ထိပ်ဆုံးငါးနိုင်ငံထဲမှာ နံပါတ် ၅ အီရတ်ကလွဲလို့ ကျန်တာတွေအားလုံးက အာဖရိကတိုက်ကပါ၊ ပြည်ပက ဝင်ရောက်စွက်ဖက်မှု အများဆုံးခံရတာလည်း သူတို့တွေပဲ၊ ဆိုမာလီယာနဲ့ အီရတ်ဆိုရင် ၁၀ မှတ်စီနဲ့ အမှတ်ပြည့်ရထားတယ်၊ နံပါတ် ၇ က အာဖဂန်နစ္စတန်လည်း အလားတူပဲ ၁၀ မှတ်ရတယ်၊ ဒါတွေဟာ အန်ကယ်ဆမ်ရဲ့ ပယောဂ မကင်းဘူးပေါ့။ စိတ်ဝင်စားဖို့ကောင်းတာက အဲဒီပြည်ပစွက်ဖက်မှု ပေးမှတ်ထဲမှာ မြန်မာဟာ ၅.၅ မှတ်နဲ့ ထိပ်ဆုံးက နိုင်ငံပေါင်း ၆၀ ထဲမှာ အနိမ့်ဆုံးပါ၊ သဘောကတော့ တခြားနိုင်ငံရဲ့ စွက်ဖက်ခြင်း အနည်းဆုံးခံရတယ်ပေါ့၊ ဒါဆိုရင် ပြည်ပအားမကိုးပဲ ကိုယ့်ဒူးကိုယ်ချွန်ပြီး ညံ့ဖျင်းနိုင်စွမ်းရှိတယ်လို့ ဂုဏ်ယူရမလားပဲ။
အားလုံးပေါင်း ၁၂ ခုရှိတဲ့ စံညွှန်းတွေထဲမှာ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးစံညွှန်းမှာ အဖိနှိပ်ခံရဆုံး တဖက်စွန်းမှာရောက်နေပြီး ပြည်ပစွက်ဖက်မှုမှာတော့ အစောကရေးသလို အနည်းဆုံးပါ၊ ဒီနှစ်ခုက အများဆုံး နဲ့ အနည်းဆုံး အစွန်းနှစ်ဖက် ရောက်နေတာကလွဲလို့ ကျန်တာတွေက ထိပ်ဆုံးမရောက်တရောက်မှာ။ ၂၀၀၅ တုန်းက ထိပ်ဆုံး ၂၀ ထဲမှာ မြန်မာမပါဘူး၊ ၂၀၀၆ ကျတော့ နံပါတ် ၁၈ နဲ့ အရှေ့တက်လာတယ်၊ ၂၀၀၇ မှာ အဆင့် ၁၄၊ ဟော၊ အခု ၂၀၀၈ မှာ အဆင့် ၁၂ ဖြစ်သွားပြီ။ ဒီလို တနိုင်ငံလုံးချီပြီး ညံ့ဖျင်းနေတာ ဦးဆောင်လမ်းပြနေတဲ့ခေါင်းဆောင် တာဝန်မကင်းဘူး၊ ဒါကြောင့် နိုင်ငံတွေစာရင်းအပြင် ခေါင်းဆောင်တွေရဲ့ စာရင်းကိုလည်း ပြုစုထုတ်ပြန်ထားတယ်။
အညံ့ဖျင်းဆုံးခေါင်းဆောင်ဆိုတာမှာ လူထုကိုဖိနှိပ်ပြီး အာဏာလက်ကိုင်ထားတာ၊ အခြေခံအကျဆုံး အခွင့်အရေးတွေကိုတောင် မပေးတာတင်မဟုတ်ပဲ၊ တရားသဖြင့်သော်၎င်း၊ မတရားသဖြင့်သော်၎င်း ကုန်သွယ်ခြင်းအားဖြင့်ရလာတဲ့ အမြတ်အစွန်းတွေကို ဝါးမျိုထားတာတွေကိုပါ ထည့်သွင်းစဉ်းစားတယ် ဆိုပါတယ်။ အဲဒီစာရင်းထဲမှာ မြန်မာ့ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဦးဆုံးနေရာမှာ ထည့်သွင်း ရေးသားထားခြင်းခံရတယ်၊ သဘာဝဓာတ်ငွေ့ရောင်းချခြင်းနဲ့ ဘိန်းကုန်ကူးခြင်းကနေ ရလာတဲ့ဝင်ငွေတွေနဲ့ ပြည်သူလူထုကို ဖိနှိပ်နေတယ်လို့ ဆိုထားပါတယ်။ ဟုတ်သလား မဟုတ်သလား၊ ကျနော်တို့အသိဆုံးပါ။
Than Shwe (Burma)
Lifelines: natural gas, opium
Burma’s enormous natural gas reserves, which account for nearly a third of the country’s exports, buy the friendship of neighboring China, India, and Thailand. Profits are funneled to the junta’s paranoid leaders and military brass, who brutally suppressed protests last fall. And though the junta claims it cracks down on the country’s opium trade, which supplies 80 percent of Southeast Asia’s heroin, cease-fires with drug kingpins who operate openly in the region’s notorious Golden Triangle suggest that junta leaders look the other way in return for a slice of the action. (source : foreignpolicy.com)
UPDATE – May 2008
On May 2nd, 2008, Cyclone Nargis made landfall on the Irrawaddy Department of Burma. Despite repeated warnings of the pending destruction, Burmese leadership failed to alert the general population or prepare for relief efforts. Casualty estimates range from 100,000 to 150,000 Burmese dead or missing. The international community has been united in their condemnation of the lack of cooperation from the Burmese leadership. The ruling military junta waited several days before accepting the UN offer of assistance and hampered outside aid shipments by placing a convoluted visa process on all incoming humanitarian workers. Entire towns were annihilated and communication with isolated coastal communities has been virtually non-existent. Could the international attention to the plight of the people and the actions of the military dictatorship be the catalyst to convert existing morale support into material support to sustain the opposition against Burma’s repressive regime? (soruce : fundforpeace.org)