတိုက်က ပို့ရပါတယ်။

အချိန်ကြာပါတယ်။ သူတို့ပေးတဲ့ Message ပါ။

Due to technical issues, Support UNICEF has temporarily suspended online donations. Please complete and print this form and mail your donation to the following address:

Children First Internet Donation

UNICEF

3 United Nations Plaza

New York, NY 10017

U.N. Office for the Coordination of Humanitarian Affairs

Bank Account သို့မဟုတ် Cheque နဲ့ပဲ လှူလို့ရပါတယ်။ မြန်မာပြည်အတွက်လို့ နာမည်တပ်ပြီးလှူနိုင်ပါတယ်။
OCHA (http://ochaonline.un.org/ ) is responsible for coordinating the international response to natural disasters and complex emergencies. We accept donations from individuals and corporations for relief efforts all over the world. If you wish to make such a contribution to OCHA, you can:
1. Make a deposit into:

Bank Name: JP Morgan Chase Bank, New York, USA

Reference/Memo: UNOCHA (country affected) - Specification of the country is optional
2. Send a cheque made out to United Nations Charitable Donations Account with a reference to UNOCHA (country affected) (specification of the country is optional)

အသေးစိတ်အချက်အလက်များကို http://ochaonline.un.org/FundingFinance/Donations/tabid/1215/Default.aspx
တွင်ကြည့်ပါ။
International Federation of Red Cross and Red Crescent Societies ( http://www.ifrc.org/ )

မြန်မာပြည်အတွက် တိုက်ရိုက်ခေါင်းစဉ်တပ်ပြီးလှူလို့ မရသေးပါဘူး။ Disaster Relief Emergency Fund ခေါင်းစဉ်နဲ့လှူဒါန်းတာက ပိုပြီးနီးစပ်ဖွယ်ရှိပါတယ်။ Visa, Master Credit card များနဲ့ လှူလို့ရပါတယ်။Donation Page : http://donate.ifrc.org/


စေတနာရှင်များရဲ့ စာနာနားလည်စွာ လှူဒါန်းမှုများကို သာဓု သုံးကြိမ် ကြိုတင် ခေါ်ဆိုလိုက်ပါတယ်ခင်ဗျာ။
အန္တရာယ် ကင်းရှင်းကြပါစေ၊

ဖိုးမောင်
မှတ်ချက်၊ စေတနာရှင်များ သိရှိလှူဒါန်းနိုင်ရန် ဖြန့်ဝေပေးပြီး ကုသိုလ်ယူပေးကြပါခင်ဗျာ။

Posted in |

0 comments: