Tuesday, January 15, 2008

Maung said... ပိတောက်မြေ

ပိတောက်မြေတွင် တင်ထားသော စစ်တပ်နဲ့ မြန်မာ့နိုင်ငံရေးဆောင်းပါး (၂) ကို ဝေဖန်သော Comment များအနက် စိတ်ဝင်စားဖွယ်ကောင်းသော Maung ၏ Comment ကို အများဖတ်ရှု နိုင်ရန် ပို့စ်တင်လိုက်ပါတယ်။ စာလုံးပေါင်းအမှားများကို ပြင်ထားပါတယ်။ အချို့စာလုံးများ မထင်သဖြင့် မှန်းဆပြီး ဖြည့်စွတ်ထားပါတယ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအုပ်စု မှမဟုတ်ပါဘူး၊ မည်သူကမှ စစ်တပ်ကို တိုင်းပြည်ရဲ့နိုင်ငံရေးတွင် စစ်တပ်ကိုမပါစေချင်ပါ၊ အလွယ်ဆုံးနဲ့အရှင်းဆုံး ပြောရရင် စစ်တပ် ပါလာပါက လက်နက်ကိုဘန်းပြပြီး မဖြစ်သင့်သော အာဏာသိမ်းခြင်းများကို စစ်တပ်ကိုယ်တိုင်မှ ၄င်းစစ်တပ်ကို ကိုင်တွယ်နိုင် သောသူများက အမြဲတမ်းလှုပ်ဆောင်တတ်ကြတာကို နိုင်ငံတကာ မှာကော လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာသော၎င်း၊တွေ့ကြရလို့ပါ၊ စစ်တပ်သည် တိုင်းပြည်၏ လုံခြုံရေး၊ အခူပ်ချာတည်မြဲရေးကို ၀ိုင်းဝန်းဦးဆောင်ထိမ်းသိမ်းပေးခြင်းနေရာမှသာလျှင် အဓိကကြပါတယ်။ နိုင်ငံရဲ့အရေးမှာတော့ စစ်တပ်က ဘာမှဝင်ရောက် ဦးဆောင်ခြင်းကို နည်းနည်းသော်၎င်း၊ များများသော်၎င်းဝင်ရောက်စွန်ဖက်ခွင့်တော့ မရှိဘူးလို့မြင်ပါတယ်။
အသေအချာလည်း ရှင်းပြပေးစေချင်ပါသည် မြန်မာ့နိုင်ငံရေးမှာ စစ်တပ်မပါ သင့်ဘူးဆိုတာကို ပြောတာကတော့ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းများနဲ့ မကိုက်လို့ ဖြစ်ပါတယ်ဆိုတာကို၊ ဗမာနိုင်ငံရေး ရာဇ၀င်တွင် စစ်တပ်ကဒီလိုယူနီဖောင်းမချွတ်ဘဲ ကြိုးစားတာ အခုမမဟုတ်ပါဘူး၊ လွတ်လပ်ရေး ရပြီးတော့ အခြေတောင်မတည်ရသေးသော ပါလီမန်ဒီမိုကရေစီ ခေတ်ကြီးတွင်၊ ပေါ်တင် တမိုး၊ကွယ်ရာတမိုး ရှိခဲ့တာကို သေသေချာချာရှိခဲ့တာကို သိရလို့ပါ၊ နိုင်ငံရေးကို လုပ်ချင်ရင် ဒီယှုနီဖောင်းကိုချွတ်ပြီးတော့ ရဲရဲဝံ၀ံပါတီထောင်ကာ ၀င်ရောက်ဆောင်ရွက်ခိုင်း တာကိုလည်း ဦးကျော်ငြိမ်း၊ ဦးနုနှင့် နိုင်ငံရေး ခေါင်းဆောင်ကြီးများရေးသော စာအုပ်တွေတွင် သေသေချာချာ တွေ့ရပါသည်။
နောက်ပြီးတော့ ခင်ဗျားတင်ပြသောအကြောင်းအရာတွင် ဘာကြောင့်ဒီလိုတွေဖြစ်ကြတယ် ဆိုသောအကြောင်းအရာကို မပြောဘဲ ဗမာပြည်လွတ်လပ်ရေးတိုက်ပွဲတွင် ဘာကြောင့် တိုင်းပြည်ကို အသက်စွန့်ပြီးတော့ လုပ်ကိုင်ကြသော ပေါင်းစုံသော အဖွဲ့အစည်းအသီးသီးရဲ့ ကြိုတင်ပြင်ဆင် လမ်းခင်းပေးခြင်းကိုမပြောဘဲ ဘီအိုင်အေကြီးကသာလျှင် မည်သို့သော အဖွဲ့အစည်းတွေရဲ့ လမ်းညွန် မှုအောက်မှာ မရှိဘဲ သီးခြားရပ်တည်ကာ၊ အုပ်ခူပ်ရေးကိုလည်း ဘီအိုင်အေကြီးက ဦးဆောင်လုပ်ခဲ့ တယ်လို့ ပြောရင်တော့ကျွန်တော်တို့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရမှာဘဲ၊ အလွှာပေါင်းစုံ၊ လူမိုးပေါင်းစုံ၊ ဘာသာရေးပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ၊ မြေအောက် တော်လှန်ရေးသမားတွေ၊ တောင်သူ လယ်သမားတွေကနေ ၀ိုင်းဝန်းပြီးတော့ အထဲကို ၀င်နိုင်အောင် လမ်းတလျှောက် အခင်းအကျင်း လုပ်ပေးကြလို့သာ ရန်ကုန်ထိရောက်လာတာပါ၊ နို့မို့ဆိုရင် ဘီအိုင်အေက ရန်ကုန် မပြောနဲ့ မော်လမြိုင်တောင် မရောက်ဘူးကားနေပြီး။
ဝမ်းသာပါတယ်၊တပ်ကိုအရေးပါသောအခန်းကြီးကနေဖေါ်ကြူးတာ၊ သို့ပေမဲ့ မတရားကြီးတော့ မတင်နဲ့ လေ၊ မတရားကြီးတင်ပေးခဲ့ ကြသောသူတွေကြောင့်ရယ်၊ ဆိုးကိုးကောင်းကိုးကို ဘာမှမကြည့်ဘဲ အမှန်နည်းနည်းနဲ့ ရေးခဲ့ကြသော၊ အတတ်ပညာရှင်တွေ ကိုယ်တိုင်ဝိုင်ပြီး လိမ်ပေးခဲ့ကြလို့ နောင်လာ နောင်သားတွေ၊ ဇဝေဇ၀ါနှင့် သေသေချာ ကိုနားမလည်ခဲ့ကြတာ ယခုထိတိုင်ရှိနေခဲ့ကြတာကို ကြည့်ပြီးတော့နားလည်ပါဗျာ၊ တော်တော်များများကျွန်တော်တို့ တွေပြန်လည် ပြင်ဆင်ရမဲ့ သမိုင်းအောကာင်းတွေကအများကြီးပါ၊ ဒါတွေကို စစ်တပ်က ဒီလို အဖြစ်မိုးကိုမရောက်ရောက်အောင် စံနစ်တကျ၊သေသေသပ်သပ်နှင့်လိမ်ညာတာကို အင်နဲ့ အားနဲ့ ၁၉၅၈ ကတည်းကလှုပ်ခဲ့တာက အခုထိပါ၊ဒါကြောင့်လည်း ဗမာပြည်တွင် နေထိုင်ကြသော ၅၃သန်းသောလူတွေထဲမှာ တော်တော်လေးအမြင်တွေ မပြေမလည်ဖြစ်တာရယ်၊ စစ်တပ်ပြောတာကိုအဟုတ်ကြိးဘဲလို့ ထင်ခဲ့ကြ တာက နစ်ပေါင်းတော်တော်ကြာနေတာ ကိုတွေ့ရပါတယ်။ ဒါတွေဘာလို့ ဖြစ်လာကလည်းဆိုတော ပြောပါဗျာ၊ လွတ်လပ်စွာ ရေးသားခြင်း၊ ပြောဆိုခြင်း၊ ကိုထတန်းခူပ်ခဲ့သည့်အပြင်၊ မတရားမှု တွေနဲ့အုပ်ခူပ်ခြင်းကို စံနစ်တကျ၊ ဥပဒေကိုလက်တစ်လုံးခြားပြီးတော့ အုပ်ခူပ်ခွင့်ကိုရအောင် လက်နက်အားကိုးပြီး လုပ်ခဲ့ကြတာကိုနှစ်ပေါင်း၅၀ ကျော်ခံရလို့ပါ၊ စစ်တပ်ကတောင်းဆိုနေတာကို ဒိလိုအကြောင်းတွေကြောင့် တော်တော်များများက မပါစေချင်တာကိုဘာဖြစ်လို့ ဒီအချက်ကို တောင်းဆိုနေရတယ်ဆိုတာကို တိတိကျကျ အဖြေရှာဖို့ မကြိုးစားဘဲ စစ်တပ်က အာဏာကို ဆက်ပြီး ချုပ်ကိုင်ထားခြင်လို့လုပ်တာ ဖြစ်တယ်လို့ပြောရတာဆိုတာကို အရင်ဆုံးပြောပါရစေ။
စစ်တပ်ကကိုယ့်နေရာ ကိုယ်မနေဘဲဒီလို လုပ်ခဲ့လို့လည်း ယခုအခြေအနေကို ရောက်ကြ ခဲ့တာပါ၊
မြန်မာနိုင်ငံရေးမှာ ရေရှည်တည်တံ့မယ့် အဖြေရှာချင်တယ်ဆိုရင်တော့ စစ်တပ်က ဘေးထွက်ထိုင်ပြီး တိုင်းပြည်တပြည်တွင် လုပ်ဆောင်ရမည့်အလုပ် တာဝန်ကိုသာယူဆောင်ခြင်းပါ၊ ဗမာ စကားကို ဟိုဘက်လှည့်ပြီးတော့တမိုး၊ ဒီဘက်လှည့်ပြီးတော့တဖုံ မပြောစေချင်ပါ။
တသက်လုံး နေလာခဲ့ ကိုင်တွယ်အုပ်ခူပ်လာသော အာဏာကြီးကို ပြန်ပေးလိုက်ရတော့ မယ်ဆိုတော့၊ အပြည့်အ၀ပြန်ပြီးတော့ မရရင်တောင် ပါဝါပြည့် ၂၅%တော့ ရအောင်ယူမယ်ဆိုသော စိတ်ရင်းသို့ ပြန်ကြည့်ရင်ဘဲ စစ်တပ်ဘာကို စိုးရိမ်မှုတွေနဲ့ ဘာကိုရိုးသားမှု မရှိသော မျှော်လင့်ချက် ကိုထားတယ်ဆိုတာသိနိုင်ပါတယ်။
ဘယ်တုံးကမှ အမှန်ကို အမှန်တိုင်း ၀န်ခံပြောဆိုရဲခြင်း၊ တာာဝန်ယူရဲခြင်း မရှိသော စစ်တပ်(မဆလ
န၀တ) ကို ကျွန်တော်တို့က ဘာကိုအပြုသဘောနဲ့ အလေးပေးစဉ်းစားပေးရမှာလည်း ပြောပါအုံး၊ ဘယ်ပြဿနာကိုမဆို စစ်တပ်(မဆလ၊နအဖ) အနေနဲ့ လေးလေးစားစား တိုင်းပြည်ကို ထုတ်ဖော် ပြောတာမရှိပါဘူး။ ဘယ်တုံးကမှလည်း မရှိသလို ၊နောင်လည်းရှိလာ တော့မှာပါဆိုသောကတိက၀တ် တွေကိုလည်း ယုံကြည်လောက်သော ၄င်းတို့ ပြောပြောနေသော ယုံကြည်ခြင်းကို တည်ဆောက်ခြင်း ဆိုတာက ရှင်းရှင်းပြောရရင် လိမ်လည်လှည့်ဖျားခြင်းကို စတင်ဆောင်ရွက်ရန်အတွက် လိုသုံးသပ်ပါတယ်။

နောက်ပြီးတော့ခင်ဗျားပြောတဲ့ တည်မြဲ၊ သန့်ရှင်းဘဲကွဲကွဲ၊ ဘာဘဲဖြစ်ဖြစ်။ နိုင်ငံရေးမှာ၊ နိုင်ငံရေးလို့ဘဲ မြင်ရမယ်။ နိုင်မယ်၊ရှုံးမယ် ၊ဆိုတာကိုနားလည်ရမှာက အရေးကြီးဆုံးပါ၊ စစ်တပ်က၀င်ပြီးတော့ အုပ်ခူပ်ရတဲ့အကြောင်းကို သေသေချာချာ စဉ်းစားပါ၊ ဘာကြောင့် ၀င်ရတာလည်း ဘယ်သူက လုပ်တာလည်း၊ အကြောင်းအရာတွေက မှန်လား၊ မှားလား ဆိုတာပါဘဲ၊ ခင်ဗျားပြာတာက စစ်တပ်ကရေးသောသမိုင်းကို သော်လည်း၊ ပြောဆိုပြန်ကြားရ သောစကားတွေကိုအခြေခံတာလို့ ထင်ပါတယ်၊။

ဒီအဖြစ် အပျက်တွေက စစ်တပ်က အမျိုးသား နိုင်ငံရေးမှာ အဓိကအခန်းကပါသင့်တယ်ဆိုတဲ့ အယူအဆကို ခိုင်မာစေတာဖြစ်ပါတယ်။ ကျွန်တော်တို့ နားလည်တာကတော့ စစ်တပ်နှဲ့ ဗမာနိုင်ငံရေး သမားများပေါင်းကာ တိုင်းရင်းသားပေါင်းစုံးနှင့် တိုင်းပြည်ကို ပေးထားသော ဂတိကို မတည်ချင်သော ကြောင့် ၀ိုင်း၍လိမ်ကြခြင်းပါဘဲ လိမ်တာကိုလိမ်တယ်လို့ ပြတ်ပြတ် သားသားမြင်ရမှာဖြစ်သလို လိမ်တာကိုမကြိုက်လို့ အမှန်ကိုအမှန်တိုင်းခုခံ တိုက်ခိုက်သော သူတွေကိုလည်ခင်ဗျားတို့ ပြောနေ သော ရောင်စုံးသောင်းကျန်းသူတွေဆိုပြီးတော့ မထင်ပါနဲ့ ကိုယ်ကစပြီး မကောင်းတာကြံလို ဒီလိုအကြောင်းရာတွေ ပေါ်လာတာကို သောက်ရမ်းတွေ လျှောက်ပြောတာကို ပြန်လည် ဆန်းစစ်သင့်တယ်လို့ ပြောပါရစေ၊ ဆိုလိုတာက ရိုးသားမှု မရှိကြသောစစ်တပ်နဲ့ နိုင်ငံရေး လူလည်တွေ အချင်းချင်းချကြသောပွဲတွင် ထုပ်ပြန်လာသော ဇတ်လမ်း ပေါင်းစုံကို အကောင်းဆုံးဇတ်လမ်းသွင်းကာ ရေးသားထားသော သမိုင်းကိုအခြေခံခြင်းဖြင့် ရိုက်သွင်းခံရသော ယနေ့ခေတ်လူငယ် အပေါင်း သေသေချာချာနားလည်ဖို့ ဆိုတာကတော့ အရေးကြီးပါတယ်။
ဒီဖန်တီးထားသောဇတ်လမ်း၊ သတင်း၊ အကြောင်းအရာ၊ ရုပ်ပြ၊ ထွက်ဆိုချက်တွေကို အခြေခံ ပြီးတော့ခင်ဗျားတို့၊ ကျွန်တော်တို့ ဗမာနိုင်ငံရေးကိုသော်လည်းကောင်း ဗမာနိုင်ငံရေးနှင့် စစ်တပ်ကို လည်းကောင်း ဆွေးနွေးရင်၊ ၅၃သန်းသောပြည်သူတွေကဘဲ စစ်တပ်ကို ပြန်တောင်းပန်ရမယ် ဆိုသော စစ်တပ်ပဲ ဗမာပြည်ကြီးရဲ့ ကယ်တင်ရှင်ကြီး။ ဗမာပြည်ကြီးရဲ့ အခူပ်ချာအာဏာကို မပြိုကွဲအာင် လုပ်နိုင်သူလို့ ထင်ယောင်ထင်မှား တွေဖြစ်လာအောင် စရာပါဘဲ။
နောက်ပြီးတော့လည်း ၆၂ ခုနှစ် အာဏာသိမ်းပြီးတော့လည်း စစ်တပ်ကပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဖွဲ့ပေးခဲ့သလို ဒီပါတီရပ်တည်နိုင်ဖို့ အဓိက နေရာက ပါခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုမျိုးဆက်သစ်စစ်ဗိုလ်တွေအထိ သူတို့အနေနဲ့ စစ်တပ်အနေနဲ့ အမျိုးသား နိုင်ငံရေးမှာ အဓိကအခန်းက ပါသင့်တယ်ဆိုတဲ့ အချက်ဟာ Legitimate Cause ဖြစ်တယ်လို့ ယုံကြည် နေတာဖြစ်ပါတယ်။ တစ်ခါက အလယ်အလတ် အဆင့်ရှိတဲ့ စစ်ဗိုလ်တစ်ဦးနဲ့ ဆွေးနွေးခွင့် ရခဲ့ဖူးပါတယ်။ သူ့ကို ဘာဖြစ်လို့ စစ်တပ်က နိုင်ငံရေးထဲမှာ ပါချင်တာလည်းလို့မေးတော့ နိုင်ငံရေးသမားတွေကွဲကြ၊ ပြဲကြလို့ သူပုန်တွေ ပေါ်လာတော့ တိုက်ရတာကျူပ်တို့ သေရတာ ကျုပ်တို့ကြားက အနေအစားပျက်တာက ပြည်သူတွေ။ ဒီတော့ အရေးကြုံရင် သေရမယ့် ကျုပ်တို့က သူတို့လုပ်နေတာ ကောင်း၏ဆိုး၏ အကြံပေးခွင့်မရှိရဘူးလား၊ ၀င်ဆွေးနွေးခွင့်မရှိရဘူးလား၊ အနောက်နိုင်ငံတွေမှာလို နိုင်ငံရေး အငြင်းပွားမှုတွေကို လွှတ်တော်အတွင်းမှာဘဲ ဒီမိုကရေစီနည်းကျ ဖြေရှင်းနေလို့ကတော့ ကျုပ်တို့ ဘာစိတ်ပူစရာရှိသလဲလို့ ပြန်ပြောပါတယ်။ သူကတော့ သူနားလည် သလို ပြောလိုက်တာပါဘဲ။
ဒါပေမယ့် ဒါဟာ စစ်သားအတော် များများရဲ့ ခံစားချက်ကို ထင်ဟပ်တယ်လို့တော့ ထင်ပါတယ်။ ဒီအယူအဆဟာ ဒီမိုကရေစီစံတွေနဲ့ ညီတယ်လို့တော့ မပြောလိုပါ။ သို့သော် ကျွန်တော်တင်ပြခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင်တော့ စစ်တပ်ရဲ့ ယုံကြည်ချက်ကို ထည့်သွင်းစဉ်းစားသင့်တယ် လို့ ထင်မိပါတယ်။ အာဏာသိမ်းတာကဘယ်သူလည်း ၁၉၆၂ ပြီးတဲ့ နောက်ပိုင်းမှာ အာဏာသိမ်း အိမ်စောင့်အစိုးရက ဘာဖြစ်လို့ တိုင်းပြည်ကို ဘယ်ဥပဒေနဲ့ အညီအုပ်ခ်ါပ်နေတာပါလည်း၊ ၁၉၄၇ အခြေခံဥပဒေနဲ့လား၊ ဘာနဲ့လား၊ နိုင်ငံတကာကို ဘာတွေတိုဂတိဂ၀တ်ပြုခဲ့ပါသလည်း၊ ပြောပါအုံး။ ၁၉၄၇ ကို လည်းအပြည့်အ၀ မကိုင်ရဲလို့ ရူးသလိုလို၊ပေါ်သလိုနဲ့  လက်နက်အားကိုပြီးအုပ်ခူပ်လာတာ (၁၉၈၈ ကနေ ယနေထိပေါ့ န၀တက ဟိုလှည့်ဒီလှည့်နှင့် လုပ်လာတာ အိမ်စောင့်အစိုးရတုံးက အတိုင်းပါဘဲ) နိုင်ငံတကာကနောက်ဆုံး အိမ်စောင့်အစိုးရကို ဆက်ပြီးတော့အုပ်ခူပ်ခြင်ရင်လည်း ကြည့်ကောင်းအောင် အခြေခံဥပဒေလေးနဲ့ လုပ်ပါဆိုလို့ ဖုတ်ပူမီးတိုက် အခြေခံဥပေးလုပ်ရန် မဆလကိုထောင်တာပါ၊ ဘယ်သူတွေက ပေါင်းပြီးဘယ်သူတွေကရေးတာလည်း၊ ဘာလို့ မဆလ ဆိုပြီးဖုတ်ပူမီးတိုက် အာဏာသိမ်းပြီး ၁၃နှစ်ကြာမှထောင်တာလည်း ထောင်တော့ကော ဆိုရှယ်လစ် လမ်းစဉ်ကိုတောင် ရိုးရိုးမဟုတ် ဗမာနည်းဗမာဟန်နှင့် ဗမာမှုပြုသော ဗမာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဟု ဆိုလိုက်ပြန်ပါသေးတယ်။

နောက်ပြီး စစ်တပ်နဲ့ ဆိုရှယ်လစ်မကျ ကွန်မြူနစ်မကျသော နိုင်ငံရေးအမားတွေ ရေးဆွဲရာမှ ပေါ်လာသော အခြေခံဥပဒေကြီးကို ပြည်သူတွေကို အတင်းနားလည့် ပါးရိုက်၍ အတည်ပြုခဲ့ တာကိုကြည့်ပြီး စစ်တပ်ကဘယ်လောက်ထိ တိုင်းပြည်နဲ့ လူမိုးအပေါ်စော်ကားမော်ကားခဲ့ (ယဉ်ယဉ် လေးနှင့် ကုတင်ပေါ်တင်ခံ ရခြင်းပါဘဲ) တာ၊ အနိင့်ကျင့်ခဲ့တာကို မြင်နိုင်ပါတယ်၊ မည်သူတစ်ဦး တစ်ယောက်မျှ ဝေဖန်ပြောဆို ထောက်ပြခြင်းကိုတောင် လက်ခံရှင်းလင်းမှုမရှိတဲ့အပြင်၊ အသွင်မတူ ရန်သူဆိုပြီး သဘောထားခဲ့တာကို ကြည့်ခြင်းဖြင့် ခင်ဗျားတို့ နားလည် နိုင်ပါတယ်။
အကောင်းဆုံးကတော့ ခင်ဗျားရေးသော ဗမာပြည်နိုင်ငံရေးနှင့် စစ်တပ်ဆိုသောအကြောင်းတွင် စစ်တပ်သည် ဗမာပြည်နိုင်ငံရေးတွင်ဝင်ပါလိုသော ရဲရဲဝံ၀ံစစ်ယူနီဖောင်းချွတ်၍ ပါတီထောင် ကာပါဝင်ဖို့သာလျှင် ပြောဆိုသင့်ပါကြောင်း၊ ထိုအတူ ရေးဆွဲသော အခြေခံဥပေးကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရနှင့် ပါတီအားလုံး၊ တိုင်ရင်းသားခေါင်းဆောင်အားလုံး၊ အတတ်ပညာရှင် အသိပညာရှင်၊ စာပေ၊ ဂီတ၊ ကုန်သည်တွေကရေးဆွဲပြီး လွတ်လပ်သော၊ တရားမျှတသော ဥပဒေ စိုးမိုးသော ၊ညီတူမျှတူရှိသော၊ ငြိမ်းချမ်းသောပါလီမန်ဒီမိုကရေစီနှင့် ပြည်သူကနေ တင်မြှောက်သော အစိုးရတစ်ရပ် ပေါပေါ်ရန်အတွက် စစ်တပ်သည် ဘေးတွင်ထွက်ထိုင် သင့်ပါကြောင်း ပြောပါရစေ။

http://padaukmyay.blogspot.com/

Posted in Labels: |

0 comments: