Posted On Thursday, January 31, 2008 at
at
1/31/2008 11:52:00 PM
by moe pyay
၁၉၇၄ အလုပ်သမားအရေးတော်ပုံ၁၉၇၄ ဇွန်မှာ မီးရထားအလုပ်သမားတွေက စလိုက်တဲ့ သပိတ်တိုက်ပွဲဟာ တပြည်လုံးက အလုပ်သမားတွေဆီကို ကူးစက်ပျံ့ နှံ့ သွားပါတယ်။ အလုပ်သမားတွေဟာ ပိုမိုမြင့်မားတဲ့ လခရရှိရေးနဲ့ အလုပ်သမား သမဂ္ဂလွတ်လပ်စွာ ဖွဲ့ စည်းခွင့် ရရှိရေးကို တောင်းဆို ခဲ့ကြပါတယ်။ ဒါပေမယ့် ဦးနေဝင်းအစိုးရက ပယ်ချခဲ့ပြီး အလုပ်သမားတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။ သမိုင်းက textile factory နဲ့ ဆင်မလိုက်သဘောင်္ကျင်းက အ အလုပ်သမားများစွာ(အတိအကျမသိ) အသက်ပေးခဲ့ရပြီး တချို့ လည်းနှစ်ရှည် ထောင်ချခံခဲ့ရပါတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသားတချို့ လဲ အလုပ်သမားတွေနဲ့ အတူပါဝင်ဆင်နွှဲခဲ့ပါတယ်။ဦးသန့် အရေးအခင်း၁၉၇၄ ဒီဇင်ဘာမှာတော့ ဦးသန့် အရေးအခင်းဖြစ်ခဲ့ပါတယ်။ ဦးသန့် အရေးအခင်းကို ဒီမှာ အကျယ်ဖတ်လို့ ရပါတယ်။ ဦးသန့် ကို နေဝင်းအစိုးရက သာမန်သင်္ဂြိုလ်ဖို့ ဆုံးဖြတ်ရာကနေ ကျောင်းသားထုက မကျေမနပ်ဖြစ်ပြီး ဦးသန့် အလောင်းကို ၁၉၆၂ ခုနှစ်က နေဝင်း အစိုးရ ဖျက်ဆီးဖြိုချခဲ့တဲ့ သမဂ္ဂအဆောက်အဦးနေရာဟောင်းမှာ ဂူဗိမာန်ဆောက်ပြီး ခမ်းခမ်းနားနား သင်္ဂြိုလ်ဖို့ ကြိုးစားရာကနေ ဖြစ်ပေါ်လာတဲ့ အရေးအခင်းပါ။ဦးသန့် အရေးအခင်းအပြီးကျောင်းတွေ ပြန်အဖွင့်မှာ လည်းအရေးတော်ပုံ ပေါ်ပေါက်ခဲ့ပြီးကျောင်းသား အယောက် ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။မှိုင်းရာပြည့် အရေးတော်ပုံ၁၉၇၆ မတ်လ ၂၃ မှာတော့ မှိုင်းရာပြည့် အရေးတော်ပုံ ပေါ်ပေါက်ခဲ့ပါတယ်။ တက္ကသိုလ် အသီးသီးက ကျောင်းသား ၂၃၀ ကျော် အဖမ်းခံခဲ့ရပြီး စစ်ခုံရုံးတင်ကာ ထောင် ၁၄နှစ် အထိ ချခဲ့ပါတယ်။ ရာနဲ့ ချီတဲ့ ကျောင်းသားတွေ ကျောင်းအထုတ်ခံခဲ့ရပါတယ်။ ချင်းတိုင်းရင်းသား ဖြစ်တဲ့ RASU ကျောင်းသား ကိုတင်မောင်ဦးဟာ ၁၉၇၆ ဇွန်မှာ ကြိုးပေးခံခဲ့ရပါတယ်။ ကိုတင်မောင်ဦးဟာ ၁၉၇၄ အခြေခံဥပဒေ ဥပဒေပေါ်ပေါက်လာပြီးနောက်ပိုင်း ပထမဆုံး ကြိုးပေးခံခဲ့ရသူဖြစ်ပါတယ်။ ရခိုင်ဘုန်းကြီးတစ်ပါးဖြစ်တဲ့ ဦးပညာသီရိ ဟာ သခင်ကိုယ်တော်မှိုင်းရေးသားခဲ့တဲ့ ခွေးဋီကာ ကို မှီငြမ်းပြီး ဆိုရှယ်လစ်ပါတီကို ဝေဖန်ခဲ့လို့ ထောင် ၆နှစ် အချခံခဲ့ရပါတယ်။ ၁၉၈၈ အရေးအခင်းကတော့ သိတယ်သူများလို့ မရေးတော့ပါဘူးခင်ဗျာ။ ဗွီဒီယိုတွေ ကြည့်ချင်ရင်တော့ ဒီမှာ ကြည့်လို့ ရပါတယ်။ ၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု (ကိုယ်တွေ့ )၁၉၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု ကတော့ ၁၉၉၆ ဒီဇင်ဘာ ၂၀ မှာ စော်ဘွားကြီးကုန်းမှာ ဖြစ်ပွါးခဲ့တဲ့ ရန်ပွဲမှာ ရဲဝန်ထမ်းတချို့ ရဲ့  စက်မှုတက္ကသိုလ်ကျောင်းသားတွေကို ရိုက်နှက်မှု ကနေ စတင်ပေါက်ဖွားခဲ့ပါတယ်။ အောက်တိုဘာလ မှာ မန္တလေး မှာတော့ ကျောင်းသားလှုပ်ရှားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရေဒီယိုကနေ တစ်ဆင့် သိခဲ့ပါတယ်။ စက်မှုတက္ကသိုလ် ပထမနှစ်မှာ MIT ကကျောင်းသား အယောက် ၁၀၀ ကို RIT ကိုပေးပြောင်းလေ့ရှိပါတယ်။ (လျှောက်လွှာတင်ရပြီး အမှတ်နဲ့ လူဖြတ်ချပါတယ်။) ကျွန်တော်တို့ ရန်ကုန်ကို ပြောင်းသွားတဲ့ အချိန်မှာ သီတင်းကျွတ်နဲ့ ရောပြီး ကျောင်းခဏ ပိတ်ထားပါတယ်။ တကယ်က ပိတ်လေ့ပိတ်ထ မရှိဘူးတဲ့။ အဲဒီ့ တုန်းက ကျောင်းတွေက အကုန်တပြိုင်တည်းဖွင့်သေးပါတယ်။ RIT ကျောင်းသားတွေနေတဲ့ အဆောင်နဲ့  Eco စတဲ့ တခြားကျောင်းသားတွေ အဆောင်က နီးနီးလေးပါ။ ဒီဇင်ဘာ ၂ရက်နေ့ လို့ ထင်ပါတယ်။ (တနလာင်္နေ့ ) မှာ ကျွန်တော်တို့  ပထမနှစ် စက်မှုတက္ကသိုလ်ကျောင်းသားတွေ အင်္ဂလိပ်စာ အချိန်မှာပါ။ ကျွန်တော်တို့ ဘာမှ မသိသေးဘူး။ အတန်းကြီးတွေက ကြွေးကြော်သံတွေ အော်ပြီး အတန်းထဲကို ဝင်လာတော့ ဆရာမက ထိန်းဖို့ ကြိုးစားသေးတာပေါ့။ ဘယ်ရလိမ့်မတုန်း။ ကျွန်တော်တို့ ကျောင်းသားတွေက လက်ခုပ်တွေတီးပြီး ဝင်ပေါင်းတော့ ဆရာမလဲ အခန်းထဲကနေ ထွက်သွားတာပဲ။ ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်း က ကျောင်းသားတွေကို စော်ကားတဲ့ ပစ်စာကို ဖတ်ပြတယ်။ ပစ်စာမှာ ကျောင်းသားလှုပ်ရှားမှုကို ရှုတ်ချထားပြီး ငြိမ်းချမ်းစွာပညာသင်ကြားလိုသူများလို့ အမည်ခံထားတယ်။ ပထမပိုင်းကျောင်းထဲမှာ ကြွေးကြော်သံတွေနဲ့ လှည့်လည်ကြတယ်။ နောက်ပိုင်းညနေလောက်မှာ အပြင်ထွက်ဖို့ လုပ်ကြတယ်။ တချို့ ကတော့ သဘောမတူချင်ကြဘူး။ အဲဒီ့နေ့ က ကျောင်းထဲမှာ လှည့်လည်တော့ ကျွန်တော်နဲ့ သူငယ်ချင်းတစ်ယောက်ပါတယ်။ နောက်ကျွန်တော်တို့ ပြန်ရောက်သွားတဲ့ အချိန်ကျတော့ မရှိကြတော့ဘူးဗျ။ ထွက်သွားကြပြီ။ ကျောင်းသားတွေဟာ ဒီဇင်ဘာ ၃ရက် နေ့ နံနက်ခင်းမှာ ဘုရားနှစ်ဆူကြားမှာ အရိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ နောက်ဘယ်နေ့ တုန်းမသိဘူးဗျ။ သောကြာနေ့ မတိုင်ခင်တရက်ရက်ပဲ။ အမျိုးသားနေ့ မတိုင်ခင်တရက်ထင်တယ်။ ကိုစိုးသိန်းတို့ ပြန်လွတ်လာပြီး အချုပ်တွင်း အတွေ့ အကြုံတွေ ဟောပြောခဲ့ပါတယ်။ ကြာသပတေးနေ့ မှာတော့ အမျိုးသားနေ့ ဆိုပြီးကျောင်းပိတ်ပါတယ်။ ကားပေါ်မှာ ကျောင်းသားကတ်စစ်ပြီး ကျောင်းသားဆိုရင် ဖမ်းတယ်လို့ ကြားပါတယ်။ ဟုတ်မဟုတ်တော့ မသိပါဘူး။ ကျွန်တော်တော့ အမျိုးသားနေ့ အပါအဝင် နေ့ တိုင်း အဆောင်ကနေ ကျောင်းကိုသွားပြီး ဟောပြောတာတွေ နားထောင်ပါတယ်။ ကိုစိုးထွန်းတို့ အချုပ်ထဲက နေပြန်လွတ်လာပြီး အမာခံ ၁၀ ယောက်အဖွဲ့ ဖွဲ့ လိုက်ပါတယ်။ ကျွန်တော် ခေါင်းဆောင်တွေထဲမှာ ကိုစိုးထွန်းနာမည်ပဲမှတ်မိပါတယ်။ ကိုစိုးထွန်းက ခေါင်းတုံးစတောက်နဲ့ ဗျ။ နိုင်ငံရေးတရားဟောရင် လေအေးအေးနဲ့  တရားတွေ ကြားညှပ်ပြီးဟောတယ်။ ဒီလို နဲ့ အမျိုးသားနေ့ ပြီးနောက်တရက် သောကြာနေ့ မှာ လမ်းမပေါ်ထွက်ကြတယ်ဗျာ။ ဒီတခါတော့ ကျွန်တော်လည်း ပါတယ်။ Mainကို ချီတက်မလို့ လို့ ထင်တာပဲ။ အဖော်တွေက မလိုက်ရဲကြဘူးဗျ။ ဟာဗျာ၊ ကျောင်းကနေတောင်သိပ်မရောက်သေးဘူး။ လမ်းမှာ လုံထိန်းတွေကားတွေနဲ့ ရောက်လာတယ်။ တုတ်တွေကိုင်ထားတယ်ဗျ။ ကျွန်တော်တို့ YIT ကကျောင်းသားက နည်းနည်းလေး။ သူတို့ အင်အားက ပိုများတယ်။ ညနေပိုင်းလောက်မှာ။ လူတွေက ရိုက်ရင် နောက်ကိုပဲ ပြေးလို့ အကြံပေးကြတယ်။ ဟိုဘက်လမ်းကို မပြေးနဲ့ တဲ့။ ဟိုဘက်မှာလဲ စောင့်နေတယ်တဲ့။ လမ်းအနေအထားတော့ ကျွန်တော်သိပ်မမှတ်မိတော့ဘူးဗျာ။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်။ ဘယ်သူမှလည်း ထွက်ပြေးလို့ မရဘူး။ ထိတ်လန့် ပြီး ရုတ်ရုတ်သဲသဲ မဖြစ်အောင် အစည်းမပြေအောင် ကျောင်းသားတချို့  လက်ချင်းတွဲပြီး ကာရံပေးထားတယ်ဗျ။လုံထိန်းတွေက ကျွန်တော်တို့ ကိုဆုတ်ဖို့ ပြောတယ်။ ကျွန်တော်တို့ က မဆုတ်ဘူး။ နောက်ဆုံးတော့ ကျွန်တော်တို့  ကိုယ့်အစီအစဉ်နဲ့ ကိုယ် လှည်းတန်းမှာ ဆုံကြဖို့ ဆုံးဖြတ်လိုက်တယ်ဗျ။ လိုင်းကားမရှိဘူးဗျာ။ ကျွန်တော်နဲ့ ခုစင်ကာပူကို ရောက်နေတဲ့ သူငယ်ချင်းတစ်ယောက် ကြားကား နှစ်ဆင့်သုံးဆင့်ဆီးပြီး သွားကြတယ်။ သူက လမ်းကျွမ်းတယ်ဗျ။ ဟိုရောက်တော့ ကျောင်းသားတွေတော်တော်စုံတယ်ဗျာ။ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေ။ ဟောပြောကြတယ်။ ကိုစိုးထွန်းကိုတော့ မတွေ့ တော့ဘူး။ ကျောင်းသူတွေလည်း အများကြီးပါတယ်ဗျ။ ရေသန့် တွေ သကြားလုံးတွေ ဝေတယ်။မုန့် တွေလည်းဝေတယ်ထင်တယ်။အဲဒါတော့မမှတ်မိတော့ဘူး။ နောက်ည ၇နာရီလောက်ထင်တယ်။ စစ်ကားတချို့ ရောက်လာတယ်။ ကျွန်တော်ရယ်၊ ကျွန်တော့်သူငယ်ချင်းရယ်၊ကျောင်းသားတချို့ ရယ် ထွက်ပြေးကြတယ်။ နောက်တော့ ဘာမှမလုပ်လို့ ကျွန်တော်တို့ ပြန်ထိုင်ကြတယ်။ ဒီလိုနဲ့ ည ၉နာရီလောက်ရောက်လာရောဗျ။ စစ်တပ်က ဝိုင်းထားပြီးပြီ။ နောက်ကျပြီးမှ ရောက်လာတဲ့ကျောင်းသားတွေကို အထဲအဝင်မခံတော့ဘူး။ အထဲမှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ကျောင်းသားတွေအပြင်ထွက်ပြီးပြန်ချင်ရင်တော့ ပြန်ခွင့်ပေးတယ်။ ကျွန်တော့်သူငယ်ချင်းက မေးတယ်ဗျ။ ပြန်မလား၊ဆက်ထိုင်မလားတဲ့။ ပြန်ရင်လည်းခုပြန်မှ ရမယ်တဲ့ ။ ညကျရင် Taxi မရှိတော့ဘူးတဲ့။ ကျွန်တော့်သဘောတဲ့။ ကျွန်တော်က ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ရိုက်မယ်လို့ တော့ ကျွန်တော်မထင်ထားဘူးဗျ။ ကျွန်တော်တုံးခဲ့တာနေမှာပေါ့။ မရိုက်ချင်ရင် စစ်ကားတွေ ဘယ်ချထားလိမ့်မတုန်းဗျ။ ကျွန်တော်တို့ အဆောင်ပြန်ရောက်ပြီး ည၁ချက် ၂ချက်လောက်မှာ ရိုက်နေပြီဆိုတဲ့ သတင်းကြားတာပဲ။ ကျွန်တော့်သူငယ်ချင်းတချို့  တောင်စိတ်ပူလို့ ကျွန်တော့်ကို လိုက်ရှာနေသေးတယ်။ ကျွန်တော် လှည်းတန်းကိုသွားမှန်းသိလို့ ။ အဲဒီ့မှာ လမ်းမီးတွေကို မီးသတ်ပိုက်နဲ့ ငြိမ်းပြီး ကျောင်းသားတွေကို နှိမ်နင်းတယ်လို့ ကြားတာပဲ။ ကျောင်းသားတွေ မလွင့်အောင် တယောက်နဲ့ တယောက်ဖက်ထားရတယ်လို့ ကြားတယ်။ ဂျပန်သတင်းထောက်လဲ အရိုက်ခံလိုက်ရတယ်လို့ ကြားတယ်ဗျ။ စလောင်းမှာ ရိုက်တာကြည့်ရတယ်တဲ့။ နောက်နေ့ ကျတော့ ကျောင်းသားအင်အားနည်းသွားပေမဲ့ အဆောင်မှာ ကျောင်းသားနည်းနည်းချင်း ကြွေးကျော်သံတွေ ကြွေးကျော်ပြီးဆန္ဒပြနေကြတုန်းပဲ။ ကျွန်တော့်ကို လာခေါ်တဲ့ ဦးလေးကတောင် သူတို့ သတ္တိကိုချီးကျူးတယ်ဗျာ။ ကျွန်တော့်ကိုတော့ ၃ရက်လောက်နေတော့အိမ်ကလာခေါ်သွားပါတယ်ဗျာ၊နောက်ရက်တွေမှာ ဆက်ဖြစ်ခဲ့တဲ့ လှုပ်ရှားမှုကို ကျွန်တော်ကိုယ်တွေ့ မသိတော့ဘူးဗျ။ သိတဲ့လူတွေ ရေးထားတဲ့စာအုပ်ကို ဒီမှာ download လုပ်ပါ။ ကျွန်တော် Mr Balance ဆီက တဆင့်ရပါတယ်။ ဒီလိုနဲ့ ကျောင်းတွေပိတ်သွားပြီးတော့ ၉၈ မှာတော့ ကျွန်တော်တို့ စက်မှုတက္ကသိုလ်မှာ ကျောင်းတွေ တတန်းချင်း(တပတ်ပဲတက်ရတယ်။ပြီးတာနဲ့ စာမေးပွဲစစ်တာ။)ပြန်ဖွင့်ပါတယ်။ နောက်ဆုံး first year နဲ့  second year ပေါင်းဖွင့်တဲ့ အလှည့်လည်းရောက်ရော လှိုင်သာယာကိုကျောင်းရွှေ့ မရွှေ့  ကိစ္စနဲ့ ပတ်သတ်ပြီး ကျောင်းသားတွေ မကျေနပ်လို့  ဆန္ဒပြကြပါတယ်။ အဲဒီမှာ ကိုင်တဲ့ Poster ကိုမှတ်မိပါသေးတယ်။ “We must fight for our right” တဲ့။ နောက်ပြီး ကျွန်တော်တို့ ၇ရက်တပတ်ပညာရေးအလိုမရှိဆိုပြီး ဆန္ဒပြလိုက်တာ ၆ရက်နဲ့ ကျောင်းပိတ်ပြီး စာမေးပွဲစစ်ချလိုက်ပါရောလား။ ရက်စက်တာကဗျာ…ကျောင်းသားတွေကို ချက်ချင်းမဖမ်းဘူး။ စာမေးပွဲပေးဖြေတယ်။ နောက်မှ ဧည့်စာရင်းစစ်ပြီး ဝင်ဖမ်းတယ်တဲ့ဗျာ။ Second year က ခေါင်းဆောင်တွေကိုပဲဖမ်းတာပါ။ ထောင် ၁၄ နှစ်ချပစ်တယ်လို့ ကြားတယ်ဗျာ။ မှတ်မှတ်ရရရှိသေးတာ နောက်တစ်ခုက ကျွန်တော်တို့ တုန်းက မြန်မာစာ ပါတယ်ဗျ။ လဂွန်းအိမ်အကြောင်းသင်ရတယ်။ “သူရဲကောင်းလဂွန်းအိမ်ဟာ မကြောက်မရွံ့  ပဲ မင်းဧကရာဇ်ကိုတောင် အမှန်တရားကို ရဲရဲ ဝံ့ဝံ့ ပြောရဲတယ်” လို့ ပါတယ်။ စာတွေက အလွတ်ပဲ ကျက်ဖြေရတာမို့ လား။ ဆရာမက အဲဒီ့ အပိုဒ်ကို ဖြုတ်ခိုင်းလိုက်တယ်ဗျာ။ သူငယ်ချင်း တယောက်ကတောင် အဲဒီ့ တပိုဒ်က လဂွန်းအိမ်ရဲ့ အသက်လို့ တောင်ပြောသေးတယ်။ အဲဒီ့ အပုဒ်က မေးခွန်းထုတ်ပြီးသားမို့ မေးမှာ သေချာလို့ ဆရာမက အဲဒီ့ အပိုဒ်ကို ဖြုတ်ခိုင်းလိုက်တာ။၁၉၆၂ ခုနှစ် အရေးအခင်း(၇ ဇူလိုင် အရေးအခင်း) (ကျောင်းသားသမဂ္ဂအဆောက်အဦးဖြိုချခံရမှု)On 2 March, 1962, a man named General Ne Win took control of state power for the second time. On 4 May, 1962, the leaders of the All Burma Federation of Students' Union (ABFSU) discussed the case of a student who had been expelled from his hostel because he did not get on well his warder.On 9 May, 1962, Pioneer Ko Mya Than, Ko Thet, Ko Tha Ban and Ko Zaw Win were arrested for demonstrating at the Dutch Embassy. Ne Win told the University Council that as the teachers had misbehaved and among the students there was political influence, the University Council had to be abolished. The Union commented that the governing body of the university had been taken over by the Revolutionary Council. On 11 May, 1962, the Rangoon University Rector Dr. Tha Hla handed in his resignation and the Burmese Professor U Aye Maung retired; U Wun (Minthuwun) changed his faculty.
On 12 May, 1962, some wardens and assistant wardens from the Rangoon University hostels resigned.
On 17 May, 1962 the Revolutionary Council's order No.30 was announced and the University Council was reformed. The Adipadi (Chancellor) was Brigadier General Than Pe, Brigadier General San Yu, Col. Than Sein and Col. Tin Soe were included. The Rector was the former Education Minister U Kar of the 1958 Caretaker Government. On 26 May, 1962 five tutorial school were closed down due to the leakage of questions. On 18 June, 1962 more unjust rules of the hostels were announced. For example, the people who ate vegetarian food were not allowed to eat it for one or two days unless they ate it the whole year. On 2 July, 1962 the high school leaving examination was abolished. The All Burma Federation of Students' Union (ABFSU) requested a discussion with the authorities.
On 3 July, 1962 in the hall of the Union there was a meeting to discuss the abolition of the system of education, and the unjust hostel rules. On 4 July, 1962, the embryonic Burmese Socialist Programme Party (BSPP) was formed. On 5th July, 1962, a strike at the Dutch Embassy was carried out by three big unions. The military authorities then stated that the people involved in the strike did not really represent the unions. The Students' Union felt that the statement made their Union appear insignificant so they objected. On 6 July, 1962, the Revolutionary Council reformed the University Senate and the Hostel Committee according to their wishes. On 7 July, 1962, at 1:00 p.m. the Students' Union held a meeting to discuss the reform and after that the students went on a protest march through the university campus. At first the Security Police (Lone Htein) arrived and they tried to control the situation by throwing tear gas. In the evening at about 5:30 p.m. two army trucks arrived and along Mandalay Hall, Ramanya Hall and Chancellor Road the soldiers started shooting at the students with automatic rifles. The soldiers were from No. 4 Burmese Rifles Battalion and the shooting order was 3 minutes shooting 2 minutes rest and 3 minutes shooting. The guns were made by a joint venture of a Burmese and German Company. They were G-3 and G-4 rifles which had never been used in any battle field. The military government declared that 17 students died, but in Mandalay Hall alone more than 17 students died according to the official records and altogether over a hundred students died. Ko Kyaw Win, a student from Myaung-mya had written on the wall of Mandalay Hall with blood from his body "7-7-62, do not forget it". Ko Kyaw Win had taken refuge at the Union Building. On 8 July, 1962, at dawn the Union Building, which had a prominent standing in the history of Burmese Independence, was destroyed by dynamite because the military government had said that it was the headquarters of the above ground communists and the refuge place of the student leaders. It was an act which had not even been committed by the colonialist foreign government. It was bloodthirsty fascists who had cruelly destroyed the Union building by dynamite. Ko Kyaw Win of Myaung-mya, who was in bed with injuries, had been blown up together with the building. The next morning at 8 a.m. when the news was announced from the radio, the military dictator called General Ne Win said, referring to the students' uprising, "If it was done purposely to oppose us, I have nothing more to say except that we will face them with sword against sword, and spear against spear, that is the only solution. " With these words he insulted the students. (ဓားဓားချင်း လှံလှံချင်းလို့ ပြောပြီးတော့ လက်နက်မရှိတဲ့သူတွေကို သေနတ်နဲ့ ပစ်ခဲ့တာပါ။)ဒီ ၁၉၆၂ ခုနှစ် လှုပ်ရှားမှုမှတ်တမ်းကို English version ဖြစ်နေလို့ နောက်ဆုံးမှ တင်လိုက်တာပါ။ source က http://www.burmalibrary.org/reg.burma/archives/199508/msg00021.html
Download book
အရေးတော်ပုံ (၄) စောင်တွဲ (၁၉၇၄ အလုပ်သမားသပိတ်+ဦးသန့် အရေးအခင်း+မှိုင်းရာပြည့်)(www.myanmarisp.com) မှ တဆင့်ရရှိသည်။ download ၉၆ ဒီဇင်ဘာကျောင်းသားလှုပ်ရှားမှု (Mr Balance ဆီမှတဆင့်ရရှိသည်။) download
ကိုစိုးထွန်းကို ကိုစိုးသိန်းလို့  ကျွန်တော်မှားရေးမိတာကို ထောက်ပြပေးတဲ့ ကို ညိုထက်ညိုကိုကျေးဇူးဗျို့ ။
၉၆ ဆန္ဒပြပွဲ ပုံရိပ် များနဲ့  ၈၈ပုံရိပ်များ ပါဝင်ပါသည်။
http://www.youtube.com/watch?v=lvBnrZhFiuE (December 1996
Unique access to Rangoon's student underground, who risk their freedom to protest against Burma's military regime.
We reveal how the students organise themselves through secret meetings...)
Monks' Powers
http://www.youtube.com/watch?v=60b6hqtXZxQ
Posted On at
at
1/31/2008 11:52:00 PM
by moe pyay
Posted On at
at
1/31/2008 09:31:00 PM
by moe pyay
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း
၁၉၄၈ ခုနှစ်၊ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာထိုကြေညာစာတမ်းကြီး၏ စာသားသည်နောက်စာမျက်နှာ များတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇ၀င်တင်မည့် ကြေညာချက်ကို ပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံ အားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကိုအများပြည်သူတို့ ကြားသိစေရန် ကြေညာပါမည့်အကြောင်းကို လည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေး အဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်း မပြုဘဲအဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေး အဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိ ဝေငှ စေရန်၊ မြင်သာအောင် ပြသထားစေရန်၊ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်း ဖော်ပြစေရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆို လိုက်သည်။
စကားချီး
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ် ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် လည်းကောင်း၊ လူ့အခွင့်ရေးများကို အရေးမထား မထီလေးစား ပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက် ဖျက်ဆီးတတ်သည့် ရက်စက် ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့သော ကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု လွတ်လပ်စွာ သက်ဝင် ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှ ကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ် သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည်၊ တရားလက်လွတ် နှိပ်စက်က လူပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီး ညှဉ်းပန်းမှု တို့ကို နောက်ဆုံး မလွှဲသာ မရှောင်သာ လက်နက် စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်ရေး များကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ် ပေးရမည်ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံ အချင်းချင်း ချစ်ခင် ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင်တို့သည် မူလလူ့အခွင့် ရေးများကို လည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကို လည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြု ပြီးသည့်ပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့်တကွ ပိုမို လွတ်လပ် ကောင်းမွန်သော လူ့ဘ၀ အဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည်ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူအခွင့်အရေးများကိုလည်ကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာ့တ၀ှမ်းလုံးတွင် ရိုသေလေးစားကျင့်သုံး စောင့်စည်း ကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့် လည်းကောင်း၊ ထိုကြောင့် အထွေထွေညီလာခံ က အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့ အစည်းတိုင်းသည် အစဉ် နှလုံးသွင်းလျက် ကမ္ဘာတ၀ှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ် ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သား များအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေး များဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တပြေးညီစွာ ဆောင်ရွက် နိုင်ကြစိမ့်သော ငှာ ယခုထုတ်ပြန် ကြေညာလိုက်သည်။
အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဥာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။
အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား၊ မ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။
ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင်ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။
အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။
အပိုဒ် ၎
မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန်သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအ၀ယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။
အပိုဒ် ၅
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။
အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။
အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။
အပိုဒ် ၈
ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီး သော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့် ရှိနိုင်စေရမည်။
အပိုဒ် ၉
မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။
အပိုဒ် ၁၀
အခွင့်အရေးများနှင့် တာဝန် ၀တ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၁
(၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆ ခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။
အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အ၀န်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ၀င်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ ကိုလည်း အထက်ပါ အတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ၀င်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။
အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင်၊မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။
အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။
အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သောအခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။
အပိုဒ် ၁၆
(၁) အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသား အဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင်
ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
(၃) မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။
အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။ ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။
အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ် ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ် စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ၀တ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်း ဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။
အပိုဒ် ၂၀
(၁) လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ၀င်စေရန် အတင်းအကျပ်မပြုရ။
အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ၀န်ထမ်းအဖွဲ့၌ ၀င်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။
အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့် အပြင်နိုင်ငံရေး ကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတ အင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။
အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရိုင်ခွင့် ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။
အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။
အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အ၀တ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မကျန်းမမာ ဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ၀မ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လြုံခုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံး သည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။
အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူ နိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာအပြည့်အ၀တိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
(၃) မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့်ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။
အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကိုလွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ၀င်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှ ဖြစ်စေ၊ မိမိကိုယ်ပိုင်ဥာဏ်ဖြင့်ကြံစည် ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေး အတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။
အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။
အပိုဒ် ၂၉
(၁) မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အ၀န်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
(၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့်လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင်ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့် ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့်လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။
အပိုဒ် ၃၀
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံတစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စုအတွက် ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည် ဟုသော်လည်းကောင်းအဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။
http://kadaung.iblogger.org/
Posted On at
at
1/31/2008 09:23:00 PM
by moe pyay
လမင်း နှင့် ကြယ်တစ်စု သို့ပေးစာ။
ကြယ်တစ်လုံး
ကောင်းကင်ပြုံးဖို့ ဟောင်းစင် ဆုံးချင်သူ။
လတစ်စင်း
ကောင်းကင်ဝင်းဖို့ ပြောင်းပြင် လင်းချင်သူ။
မိုးတစ်ည
ကောင်းကင်အဖို့ ဟောင်းတွင် နေချင်သူ။
အဟောင်းမစင်
မပြောင်းမပြင်
အဟောင်းနွံတွင်
ထိုမိုးတစ်ည
ဆိုးဒမြ က
ထို ကြယ်စုရုံး
ငွေလပြုံးကို
ဖုံးအုပ်လုယူ
ခွင့်မတူသော်….
အော်………ဒီသမိုင်း
ဆက်လက် ရိုင်းရဦးတော့မည်ပေတည်း။
ကြယ်စု လမင်း ပြည်တွင်လင်း
မိုးမိုက်တစ်ည ဖယ်ထုတ်ကြ
မုချဖျက်မှ နအဖ
ရရှိမှန်မည် ဒီမိုကရေစီ။
အို……
ပြည်သူ့ စစ်သား
တောင်သူလယ်သမားနဲ့
အို..ကျောင်းတော်သား
အလုပ်သမား
ဘုရားသားနှင့်
ကမ္ဘာ့အား တို့
ကြယ်စု တစ်စု
သင်တို့ပြု၍
လမင်းတစ်ခု
အမေစု နှင့်
ပြည်ရွာလုံးထု ညီညာစုကာ
စိုက်ပါပျိုးဖျန်း ဒီမိုလမ်းကို
မလစ်ချိန်ခါ မီပါစေဖို့
သမိုင်းတခု ထုဆစ်ပြုရန်
ဟစ်လျက်ကြွေးကြ ပြည်ထောင့်ချစ်
ရှစ်ရက်ရှစ်လ နှစ်ထောင့်ရှစ်။
(ရေးသားသီဖွဲ့ သူ - အဖြူရောင်လူ (၂၇၊၀၁၊၀၈)။
Posted On at
at
1/31/2008 06:44:00 PM
by moe pyay
ကိုဇော်နိင်ဟာ ကနေဒါနိင်ငံဗြိတိသျ ကိုလံဘီယာမှာနေတဲ့  မြန်မာနိင်ငံသားတဦးဖြစ်ပါတယ်။ သူက ရန်ဘိုကားရုပ်ရှင်ကို ကြည့် နေရင်း မြန်မာ စစ်တပ်က ကျေးရွာတွေကို မီးရှို့ ၊ လူသတ်၊ အမျိုးသမီးတွေကို စောကား မုဒိန်းကျင့် နေတာတွေကိုရုပ်ရှင်ထဲမှာတွေ့ နေရတော့ မျက်ရည်တွေ တွေ တွေကျလာတယ်။ စိတ်ကိုမထိမ်းနိင်တော့ ပဲ ခြေထောက်နဲ့ သူ့ ရှေ့ ကထိုင်နေတဲ့ ကနေဒါလူမျိုးတဦးကို စောင့်ကန်မိသတဲ့။ ဒီလူကလည်း လှန့် ပြီး လက်ပြန်ရိုက်လာတာ ကိုဇော်နိင်မျက်လုံးဖူးယောင်သွားသတယ်။
ကို ဇော်နိင်က " ဆော်ရီ ပါဗျား -ကျုပ်က မြန်မာပြည်ကလာတာပါ။ အခုဖြစ်နေတာတွေဟာ အမှန်တွေပါဗျာ။ ဒီကောင်တွေ လူတွေကို ကန်းကုန်အောင်မိုက်ရိုင်းလှတဲ့အတွက် စိတ်မထိန်းနိင်လို့ ဖြစ်သွားတာပါ။ " လို့ တောင်းပန်လိုက်သတဲ့။ ကနေဒါလူမျိုးကလည်း အေးကွာ ငါ ကိုယ်ခြင်းစာပါတယ်။ ငါတို့ လည်း ဒါတွေဖြစ်နေတယ်ဆိုတာကို သိပါတယ်။ ငါကိုယ်တိုင်ဝင်တိုက်ခြင်နေတဲ့ကောင်ပါကွာ လို့  လက်ဆွဲနှုတ်ဆက်ပြီး ပြန်တောင်းပန်သတဲ့။
ရမ်ဘိုကားဟာ အခုဆိုရင် တကမ္ဘာလုံးမှ ပြသနေပါပြီ။ သန်းရွေ စစ်အုပ်စုရဲ့ ကန်းကုန်အောင်ယုတ်မာရက်စက်မှု သူရဲဘော်ကြောင်မှုတွေက မြန်မာတပ်မတော်တခုလုံးဟာ
ကမ္ဘာလူအဖွဲ့ စည်းက လက်မခံနိင်တဲ့ စစ်တပ်တခုအဖြစ်ရပ်တည်သွားပါပြီ။ လူအဖွဲ့ စည်းက ဖယ်ကျဉ်ခံလိုက်ရတဲ့ တာလီဘန်တွေတပ်။ ခမာနီတပ် ။ အီရတ် တပ် ( National Guard ) တွေလို ဖြစ်သွားပါပြီ။ ခမာနီတွေဟာ Killing Field ဇတ်ကားကြောင့် ကမ္ဘာက ခမာနီခေါင်းဆောင် ပိုပေါ့ရဲ့ ရက်စက်ယုတ်မာမူတွေကို ပိုသိလာကြတယ်။ ဗြတိသျ ဘုရင်မကြီး က Killing Field ကြည့်ပြီးတော့ မျက်ရည်လည်ရွဲ နဲ့  " ဒီလောက်တောင် မှဖြစ်ရခြည်းလား " လို့ ပြောရတဲ့အထိဖြစ်တယ်။ သူရဲ့ သြဇာတွေဟာ ခမာနီ တွေကို နိင်ငံတကာဖိအားပေးမှုတွေရလာစေခဲ့တယ်။ ခမာနီတွေကို ကမ္ဘာမြေက နေမောင်းထုတ်နိင်အောင် ကုလသမဂရဲ့ အရေးယူဆောင်ရွက်မှုတွေဖြစ်လာအောင် လှုပ်ရှားဆောင်ရွက်နိင်ခဲ့ပါတယ်။ ခုဆို ရမ်ဘိုကား ဟာ အမေရိကန်၊တောင်အမေရိက၊ ဥရောပ၊ အရှေတောင်အာရှနိင်ငံတွေမှာ ပြန့် နှံသွားပါပြီ။ အောင်မြင်မှု ကအကြီးအကျယ်ရနေချေပြီ။ သန်းရွေ နိဂုံးချုပ်ကမဝေးတော့ချေပြီတကား။
၁၉၇၄-၇၅- ၇၆ ခုနစ်များမှာ ကျောင်းသားလှုပ်ရှားမှု၊အလုပ်သမားလှုပ်ရှားမှုတွေဖြစ်ခဲ့တယ်။ ဒီလှုပ်ရှားမှု တွေ ဖြစ်ခါနီး လေးငါလမှာ ရန်ကုန်မြို့ မှာအလွန်လူကြိုက်များနေတဲ့ ဇတ်ကားကတော့ Adventure ဇတ်ကားဖြစ်တယ်။ ဇတ်ကားက တောင်အမေရိကနိင်ငံတခုမှာအာဏာရှင်စနစ်ကိုလက်နက်ကိုင်တော်လှန်တဲ့ စိတ်ကူးယဉ်ဇတ်လမ်း။ ဒါပေမဲ့ ထွက်ပေါက်ပိတ်မိနေတဲ့ မြန်မာလူငယ်တွေအဖို့ ဒီဇတ်ကားက မျော်လင့်ချက်နဲ့ အားတက်မှုတွေကိုပေးခဲ့တယ်လို့  ၁၉၇၄ခုနစ် သပိတ်မှောက်ကျောင်းသား ဟောင်းတဦးဖြစ်ခဲ့တဲ့ ကိုမြ၀င်း ကပြောပြဘူးတယ်။
၁၉၈၈ခုနစ် လူထုအုံကြွမှုကြီးမဖြစ်ခင်မှာ တနစ်လောက်အလိုကတည်းက မြန်မာ ပပ၀င်းရုံမှာ တင်တဲ့ဇတ်ကားကတော့ ဖရန်ကိုနီရို မင်းသားအဖြစ်ပါဝင်တဲ့ Django ကောင်းဘိုင်ရုပ်ရှင်ဇတ်လမ်းကိုရုံတင်လာတယ်။ မဆလ အစိုးရ ဘတ်ချက်ကလည်း ခန်းနေ။ ရုပ်ရှင်ကားတွေလည်းထပ်မ၀ယ်နိင်။ ၁၉၆၆ ခုနစ်လောက်ကရိုက်ထားတဲ ဘယ်ကရှာလာမှန်းမသိတဲ့ Django ကိုရုပ်ရှင်ကိုခတ်ပေါပေါဈေးနဲ့ ဝယ်လာခဲ့ပုံရတယ်။ ဇတ်ကားကလည်း ဟောင်းနေပြီ၊ ဇတ်လမ်းကလည်း ကမ္ဘာမှာ ခေတ်မစားတော့တဲ့ကောင်း ဘွိုင်ကားဆိုတော့ ဖြစ်လာမဲ့အကျိုးဆက်ကိုလျော့တွက်လိုက်ကြပုံရတယ်။ ဒီဇတ်ကားကို တနစ်လောက်ရုံမချပဲ ပြခဲ့သတဲ့ဗျာ။
ဒီဇတ်လမ်းကလည်း ကျေးလက်တခုမှာ မတရား ဗိုလ်ကျနေ သူတွေကိုသေနပ်သမား လူငယ်တဦးက ရဲရဲဝံ၀ံတော်လှန်ပြစ်လိုက်တဲ့ဇတ်လမ်း။ ဒီဇတ်လမ်းက အနစ်သာရကို ကျနော်တို့ ကဒီလို ခံစားလိုက်တယ်။ မတရားမှု ကို လက်ပိတ်ကြည့် နေလို့မရ။ရရာလက်နက်ကိုင်စွဲတော်လှန်ခြင်းဟာ လူပီသစွာနေထိုင်းခြင်၊ ဘ၀သစ္စာ၊ အလှတရား။ လူဘ၀ဟာ ဘာမှမဟုတ်ဘူး၊နေရတဲ့တခဏတမှာ Django လို လောကကိုတတ်စွမ်သမျှ ပေးဆပ်ခဲ့ပြစ်လိုက်မယ်ပေါ့ဗျာ။ ဇတ်လိုက် စရိုက်ကို လည်းအတုယူလောက်စရာတွေရှိခဲ့ပါတယ်။ဇတ်ဝင်ခန်းတခုမှာ လူဆိုးက အမျိုးသမီငယ်ကိုနှောက်ယှက်တယ်။
ဒီဂျန်ဂိုး - " ကိုယ်လူ တို့ အမျိုးသမီးတွေကို ဒီလိုမဆက်ဆံသင့်ဘူး လို့ ထင်တယ်။ "
လူဆိုး- " မင်: ဘာသောက်စကားများတာလည်း "
ဒီဂျန်ဂိုး- " တကယ်လို့  ငါပြောတမှားသွားရင် တောင်းပန်တယ်။ ငါတောင်းပန်တဲ့နည်းကိုမင်းကျေနပ်မှာလား "
နောက်တော့ဒီဂျန်ဂိုကရှေရှေေးေးပြောမနေဘူးသေနပ်နဲ့လူဆိုးငါးယောက်ကိုဆက်တိုက်ပြစ်ချလိုက်တော့တယ်။ အားရလိုက်တာ။ အားရလိုက်တာမပြောပါနဲ့ တော့။ ရုပ်ရှင်ထဲက မတရားဗိုလ်ကျနေသူတွေကို ကျနောတို့ က မဆလလို့ မြင်လာသဗျ။ သေနပ်သမားလူငယ်နေရာမှာ ကျနော်လို မျက်နာနဲ့ လူငယ်တဦးဖြစ်နေတယ်။
့ ကျနော်တို့ အဖို့  ဇတ်ကားကိုကြည့်ပြီးတဲ့အခါ အချင်းချင်းကတော့ တယောက်မျက်နာတယောက်ကြည့် ကြတယ်။ မကြည့်ရသေးတဲ့သူကိုလက်တို့ တယ်။ တစုံတယောက်က နားနားကိုကပ်ပြီး ဒို့ တွေ ဒါမျိုးလုပ်ရမယ် လို့ ပြောလိုက်သလို ခံစားရတယ်။့ ကြက်သီးမွေးညင်းထသွားကြတယ်။
၂၀၀၈ခုနစ် ၊ ဟောလီဝုဒ်က ရမ်ဘိုဇတ်ကားကို ဖန်တီးလိုက်ပါပြီ။ ၁၉၈၈ ခုနစ်တုံးကပပ၀င်းရုံက Django ဇတ်ကားကြည့် ပြီး အိမ်ကိုပြန်လာတဲ့ ဆယ်ကျော်သက်လူငယ်တဦးဟာ နေခင်းအိမ်မက်ကို နေစဉ်ရက်ဆက်မက်ခဲ့ဘူးတယ်။ ဒီနေ့  ရမ်ဘို ဒီဇတ်ကားကို ကြည့်ပြီး တဲ့ မြန်မာလူငယ်မျိုးဆက်သစ် တဦးဟာ အမှန်တရားအတွက် တိုက်ပွဲ ၀င်ဖို့  တက်ကြွတဲ့ခြေလှမ်းများနဲ့ ထွက်ချမလာဘူးလို့ ဘယ်သူပြောနိင်မလည်း။
ဘာဖြစ်လို့ လည်းဆိုတော့ ဒီဇတ်ကားထဲက လူဆိုးတွေက သူတို့ ဘ၀ကိုနင်ချေဖျက်ဆီးနေတဲ့သူတွေကိုယ်တိုင်ပဲမဟုတ်ပါလား။ ရမ်ဘိုကတောင်ဒီလောက် ပြန်ချနေရင်။ သူတို့ က နအဖ ကိုလက်ပိုက်ကြည့် မနေကြမှသေချာတယ်။ တကယ်ဇတ်လိုက်တွေက သူတို့ ကလွဲလို့ ဘယ်သူများဖြစ်နိင်ဦးမလည်း ကဲဇတ်လိုက်တွေဆီကို ရမ်ဘိုဇတ်ကား မြန်မြန်ရောက်အောင် ဖြစ်တဲ့နည်းနဲ့ ပို့ ကြပါစို့ ။
" မင်းတို့ နိင်ငံတော် အမေရိကန် ၀င်တော့မယ်ကွ" လို့  အိန္ဒယ သံတမာန်တဦးက လွန်ခဲ့တဲ့ နစ်နစ်ခန့် က ကျနော်ကိုပြောပါတယ်။ ကျနော်က ဘာဖြစ်လို့ လည်း လို့ မေးတော့ အမေရိကန် က နိင်ငံတခု ကိုဝင်တော့မယ်ဆိုရင် သံတမာန်ဖိအားပေးမှု၊စီးပွားရေးပိတ်စို့မှုနောက်တော့ဟောလီုဒ်ရုပ်ရှင်နောက်တော့ကုလသမဂဖေါ်မြူလာအတိုင်းလုပ်လေ့ရှိကြတယ်ကွ လို့ သူကပြောပါသည်။ ကျနော်က ကောင်းတာပေါ့ကွ။ ငါတို့ က ၀င်စေခြင်နေတာဟုသူကိုပြန်ပြောလိုက်ပါသည်။ ရမ်ဘိုကားကို အခုရုံတင်လာပါပြီ။ ရမ်ဘိုကားတွင်းရည်ရွယ်ချက်ရှိသည်။ ဒါကတော့ မြန်မာတပ်မတော်
၁- မြန်မာ တပ်မတော်ရဲ့ မူလစိတ်ကို ပြသရန်
၂- မြန်မာ့ တပ်မတော် မြန်မာ့လ လူအဖွဲ့ စည်းမှာ မရှိသင့်တော့ သောအဖွဲ့ စည်း ။
လူအဖွဲ့ စည်းရဲ့ မကောင်းဆိုးဝါး တခု ဆိုတာကို ပရိတ်သပ်ကိုပြောပြရန်သာဖြစ်သည်။ ဒါကြောင့် မြန်မာပြည်ကို နိင်ငံတကာမိသားစုကမေ့မထားကြနဲ့  ၊ ကူညီကြပါလို့ သူကပြောလိုရင်းဖြစ်သည်။ လွန်ခဲ့တဲ့နစ်ပေါင်း ၂၅ နစ်ခန့် ကရမ်ဘို က ဂျာနယ်တခု နှင့် အင်တာဗျူး လုပ်ထားတာကို ကျနော် ဖတ်ဘူးသည်။ မှတ်မိသေးသည်။ သူအဖေက သူကို ပြောတာကို သူက ပြန်ပြောပြတာ။ သူအဖေက ငါ့ သား မင်းက သိပ်ညဏ်ရှိတဲ့ကောင်းမဟုတ်ဘူး။ မင်းဗလသာကြီးအောင်လုပ်ပေတော့ ဟူ ဆိုတသည်။ သူကအဖေစကားကိုနားထောင်တယ် ။ဗလကြီးအောင်လုပ်ခဲ့တယ်ဟုဆိုသည်။
သူဗလာကြီးကိုအခြေတည်သော ဇတ်ကားများကိုရိုက်ခဲ့ရာ အောင်မြင်ပြီးငွေသောက်သောက်လဲဝင်ခဲ့သည်။ ဟောလီဝုဒ်ထိပ်တန်းမင်းသာ။ ကမ္ဘာကျော်မင်းသားဖြစ်ခဲ့သည်။ သူရမ်ဘိုးကားရိုက်တော့မယ်ဆိုတော့ နိင်ငံတကာ ပတိပက္ဒာ လေ့လာရေးအသင်းကို လှမ်းပြီး ကမ္ဘာမှာအခြေအနေအဆိုးဆုံးနိင်ငံ တခုအကြောင်းကို ပြောစမ်းပါဟုလှမ်းမေးသည်။ ထိုအသင်းက မြန်မာပြည်လို့ ပြောလိုက်တယ်။ ဒီတော့မြန်မာပြည်အကြောင်းကိုအခြေခံပြီးရုပ်ရှင်ရိုက်တော့တယ်။ ဒီဇတ်ကားရိုက်တော့ရမ်ဘိုဟာရေရှည်ဝေးဝေး စဉ်းစား နေပုံမရဘူး။ သူနဲ့  ဖိုက်ရ။ မိုက်ရမဲ့  မြန်မာ တပ်မတော်ကို သူရုပ်ခွဲ ရတော့တယ်။ စရိုက်မှန်ကို ပြနိင်ရမယ်။ လိုရင်းတိုရှင်းလည်းဖြစ်ရမယ်။ မြန်မာတပ်မတော် ရဲ့ မူလစာရိုက် ကို မှန်ကန်စွာ သူ ဖေါ်ပြပေးလိုက်တာကတော့
၁- သူရဲဘောကြောင်တဲ့စိတ် ဓါတ်
၂- အခြောက်စိတ် (Gay များကို စောကားခြင်းမဟုတ်ပါ ။ )
ဆိုတာပဲဖြစ်ပါတယ်။ ရမ်ဘိုကားမှာ ဟစ်ခ်ျကော့် ကားတွေလို အလှည့်အပြောင်းတွေမရှိ။ စတီဗင်စဗီးလ်ဘတ်ခ်ျ ရုပ်ရှင်တွေလို Theme and Touch ကိုသိပ်ဇောင်းမပေး။ ခြုံယူစဉ်းစားခန်းတွေ ဘာတွေ ခေါင်းကိုက်စရာကောင်းတာတွေလုပ်မနေတော့ဘူး။ သူနဲ့ ချမဲ့ မြန်မာ့တပ်မတော်ဆို တာ ဘာလည်း ဆိုတဲ့ စရိုက်မှန်တွေကို ပြပြီး ဇတ်ကိုတည်ဆောက်လိုက်တော့တယ်။ မြန်မာစစ်သားများသည် သူရဲဘော်ကြောင်သူများ အခြောက်များ လို့ သူပုံဖေါ်ပေးခဲ့လေသည်။
ပုံရိပ် ၁
သူရဲဘော်ကြောင်တဲ့ မြန်မာ့တပ်မတော်
ကျနော် ၀ါဒဖြန့် တာမဟုတ်။ စိတ်ပညာကို အနည်းကျဉ်းလေ့လာဘူးသည်။ အဖွဲ့ စည်းတခုဟာရဲ့ စရိက်လက္ဒဏာ ဟာ ခေါင်းဆောင်ရဲ့ စရိက်ပေါ်မှာအများကြီးမူတည်နေသည်။ အဖွဲ့ စည်းကဒီမိုကရေစီမရှိလေ ခေါင်းဆောင်ရဲ့ စရိုက်တွေဟာ အဖွဲ့ စည်းပေါ်မှာ ထင်ဟတ်နေလေဖြစ်သည်။
ပြည်သူရဲ ဘော်ကို ဗိုလ်ချုပ်အောင်ဆန်းက ဦးဆောင်သည်။ ရဲ ဘော်တွေဟာ ဗိုလ်ချုပ် ကို သူရဲ ကောင်းလို ထားတဲ့အတွက် ရဲ ဘော်တွေက ဗိုလ်ချုပ်လို တုခဲ့ကြတယ်လို့  ဗိုလ်စက်ရောင်က မသေခင်ကကျနော်ကို ပြောဘူးသည်။ ကေအင်ယူမှာတပ်မဟာ ၅ ကိုဖျက်သိမ်းခဲ့ရသည်။ ဘာဖြစ်လို့ လည်း တပ်မဟာတခုလုံးရဲ့ ခေါင်းဆောင်က ဗိုလ်လင်းထင်။ သူကို မိန်းမလိုက်စားသည်။ မူးသည်။ယမ်းသည်။ သူရဲ ဘော်တွေကလည်း သူပုံအတိုင်းထွက်ခဲ့သည်။ တပ်မဟာ ၅ နဲ့ အနီးကပ်ဆက်ဆံခဲ့ရတဲ့ ဗိုလ်မှုးကြီးခေးနီက ကျနော်ကိုပြောဘူးသည်။
ဦးနေ၀င်းကိုတွေ့ ဘူးတဲ့သူတိုင်းကို သူဟာဘယ်လို လူလည်းလို့ ကျနော်မေးခဲ့ဘူးသည်။ အားလုံးကတညီတညွတ်တည်း အလွန်ကြောက်တတ်တယ်လို့ ပြောခဲ့ကြတယ်။ ဦးရဲ ထွန်းကျနော်ကိုပြောဘူးသည်။ သူငယ်စဉ်က တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး နေ၀င်း သူတို့ အိမ်ကိုလာသည်။ သူတို့ အိမ်တွင် သူဖခင်၊ ဦးဗဆွေနှင့် ဦးကျော်ငြိမ်းတို့  အဲ့ခန်းတွင်စကားပြောနေကြသည်။
အခြေအတင်အပြင်းအထန် ပြောနေကြရာ နေ၀င်းသည် အိမ်းခန်းထဲသို့ ပင်မ၀င်ရဲတော့ပဲ အိမ်ပြင်တွင်ကုတ်ကုတ်ကလေးဝပ်နေသည်။ သူတို့ ကလေးတွေ နှင့် ( ဦးရဲထွန်း နှင့် ) လာပြီးဆော့နေသည်ဟု သူကပြန်ပြောပြသည်။ သူရဲ့ ကြောက်စိတ်ကို တပ်မတော်ဦးစီးချုပ်ဖြစ်လာသော်လည်း မပြေပြောက်ခဲ့။ သူမွေးတဲ့တပ်တွင် သူဗီဇပါသွားတော့သည်။ နိင်ငံခြားသားများကို အကြောင်းမဲ့ကြောက်နေကြတော့သည်။
အဝေးရောက်သံတမာန်ဦးနဲ့ အင်္ဂလန်မှာတွေ့ တော့ သံရုံးထဲမှာ ဒေါသကြီး ၀ုန်းဒိုင်းကျဲနေလို့ သံအမူထမ်းတွေဘယ်သူမှမကပ်ရဲ ဘူး၊ သူထမင်းချက် ရာဂျူးကချော့မှပြော့သွားတယ်လို့ ပြောတယ်။ ကြောက်စိတ်ရှိသူများ က ဒေါသဖြင့် ကြောက်စိတ်ကိုဖုန်းကွယ်ထားခဲ့ကြသည်။
ဦးနေ၀င်း ပုံလောင်ပေးတဲ့ တပ်သည် နေ၀င်း ဗီဇ များ ကို အစွမ်းကုန်ပြသကြသည်။ မြန်မာတပ်မတော်သားများကို စစ်သားစုဆောင်းရေးလုပ်စဉ်၊ ဒီအက်စ်အေ သတင်းတက်ရောက်စဉ်များ တွင် ဦးနေ၀င်း သည် သူလို ဖြစ်အောင်ပုံသွန်းလောင်းတော့သည်။ စစ်သားအများစုမှာ လူအဖွဲ့ စည်းအောက်လွာမှ လူများဖြစ်ရာ ဘ၀ ဒဏ်ရာကိုယ်စီပါလာကြသည်။ ဆင်းရဲသည်။ စားမေးပွဲကြသည်။ ရီးစား သူထက်သာသောကောင်နောက်လိုက်သွားသည်။ ဗိုလ်ကျတာခံရသည်။ အမေကနောက်လင်နေသည်။ အပေါင်းသင်းများထဲတွင် ရပ်ကွက်ထဲတွင် အလွန်မျက်နာမွဲလှသည်။ အနိမ်ခံရသည်။ စသဖြင့် ဖြစ်ရပ်ပေါင်းစုံ၊ ဒဏ်ရာပေါင်းစုံရှိကြသည်။ သူတို့ အား ဦးနေ၀င်း က နေရာပေးခဲ့သည်။ ထိုနေရာက တပ်မတော်။
တပ်မတော်ထဲ ကိုဝင်သည်မှာ တိုင်းပြည်ကို ကာကွယ်ဖို့  မျိုးချစ်စိတ်၊ မဟာဗမာနိင်ငံတော်ကြီးတည်ဆောက်ဖို့ စသည့် အကြောင်းပြချက်များသည် စစ်သားများရဲ့  သိမ်ငယ်စိတ်ကို ဖုံးကွယ်ရန် ဇာထိုးပန်းထိုးအဆင်တန်ဆာမျှသာ။ တကယ်တော့ ကျနော်တို့ သည် စိတ်ဝေဒနာရှင်များစုဝေးနေရာ။ ယဉ်ယဉ်လေးနှင့်ရူးနေသောသူများ နှင့် တိုက်ပွဲဝင်နေကြရခြင်းသာဖြစ်သည်။
ဒါကို ရမ်ဘိုက ကောင်းကောင်းပုံဖေါ်ပေးလိုက်သည်။ ရွာတွေကို မီးရှို့ သည်။ ရွာသားများကိုသတ်သည်။ မကြုံဘူးသူများကရမ်ဘို ပိုတာဟုထင်နိင်သည်။ ရမ္ဘိုမပို။ လိုတောင်လိုသည်။ ပမာဆိုသော်။ ၁၉၈၈ မတ်လ တံတားနီဖြစ်ရပ်။ လုံထမ်းများက ကျောင်းသူများကို အသေရိုက်သတ်ကြသည်ပွဲ မတ်လ ၁၆ ရက်နေတွင်ဖြစ်ခဲ့သည်။ တပ်မတော်သားဆိုသော သူများ ငုတ်တုတ်ထိုင်ကြည့် နေကြသည်။
သူတို့ နှမသားခြင်းများ ခုလို မတော်တရောစောကားနေသည်ကို လက်ပိတ်ကြည့်နေနိင်သည်မှာ တော်ရုံတန်ရုံ သူရဲဘောကြောင်လို့ မရ ။ တော်ရံတန်ရုံ သိမ်ငယ်စိတ် သို့ မဟုတ် ကြောက်စိတ်မရှိလို့ မရ အလွန်ရှိမှရသည်။
ဒါကို ရန်ဘိုရုပ်ရှင်တွင် ပြချက်များမှာ အလွန်ရက် စက်တဲ့လုပ်ရပ်များကျူးလွန်းနေသော ခလရ ၃၆၀ တပ်သားများ က ရွာသားများကိုမီးရှို့ သတ်ဖြတ်မှုဖြင့် ပုံဖေါ်ပေးခဲ့လေသည်။ မြန်မာ တပ်မတော်ရဲ့  ရွာများကိုမီးရှို့ ဓမြတိုက် မုဒိန်းကျင့်လုပ်ရပ်များကို တန်းစီရိုက်ပြပေးပါက ပွဲကြည့်ပရိတ်သတ်များ ခုံများကိုရိုက်ချိုး ပိတ်ကားကို ပင်မီးနှင့်တင်ရှို တဲ့အထိဖြစ်နိင်ပါသည်။
မြန်မာ စစ်သားများအား အခြောက် ( Gay Tendency )
ရှိသည် ကိုရမ်ဘိုက ပြသည် ။
ပြချက်မှာ ယောက်ကျားလေးတဦးအား ဗိုလ်မူးလုပ်သူက လိင်ဆက်ဆံပုံကိုပြသည်။ ဘာကြောင့် ရမ်ဘိုက မြန်မာစစ်သားတွေကို အခြောက် စိတ် ရှိနေတယ်လို့ ယူဆပါသလည်း။ ဒါကအကြောင်းရှိသည်။ မြန်မာစစ်ဗိုလ်လောင်းများသည် သူတို့ ကိုယ်သူတို့ တိုင်းပြည်အတွက်ကယ်တင်ရှင်သဖွယ်ထင်နေသည်။စစ်ဗိုလ်မှသာတိုင်းပြည်ကိုအုပ်ချုပ်တတ်သည် ဟု ထင်နေသည်။စစ်သားဆိုသည်မှာ အလွန်ယောက်ကျားပီသသည်ဟု ထင်လေ့ရှိကြသည်။ ကြာလာတော့တခြားသူများကို ပျော့စိပျောဖတ်များ ဟုထင်သည်။ မိန်းမများကို အားနွဲ့ သူများ။ မစွမ်းဆောင်နိင်သူများဟု သူတို့ ထင်လေ့ရှိသည်။
သူတို့ သည် မိန်းမများကို ဂရုစိုက်ယောင်ပြလေ့ရှိသည်။ အထုတ်အပိုးများကို ဆွဲပေးလေ့ရှိသည်။ တကယ်က သူကယောက်ကျားပီသကြောင်းမသိမသာပြလေ့ရှိကြသည်။
တပ်မတော်အတွင်း ။ အစိုးရအဖွဲ့ စည်းအတွင်း ။ မြန်မာလူအဖွဲ့ စည်း အတွင်းမည်သသည့်အရေးကြီးတာဝန်မျိုးကိုမဆို အမျိုးသမီးများမှာ ဖယ်ထုတ်ခံရတော့သည်။ မိန်းမများအားတပ်မတော်တွင်နေရာမရှိတော့ပေ။ ရာထူးမရှိတော့ပေ။ သူတို့ သည် ယောက်ကျားများကိုသာနေ့စဉ်မြင်တွေ့ လာရတော့သည်။ တကယ်က စစ်သားများသည် စစ်သားများအချင်းအချင်း တိတ်တခိုးချစ်မြတ်နိုးခြင်းဖြစ်သည်။ သူတို့ တွင် မိန်းမရှိသည်။ ခလေးရှိသည်။ တကယ်က အခြောက်ဇတ် သို့ မသိမသာသူတို့ ကြရောက်နေကြခြင်းဖြစ်သည်။
စိတ်ပညာရှင်များ တညီတညွတ်တည်းရူဆထားသည့်အချက်တခုရှိသည်။ ယောက်ကျားပီသကြောင်းသိပ်ပြတဲ့သူဟာ အခြောက်ဖြစ်လေ့ရှိတယ်ဆိုတဲ့အချက်ပါပဲ။
ဗလမောင်တွေ ခြောက်တောက်တောက်ဖြစ်သွားလေ့ရှိသည်ကို ကျနော်တို့ ပတ်ဝန်းကျင်တွင်တွေ့ ခဲ့မြင်ခဲ့ဘူးသည်။ ပွင့်ပွင့်လင်း အခြောက်ဖြစ်သူများကို ကျနော်တို့ ခွဲခြားမဆက်ဆံပါ။ မနိမ်ပါ။ ပြသာနာတခုလို့ လည်းမမြင်ပါ။ ပြသာနာကခြောက်ခြင်ခြောက်ပါ လူတော့ မသတ်ပါနဲ့ ။ မြန်မာ တပ်မတော် အုံပုံဖြစ်နေတာကို ရမ်ဘိုက ထောက်ပြလိုက်ခြင်းဖြစ်ပါသည်။ အဖြစ်မှန်ကို ကမ္ဘာပြည်သူများသိခြင်ပုံရသည်။ ဒီအတွက် မြန်မာ့တပ်မတော် သားတွေမှာ အခြောက်စိတ်ရှိနေတယ်ဆိုတာကို မသိမသာဖေါ်ပြသွားခဲ့ခြင်းဖြစ်ပါတယ်။
မြန်မာ့တပ်မတော် ပုံရိပ် ပျက်ဆီးသွားခြင်း
Damaging Image
အမေရိကန်ကို တခြားနိင်ငံတွေယဉ်ပြိုင်လို့ မရတဲ့အချက် ၄ ချက်ရှိသည်။
၁- စစ်အင်အား၊
၂- စီးပွားရေး အင်အား
၃-နည်းပညာ
၎- ဟောလီဝုဒ် ရှုပ်ရှင်တို့ ဖြစ်ကြသည် လို့ နိင်ငံရေးသုတေသီတွေကဆိုကြတယ်။
ဟောလီဟုဒ်က ရုပ်ရှင်တွေ အရည်အသွေးညံတယ်ဆိုဦး ပရိပ်သတ်အပေါ်သြဇာလွမ်းမိုးမှုက အလွန်ကြီးမားလာသည်။ ဒီထဲမှာ နိင်ငံရေးဇတ်ကားတွေပါလာသည်။
တချိန်က ကမ္ဘောဒီယားတွင် ပိုပေါ့ ( တရုပ်ကွန်မြူနစ်လိုင်း ) နှင့် သူစစ်တပ် ခနာနီတပ်တို့ ကြီးဆိုးခဲ့သည်။ ဟောလီဝုဒ်မှာ - Killing Field ဇတ်ကားကိုတင်ဆက်ပြလိုက်ရာ
ခနာနီတို့ ပုံရိပ် အစစ်အမှန်ကို ကမ္ဘာပြည်သူများမြင်တွေ့ သွားတော့သည် ။ အလွန်စက်ဆုတ်ရွံရှာစရာ အစိုးရ ။ လူ ၄ သန်းခန့် ကိုသတ်ခဲ့တဲ့လူသတ်အစိုးရအဖြစ်သတ်မှတ်တာကိုခံလိုက်ရသည်။ ကုလသမဂ မနေနိင်တော့
နောက်တော့ ခမာနီတပ်ပျက်သွားသည်။ ပိုပေါ့ ဇတ်သိမ်းမကောင်း။ ခမာနီခေါင်းဆောင်များ ဇတ်သိမ်းမကောင်းကျတော့။ ထိုစဉ်က ခမာနီ ခေါင်းဆောင်များကို ကွန်မြူနစ်အစွန်းရောက်များ။ လူသတ်သမားဟု ဟောလီဝုဒ်ကပုံဖေါ်ပေးခဲ့သည်။
ယခု ဗိုလ်ချုပ်သန်းရွေနှင့် မြန်မာ့ တပ်မတော်အလှည့် ကျရောက်လာသည်။ ပိုပြီး ဇတ်နာလှသည်။ မြန်မာတပ်မတော် ညီမျှခြင်း သူရဲဘော်ကြောင်သူ ၊ အခြောက်စိတ် အခြေခံရှိသူ ဟု သတ်မှတ်ပေးလိုက်ခြေပြီ။
အမေရိကန် ဘယ်တော့ဝင်မလည်း ကျနော်မသိ။ မြန်မာ့တပ်မတော်ရဲ့ ပုံရိပ်ကတော့ ခနာနီထက်တခုပို သွားပေတော့သည်။ ခမာနီတို့ လူသတ်သည်။ သို့ သော်မခြောက်ကြ။ မြန်မာတပ်မတော် သည်လူသတ်သည်။ ထို့ အပြင် ခြောက်သည်။
ပျက်ယွင်းနေတဲ့ ပုံရိပ်က အမေရိကန် များရဲ့ ဦးခေါင်းထဲကိုဝင်ရောက်သွားပြီ။ ဒီပုံရိပ်ကို ၈၈ အာဏာသိမ်းပြီးကာစ နံရံတွေကိုထုံးသုတ်သလို လိုက်သုတ် ပြီး ဖျက်လို့ တော့ရအံ ဟုကျနော်မထင်။
ဗိုလ်သန်းရွေ အပါအ၀င် မြန်မာ ဗိုလ်ချုပ်တွေဟာ အခြောက်တွေလားမသိဘူး။ သိပ်ပြီး တော့ အလှအပကြိုက်ကြတယ်။ ယူနီဖေါင်းတွေဆိုရင်ကော့နေတာပဲ။ ပြီးတော့ သိပ်ပြီး အပြုအစုကလည်း သိပ်ခံခြင်ကြတာ။ ထီးမိုးပေးရတဲ့ ကောင်နဲ့  ဖိနပ်ကြိုးချည်ပေးရတာနဲ့ ။ အမေရိကန် ဗိုလ်ချုပ်တွေဆိုရင် စစ်တိုက်ချိန်မဟုတ် ပဲ လူထုမြင်ကွင်းကိုထွက်ရတဲ့ခအချိန်တွေဆိုရင် သူတို့ မိန်းမ။ ညီမ။ ရီးစား စတာတွေကို ထုတ်ပြတယ်။ မြန်မာဗိုလ်ချုပ်တွေကို တော့ မကြည့် လိုက်နဲ့  ယောက်ကျား ခြည်းပဲ ။ အတွင်းခြောက်တွေလားမသိပါဘူးဗျား။ ရမ်ဘိုရုပ်ရှင်မှာတော့ မြန်မာ ဗိုလ်မူး ဆိုတာ အခြောက်လို့  ပုံဖေါ်ထားပေးပါတယ် ။ ဗိုလ်ချုပ်သန်းရွေကို ကြည့် ရတာ မိဘုရားကြီးရှင်စောပု နဲ့ တူတယ်နော်။
http://komoethee.blogspot.com
Posted On at
at
1/31/2008 06:40:00 PM
by moe pyay
၂၀၀၆ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုတွေကို ဖေဖော်ဝါရီလဆန်းပိုင်းမှာ နေပြည်တော်မှာ ပေးတော့ မယ်တဲ့ခင်ဗျ။ စက်တင်ဘာ လူသတ်စစ်အစိုးရက ပေးအပ်ချီးမြှင့်မယ့် အကယ်ဒမီဆုပေးပွဲကြီးပေါ့ခင်ဗျာ။ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ဖတ်ရတာကို ပြောပြတာပါ။ “ကွန်ဖမ်း” ဖြစ်မဖြစ်ကတော့ ဂျာနယ်လစ်ကိုကိုလည်း အာမမခံနိုင်ဘူးခင်ဗျ။ နအဖလက်ထက်မှာက ဒီကနေ့ မနက်ဖြန် သေချာတာရယ်လို့ ဘာဆိုဘာမှ မရှိလေတော့ တပ်အပ်မ ပြောနိုင်တာကို အပြစ်လို့ မဆိုပါနဲ့ပေါ့နော်။ ဟုတ်တယ် ဟုတ်။
အရင့်အရင် နှစ်ကာလတွေတုန်းကတော့ အကယ်ဒမီဆုပေးပွဲ နီးလာရင် ပရိသတ်တွေ လှုပ်လှုပ်ရှားရှား မုန့်ဖုတ်စား (အဲလေ … ယောင်လို့) စိတ်ဝင်တစား ရှိတတ်ကြပေမယ့် ဒီကနှစ်မှာတော့ ပြည်သူတွေခမျာ စိတ်ဝင်စား အားမယ် မဟုတ်ဘူးလို့ ဂျာနယ်လစ်ကိုကို တွက်ဆနေမိသဗျ။ ဘယ်လိုဖြစ်လို့လဲဆိုတော့ လောင်စာဆီဈေးနှုန်းက တာဝတိံသာကို ရောက်၊ ကုန်ဈေးနှုန်း ဂရပ်မျဉ်းက သိကြားမင်းဖင်ကို ဆောင့်နေတဲ့အခါကျတော့ ပြည်သူတွေခမျာ စားဝတ်နေရေး ချားရဟတ်ကြီးထဲမှာ ချာချာလည် မူးနောက်ပြီး ခေါင်းမဖော်အားကြလို့ပါ။
နောက်ထပ် စိတ်မ၀င်စားအားတဲ့ အချက်က ဒီလိုပါခင်ဗျ။ ပြည်သူတွေခမျာ အသုံးမကျတဲ့ စစ်အစိုးရအပေါ် မကျေနပ်တဲ့အကြောင်း စက်တာဘာမှာ ဆန္ဒပြမိကြတယ်လေ။ အဲဒါကို အငြိုးထားပြီး နအဖစစ်ခွေးတွေက လိုက် ကိုက်နေတော့ ပြေးသူ ပြေး၊ လွှားသူ လွှား၊ ပုန်းသူ ပုန်း၊ ရှောင်သူ ရှောင်၊ စစ်ကြောရေးရောက်သူ ရောက်၊ ထောင် ထဲဝင်သူ ၀င်၊ မသေမရှင်နဲ့ မီးရှို့ခံရသူ ခံရ၊ ပုဇွန်တောင်ချောင်းထဲ မျောသူ မျောနဲ့ ယောက်ယက်ခတ် နေကြတာလည်း ပါတာပေါ့။
နောက်ဆုံးတချက်ကတော့ အကယ်ဒမီဆုပေးပွဲ စင်မြင့်ပေါ် အခွက်ပြောင်ပြောင်နဲ့ အရှက်မရှိ တက်လာပြီး ဆုချီးမြှင့်မယ့် လူသတ်ကောင် ကျော်ဆန်းရဲ့ သွက်ချာပါဒမျက်နှာကို မကြည့်ချင်ကြလို့ဘဲ ဖြစ်ပါတယ်။ အကယ်ဒမီဆု ပေးပွဲမှာ တော်ရမ်းတွေ မိန့်ခွန်းချွေမယ့် ကျော်ဆန်းလေကို နားကြားပြင်းကပ်ပြီး တီဗွီပိတ်ထားကြမှာကို ကြိုတင်မြင်ယောင်နေမိတာလည်း ပါပါတယ်။ အဲဒီလို အကြောင်းတရားတွေကြောင့် နေပြည်တော်မှာ သွေးစွန်းလက်တွေနဲ့ ပေးအပ်မယ့် အကယ်ဒမီဆုပေးပွဲကို ပြည်သူတွေ စိတ်ဝင်စားမယ် မဟုတ်ဘူးလို့ ဂျာနယ်လစ်ကိုကို ပွဲကြိုသုံးသပ်ချက်ကလေး ပေးမိခြင်း ဖြစ်ပါသဗျ (အောက်ကြေး စားသွားရင်တော့ အလျော် ပြန်မတောင်းနဲ့နော် … အဟဲ)။
ဒါ့အပြင် အကယ်ဒမီဆုပေးပွဲကြီး ကိုယ်နှိုက်ကိုယ်က စိတ်ဝင်စားချင်စရာ အကြောင်းမရှိတာလည်း ပါတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ နအဖခေတ် အကယ်ဒမီဆုပေးပွဲ ဆိုတာက ဂျာနယ်လစ်ကိုကိုတို့ ငယ်စဉ်တောင်ကျေး နှပ်ချေးတွဲလောင်းဘ၀က အကယ်ဒမီဆုပေးပွဲတွေနဲ့ “ကွန်ပဲယား”လုပ်ရင် နံ့သာဆီနဲ့ အီးလို အကွာကြီး ကွာနေလို့ပါ။ ဟိုယခင် အကယ်ဒမီဆုပေးပွဲတွေဆိုတာက ဇာတ်ကားတွေ ရာချီတဲ့အထဲက ရွေးချယ်ပြီး ပေးတာဆိုလေတော့ တိုက်ရိုက်လွှင့်တဲ့ ရေဒီယိုနားထောင်နေရင်း ‘ရင်ခုန်ရလွန်းလို့ ရူးမှာပဲ’ ဆိုသလို ဖြစ်ခဲ့ရတာပေါ့။ ဇာတ်ကားတွေကလည်း ကောင်း၊ သရုပ်ဆောင်တွေကလည်း တော်ဆိုတော့ ဘယ်သူရမယ်ဆိုတာကို မှန်းလို့ မလွယ်ဘူးခင်ဗျ။ အဲဒါကို ယုံကြည်မှုလွန်ကဲပြီး လောင်းကြေးထပ်မိလို့က တော့ စပါးနဲ့ အာကြီးပွဲလို ဟက်တက်ကြီးကွဲမှာ သေချာတယ်ခင်ဗျ (၅ဂိုး- ၁ဂိုးတဲ့ဗျာ)။
ဆိုလိုတာကတော့ ဟိုယခင့်ယခင်ကာလတွေက ဇာတ်ကားတွေ အများကြီးထဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ရတာဖြစ်ပြီး ဘယ်သူရမယ်ဆိုတာကိုလည်း ခန့်မှန်းရခက်လို့ ရတဲ့အကယ်ဒမီဆုက တန်ဖိုးရှိတယ်လို့ ပြောချင်တာပါ။ အခုခေတ် နအဖလူသတ်အစိုးရက ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲတွေကတော့ …
(၁) ပေးမယ့်ဆု အမျိုးအစားက လက်ဆယ်ချောင်းကျော်ပြီး ရုံတင်တဲ့ ဇာတ်ကားက တနှစ်လုံးမှ လက်ဆယ်ချောင်း မပြည့်တာတို့ (အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ သဘောပေါ့နော်)
(၂) ဆုပေးဖို့ လျာထားတဲ့ မင်းသားက ရောက်မလာဘဲ စားသောက်ဆိုင်တဆိုင်မှာ အရက်ထိုင်သောက်နေလို့ ပွဲမစနိုင်သေးဘဲ လိုက်ရှာပြီး သွားခေါ်ရတာတို့ (ဆုပေးပွဲကို တန်ဖိုးထားတဲ့ သဘောပေါ့ နော်)
(၃) ပေါ်လစီကားရိုက်တဲ့ မင်းသားမင်းသမီးတွေကိုသာ အလှည့်ကျ ဆုပေးတာတို့ (အရည်အချင်း အစစ်အမှန်ပေါ့နော်)
(၄) ဆုရတဲ့သူ နာမည်ကို မကြေညာရသေးခင် ကင်မရာမင်းတွေက ဆုရမယ့် မင်းသားမင်းသမီးရှေ့ ကြိုရောက်ပြီး ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်နေတာတို့ (တော်တော် ရင်ခုန်စရာ ကောင်းတယ်နော်)
(၅) အကယ်ဒမီလိုချင်တဲ့ သရုပ်ဆောင်တွေက ဆုရွေးချယ်ရေးအဖွဲ့ဝင် လူကြီးမင်းတွေအိမ်ကို နောက်ဖေးပေါက်က၀င်ပြီး အုန်းပွဲ၊ ငှက်ပျောပွဲနဲ့ ကန်တော့ရတာတို့ (လူကြီးသူမတွေကို ရိုသေလေးစားတဲ့ သဘောပေါ့နော်)
… အဲသလို ဖြစ်ရပ်မျိုးစုံနဲ့ စွဲဆောင်အား ကောင်းလွန်လွန်းလို့ တန်ဖိုးကျဆင်းပြီး ပရိသတ် စိတ်မ၀င်စားတော့တာလည်း ပါမယ်ထင်တယ်ခင်ဗျ ဟဲ ဟဲ …။
ဒါပေမယ့် ဘယ်လိုပဲ ဖြစ်ဖြစ်လေ … တနှစ်ပတ်လုံး ဇာတ်ကားတကားထဲ ရုံတင်ပြီး အဲဒီကားကိုပဲ ဆုပေး မယ်ဆိုရင်လည်း တက်ယူမယ့်သူတွေက အများသားဆိုသလို တွေ့နေရတယ်ခင်ဗျ။ အံမယ် … အံမယ် … ကြည့်စမ်း ကြည့်စမ်း ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)ကြီးတယောက် ဂျာနယ်တစောင်ထဲမှာ ရင်ခုန်စွာ ပြောကြားနေပုံများ ဒီလို ဒီလို … “အကယ်ဒမီဆိုတာကိုတော့ အကယ်ဒမီရွေးချယ်ရေး ဘုတ်အဖွဲ့က ထူးချွန်တဲ့ အနုပညာရှင်တွေကို ပေးတဲ့ဆုလို့ပဲ အဓိပ္ပါယ်ဖွင့်ချင်ပါတယ်”တဲ့။
ဟော နာနာလေး (နန္ဒလှိုင်ကို ဂျာနယ်လစ်ကိုကို ချစ်စနိုးခေါ်သံ)ရဲ့ ရင်ခုန်သံကိုလည်း ကြားချင်သေးလား ခင်ဗျ (မျိုးမျိုးခိုင်နဲ့ အတင်းတုပ်တဲ့ အခွေထဲက မဟုတ်ဘူးနော်)။ နာနာလေးကလည်း ဂျာနယ်ထဲမှာ ရင်ခုန်ထားတာက ဒီလို ဒီလို “နန္ဒာ့ကို ပရိသတ်တွေက ရစေချင်တယ် ဆိုတာနဲ့တင် နန္ဒာဝမ်းသာလှပါပြီတဲ့။ တောင်သမန်သစ္စာ ကားနဲ့ ရခဲ့မယ်ဆိုရင်လည်း နန္ဒာ အတိုင်းထက်အလွန် ၀မ်းသာမိမှာပါ”တဲ့။
ဟော … ပိုပြီးထူးခြားနေပုံက အကယ်ဒမီဆုပေးပွဲ မကျင်းပခင်မှာပဲ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေကို မြန်မာ့ရုပ်ရှင်လုပ်ငန်းက အမှတ်တရဂုဏ်ပြု အကယ်ဒမီရွှေစင်ရုပ်ဆု ပေးအပ်လိုက်တယ် ဆိုတဲ့သတင်းပါပဲ။ အဲဒီသတင်းကို ဖတ်ရတော့ ဒီနှစ်ဆုပေးမယ့် ရွှေစင်ရုပ်တွေကို ဦးလှဒင်နဲ့သားများဆိုင်မှာ သွားအပ်တာ ဆိုင်က အရုပ်တရုပ် အပိုပေးလိုက်လို့များလား၊ ဒါမှမဟုတ် ဦးမြင့်သိန်းဖေတယောက် နအဖသက်တမ်းတလျှောက် စစ်ခွေးတသိုက်ကို (အဖား)တာဝန် ကျေပြွန်ခဲ့လို့ပဲလားလို့ ဂျာနယ်လစ်ကိုကို အတွေးလွန်နေမိလေရဲ့။
ဒါပေမယ့် ဒီ့ထက်ဒီ ပိုပြီးထူးခြားနေတာက ပြီးခဲ့တဲ့ စက်တင်ဘာ ရွှေဝါရောင် အရေးတော်ပုံအပြီးမှာ မြန်မာ ပြည်သူလူထုကြီးက ပေးအပ်ချီးမြှင့်တဲ့ အကယ်ဒမီဆုပေးပွဲကို ဂျာနယ်လစ်ကိုကို အထူးဧည့်သည်တော်အနေနဲ့ တက်ရောက် သတင်းယူခဲ့ရတာပဲ ဖြစ်ပါတယ်။ အဲဒီဆုပေးပွဲကြီးမှာ မြန်မာပြည်သူလူထုကြီးက တခမ်းတနား ဂုဏ်ပြုပေးအပ်ခဲ့တဲ့ အကယ်ဒမီဆုရှင်က ရှားရှားပါးပါး နှစ်ဦးပဲ တွေ့ခဲ့ရသဗျာ။ သရုပ်ဆောင်တွေ အများကြီး ရှိတဲ့အထဲက နှစ်ယောက်ကိုပဲ ရွေးချယ်ပြီး ပေးအပ်တာဆိုတော့ ဆုရတဲ့ အကယ်ဒမီဆုရှင် နှစ်ဦးကိုယ်စား ဘယ်လောက်တောင် ဂုဏ်ယူစရာ ကောင်းလိုက်လေမလဲဆိုတာ စဉ်းစားကြည့်ပေါ့နော်။ ဆုရှင်နှစ်ဦးက ဘယ်သူတွေလဲဆိုတော့ စက်တင်ဘာ ရွှေဝါရောင်တော်လှန်းရေးကြီးအတွင်းမှာ လူထုနဲ့တသားတည်း ရပ်တည်ပြီး ရှေ့ဆုံးကနေ တက်တက်ကြွကြွ တိုက်ပွဲဝင်ခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာနဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ ရုပ်ရှင်မင်းသား ကျော်သူတို့ပဲ ဖြစ်ပါသဗျ။ သူတို့နှစ်ယောက်လည်း ဆုတက်ယူရော တီးလိုက်ကြတဲ့ ပရိသတ်လက်ခုပ်သံတွေဗျာ၊ ဘ၀ဂ်အထိအောင် ညံ ဆိုသလိုပါပဲ။ ပြည်သူတွေက ဖက်ရမ်းနမ်းရှုတ် ဂုဏ်ပြုလိုက်ကြတာများဆို ကိုဇာဂနာနဲ့ ကိုကျော်သူတို့နှစ်ယောက် အသက်တောင် ဘယ်လိုရှူရမှန်း မသိအောင် ဖြစ်ခဲ့ရသတဲ့ဗျာ။
အဲသလို ပြည်သူ့အကယ်ဒမီပေးပွဲကြီးကို တက်ရောက်ပြီးခဲ့တဲ့ ဂျာနယ်လစ်ကိုကိုအနေနဲ့ နေပြည်တော် လူ သတ်အစိုးရရဲ့ သွေးစွန်းလက်တွေနဲ့ ပေးအပ်မယ့် ဆုပေးပွဲကြီးမှာ သွေးစွန်းလက်တွေကို လက်ဆွဲနှုတ်ဆက် ပြီး ဘယ်သူတွေ ဆုတက်ယူကြမလဲ ဆိုတာကို စောင့်ကြည့်ချင်နေမိပါတယ်။ သေချာတာကတော့ ပြည်သူ့ အကယ်ဒမီ ဆုရပြီးဖြစ်တဲ့ ကိုဇာဂနာနဲ့ ကိုကျော်သူတို့ ပါမှာမဟုတ်ဘူးဆိုတာကို အိမ်တိုင်ပါချွတ်ပြီး လောင်း ကြေးထပ်ချင်နေမိတာပါပဲ။
ဂျာနယ်လစ်ကိုကို
(မိုးမခ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်)
Posted On at
at
1/31/2008 04:04:00 PM
by moe pyay
ပြောချင်၊ ရေးချင်နေတာတော့ ကြာပါပြီ။ မအားလပ်သေးတာရယ်၊ တခြားသော သရုပ်ဖော်စာတွေကို ရေးချင်စိတ်က ပိုများနေတာရယ်ကြောင့် ဒါကို မပြောဖြစ်ခဲ့သေးတာပါ။
တခြားတော့ မဟုတ်ပါဘူး။ ဒီဘက်နောက်ပိုင်း လတွေမှာ ကျနော်နဲ့ တကွ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါ အတော်များများကို မေတ္တာထားကြသူ ဟိုပုဂ္ဂိုလ်များက လက်သုံးစကားလေး တခုကို အပီအပြင်ကိုင်စွဲလို့ ဒေါသတွေ မထွက်ထွက်အောင်၊ စကားအရာအရ မနိုင် နိုင်အောင် ပြောဆို ပုတ်ခတ်တာတွေပါ။ ဘာတဲ့…၊ `အတင်းပြောနေပြန်ပြီ၊ အရည်မရ အဖတ်မရတွေ´ …တဲ့။
အဲဒီ ပုဂ္ဂိုလ်တွေကို သေသေချာချာ ဂရုစိုက် လေ့လာကြည့်မယ်ဆိုရင် ဘလော့ဂ် နာမည်တွေကသာ ကွဲမယ်၊ လက်ရှိ အုပ်ချုပ်သူ အာဏာပိုင်တွေကို သွယ်ဝိုက်လို့ တမျိုး၊ ဗြောင်ကျကျ တသွယ် ဖော်လံဖား အားပေးနေတာကတော့ တပုံစံတည်းပါပဲ။ ဒါပေမယ့် သူတို့ရဲ့ ဖော်လံဖား ဘလော့ဂ်တွေကို (သူတို့အချင်းချင်းက လွဲလို့) ဘယ်သူကမှ အသိအမှတ်ပြု အားမပေးကြတဲ့အခါမှာ သူတို့ရဲ့ ပစ်မှတ်ဟာ ဒီမိုကရေစီ လိုလားသူတွေရဲ့ ဘလော့ဂ်တွေမှာ ပုံစံမျိုးစုံနဲ့ ဆဲရေးခြင်း၊ မထိတထိ ရန်စခြင်း အစရှိတာတွေကို ဖန်တီးတော့တာပါပဲ။
သူတို့ ရန်စလိုက်လို့ တော်ရုံတန်ရုံ စိတ်သိပ်မထိန်းနိုင်တဲ့ ဒီမိုကရေစီ လိုလားသူ ဘလော့ဂါတယောက်ယောက်က ပြန်ပြောမိရင် သူတို့ကလည်း ထပ်ပြော၊ တဆင့်တဆင့်နဲ့ အပြန်အလှန် အကြီးအကျယ် ငြင်းခုန်ကြတဲ့ အဆင့်ကို မရောက်ရောက်အောင် ဖန်တီးယူတာကို သတိထားမိပါတယ်။ ဒီတော့ သာမန်အားဖြင့် `နိုင်ငံရေး´ ကို လေ့လာမြည်းစမ်းလိုသူ လူငယ်တွေရဲ့ အမြင်မှာ `နိုင်ငံရေး ဆိုတာကြီးက တဖက်နဲ့ တဖက် တိုက်ခိုက်အငြင်းပွား နေကြတာကြီးပါကွာ´ လို့ မြင်သွားစေလိုတဲ့ ရည်ရွယ်ချက် ပါဟန် ရှိပါတယ်။
ကျနော်တို့က ကျနော်တို့ရဲ့ ရင်ထဲက ဆန္ဒတွေ၊ ဖြစ်စေချင်တာတွေကို စိတ်ထဲမှာ ရှိတဲ့အတိုင်း ချရေးလိုက်တယ်။ ရေးမိတာတွေကို ကိုယ့်ရဲ့ ကိုယ်ပိုင် ဘလော့ဂ်မှာ မှတ်ကျောက်အတင်ခံပြီး လာဖတ်သူတွေရှေ့ ဖြန့်ခင်းပြလိုက်တော့ ထပ်တူထပ်မျှ ခံစားရသူတွေကလည်း သူတို့ရဲ့ ခံစားချက်တွေကို ဝေမျှကြတယ်။ ရှင်းရှင်းလေးပါပဲ။ ဒါပေမယ့် ခက်တာက၊ အဲဒါကိုတောင်မှ မရှုစိမ့်နိုင်သူတွေပါ။ ဘာအကြောင်းပဲ ရေးလိုက် ရေးလိုက်၊ လက်ရှိ အာဏာပိုင်တွေကို ထိပါးလိုက်ပြီ ဆိုတာနဲ့ အလွတ်ကျက်ထားသလို စာသားနဲ့ ပြန်တုံ့ပြန်ပါတော့တယ်။ `အတင်းပြောနေတယ်´ တဲ့…။
ကဲ…၊ ဟုတ်ပြီ။ ကျနော်တို့ကို `အတင်းပြောနေပါတယ်´ လို့ စွပ်စွဲနေသူတွေကို ကျနော် မေးခွန်း ပြန်ထုတ်ချင်ပါတယ်။ ကျနော်တို့ကို လက်ရှိအုပ်ချုပ်နေသူတွေက မြန်မာလူမျိုး ဖြစ်သလို၊ ကျနော်တို့ကလည်း မြန်မာလူမျိုးပါပဲ။ မြန်မာလူမျိုးချင်း နားလည်တဲ့ မြန်မာဘာသာစကားကို အသုံးပြုပြီးတော့ ကိုယ်ပိုင်ဘလော့ဂ်ကနေ မည်သူမဆို ဖတ်လို့ရနိုင်အောင် တင်ထားပြီးတော့ မိမိဆန္ဒကို ထုတ်ဖော်တာဟာ အတင်းပြောတယ်လို့ ပြောနိုင်ပါသလား။ အတင်းပြောတယ် ဆိုတာရဲ့ အနက်အဓိပ္ပာယ် ဆိုလိုရင်းကိုရော လေ့လာမိကြပါရဲ့လား။
လွတ်လပ်တဲ့ သတင်းအင်တာနက် စာမျက်နှာပေါ်မှာ ကိုယ့်ခံစားချက်ကို ကိုယ်ထုတ်ဖော်တာဟာ တကယ်တော့ `အတင်း´ မဟုတ်ပါဘူး။ တကယ့်တကယ်တမ်း အာဏာပိုင်တွေက စဉ်းစားဉာဏ်ရှိရှိနဲ့၊ အဓိဌာန်ကျကျ သုံးသပ်တတ်မယ်ဆိုရင် ဒါဟာ သူတို့အပေါ် ပြည်သူတွေက ထားရှိတဲ့ တကယ့်ဆန္ဒအစစ်အမှန်ပါ။ ဘက်ပေါင်းစုံကနေ ဖိနှိပ်ပိတ်ပင်ခံထားရတဲ့ အတွက် ပြည်တွင်းက ပြည်သူတွေက မပြောသာ၊ မပြောရဲတာဟာ သူတို့အပေါ် ထားရှိတဲ့ တကယ့်သဘောထား အစစ်အမှန်လို့ ထင်မြင်နေတာကိုက စိတ်ပျက်စရာ ကောင်းနေတာပါ။ တကယ်တမ်းသာ ကျနော်တို့ ပြောနေသမျှဟာ `အတင်းစကား´ ဆိုတာ သေချာပေါက် ယုံကြည်သပ ဆိုရင် ဘာကြောင့်များ ကျနော်တို့ရဲ့ ရေးသားချက်တွေကို ပြည်သူတွေက ဖတ်ခွင့်မရအောင် ပိတ်ပင်နေရပါသလဲ။ အတင်းစကားပဲ၊ ဘာများ ဂရုစိုက်စရာ လိုနေပါသေးလဲ။ `အတင်းစကား´ ကိုမှ ယုံကြည်နေလောက်အောင် ကျနော်တို့ ပြည်သူတွေ စဉ်းစားဉာဏ် မဲ့နေတယ်လို့တော့ ကျနော်မထင်ပါ။
ကျနော်တို့ကို `အတင်းပြောနေပါတယ်´ လို့ ပုတ်ခတ် စွပ်စွဲနေသူတွေရဲ့ ဘလော့ဂ်တွေကို လေ့လာကြည့်တော့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ မကောင်းကြောင်း၊ အဲဒီနိုင်ငံတွေက ရဲတွေက ဘယ်လိုဆိုးတာ၊ အဲဒီနိုင်ငံ စစ်တပ်ကတော့ ဘယ်ပုံဘယ်နည်း မကောင်းတာ၊ အစရှိတာတွေကို ကပ်ကပ်သပ်သပ် စစ်စစ်ပေါက်ပေါက် ရေးထားတာကို တွေ့နိုင်ပါတယ်။ ကဲ၊ သူတို့ အဲဒီလို ရေးနေတာတွေကို အဲဒီနိုင်ငံကြီးတွေက သိပါလေစ။ သိဖို့ နေနေသာသာ ဟိုက ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် ထင်မှာမဟုတ်ပါဘူး။ သိစရာ အကြောင်းလဲ မရှိပါဘူး။ မြန်မာလိုရေးထားတာတွေကိုး…။
ဒါပေမယ့် ကျနော်တို့ ရေးနေတာတွေကိုတော့ မြန်မာနိုင်ငံ အုပ်ချုပ်သူ အာဏာပိုင် လူကြီးမင်းများက သိပါတယ်။ သိလို့လဲ Blogger.com ဆိုတာကြီးကို ပိတ်ပင်ထားတာပါ။ သူတို့ကို ဆန့်ကျင်တဲ့ သတင်းမီဒီယာ မှန်သမျှကိုလည်း ဖြုတ်ဦးနှောက်နဲ့ လိုက်ပိတ်နေတာပါ။ ကဲ…၊ ဒါဖြင့် တကယ်တမ်း အတင်းပြောနေသူတွေက ဘယ်သူတွေ ဖြစ်နိုင်ပါမလဲ။
ဒါပေမယ့် `အတင်းပြောတယ်´ ဆိုတဲ့ စကားကတော့ ဒီမိုကရေစီ လိုလားသူ မြန်မာဘလော့ဂါတွေကို တိုက်ခိုက်ဖို့ အကောင်းဆုံး စကားလို ဖြစ်နေပါတယ်။ ဘာကြောင့်ပါလဲ။ ဒီစကားဟာ အရပ်ထဲမှာ အရပ်သား အချင်းချင်း ပြောရင်တောင် သိပ်စိတ်ဆိုးချင်စရာကိုး။ ပြီးတော့ အချက်အလက်အရ၊ အကြောင်းအရာအရ သေသေချာချာ ဃဃနနလည်း ပြန်လည် ချေပနေစရာ သိပ်မလိုလှဘဲနဲ့ စာရေးသူကို ဒေါသထွက်လာအောင် ဆွနိုင်တဲ့ နည်းဆိုတော့ ဘာကိုပဲ ရေးရေး၊ `အတင်းပြောနေပြီ´ လို့ ပုတ်ခတ်ဖို့ အဆင်သင့် ဖြစ်နေတော့တာပါပဲ။
လွန်ခဲ့တဲ့ သုံးလေးရက်က ဘလော့ဂ်ရေးဖော် မောင်နှမတချို့နဲ့ စကားစမြည်ပြောဖြစ်ခဲ့ပါတယ်။ စကားပြောရင်းနဲ့ ဘာကို သတိထားမိသလဲဆိုတော့ သူတို့တွေရဲ့ စိတ်ထဲက ဆန္ဒတွေကို လှမ်းမြင်ယောင် လာမိတာပါ။ ဒါပေမယ့် သူတို့တွေရဲ့ အဲဒီဆန္ဒတွေကို သူတို့ဘလော့ဂ်မှာ အကုန်အစင် သူတို့ ချမရေးကြဘူး။ ဘာကြောင့်လဲ။ အထက်က ကျနော်တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်များရဲ့ စနက်ကြောင့်ပါပဲ။ ဒီလိုလူတွေနဲ့ ဖက်ပြိုင်ပြီးတော့လည်း ရန်မဖြစ်ချင်ဘူး။ ဒါပေမယ့် လာပြောရင်လဲ မခံချင်စိတ်နဲ့ ပြန်ပြောမိတော့ ကိုယ့်မှာပဲ ဒေါသထွက်ရမယ်။ မရေးတာပဲ ကောင်းပါတယ်လို့ တွေးကြဟန် များလာတယ် လို့ ထင်မိပါတယ်။
မိန်းကလေးဆိုရင်လည်း မိန်းကလေး အလျှောက် နှမသားချင်း စာနာစိတ်လေးတောင် မထား ပုတ်ခတ် တိုက်ခိုက် ဆဲရေးပစ်ဖို့ ၀န်မလေးကြတဲ့ အဲဒီလူတွေရဲ့ စနက်ဟာ `လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်´ ကို စနစ်ကျကျ သွယ်ဝိုက် ထိပါးနေသလိုပါပဲ။
ဒါပေမယ့် ကျနော်တို့ ဆက်ရေးစရာရှိတာကတော့ ရေးရအုံးမှာပါပဲ။ အခုရော…၊ `အတင်းပြောနေပြန်ပြီ´ လို့ လာပုတ်ခတ်ချင်သူ ရှိနိုင်ပါသေးတယ်။ ဒီတော့လဲ ဘာဖြစ်သေးလဲ။ ခပ်ပြုံးပြုံးပေါ့။ အဓိကကတော့ ကိုယ်လျှောက်တဲ့ လမ်းကို ကိုယ်တကယ် ယုံဖို့ပါပဲခင်ဗျာ။
ကလိုစေးထူး
http://klosayhtoo.blogspot.com/
Posted On at
at
1/31/2008 03:12:00 PM
by moe pyay
ဒီနေ့ စိတ်ထဲရှုပ်ထွေးပြီးဒေါသ အလိုလိုထွက်နေတုန်း ဖုန်း မြည်လာတယ်
မြန်မာ ရုပ်ရှင်လောကထဲက မိတ်ဆွေတစ်ဦးဆီကပေါ့ဗျာ
သူဆက်လာရင် ခပ်လန့်လန့်ရယ်…
သတင်းဆိုးက ပါလာစမြဲဆိုတော့
ဒီတခေါက်လဲ ဘုရားတပြီး ကိုင်လိုက်တယ်ဆိုတာနဲ့
ကြားလိုက်ရတဲ့ မယုံကြည်စရာ သတင်းကြောင့် ဒေါသတော်တော်ထွက်ခဲ့ရပါတယ်
ကိုကျော်သူ မရွှေဇီးကွက် နဲ့ ကိုသူရတို့ကို
ရုပ်ရှင်နဲ့ စာနယ်ဇင်းတွေမှာ Banned လုပ်ခံထားရတာတော့သိပြီးကြရောပေါ့
မသိသေးရင်လဲ ဒီမှာဖတ်ကြည့်ကြပါ
ကိုကျော်သူ ကိုသူရနှင့် ဂုဏ်သရေရှိ အောက်တန်းစားကြီးများ
ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ သံဃာတော်တွေကို သူတို့ကဆွမ်းကပ်မှုနဲ့ပေါ့ဗျာ
ဒီလိုပိတ်ဆို့ခံရတဲ့အထဲမှာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် လဲ ပါခဲ့ပါတယ်
အနုပညာ နဲ့ အသက်မွေးဝမ်းကျောင်းနေရတဲ့သူတွေကို
အနုပညာ လောကထဲ ဘာမှဆက်မလုပ်ရတော့ဘူးလို့ပြောတာဟာ
လူတယောက် စားပေါက်ပိတ်အောင် လူ့အခွင့်အရေးကို လုံးဝ ချိုးဖေါက်လိုက်တာပါဘဲ
ထားပါတော့လေ ဒါကတော့ သူတို့ရဲ့ ယုတ်မာနေကြအကျင့်အတိုင်းလို့ဘဲ မှတ်လိုက်ပါတယ်
ခုတော့ဗျာ တော်တော့် ကိုနားမလည်နှိုင်လောက်အောင်ကို ထပ်ယုတ်မာကြပြန်ပြီဗျို့
ကိုကျော်သူနဲ့ မရွှေဇီးကွက်တို့ရဲ့ နာရေးကူညီမှု အသင်းအကြောင်း အများသိပြီးသားပါဗျာ
သူတို့က Non-Profit Organization ပါ
အတိတ်ကကံ မကောင်းခဲ့လို့ ဆင်းရဲလွန်းတဲ့ မြန်မာပြည်သားတွေ
သေတဲ့အခါတောင် သင်္ဂြိုလ်ဖို့ စားရိတ်လေးမှ မတတ်နှိုင်တော့တဲ့
ဒုက္ခတောထဲက ကျန်ရစ်သူ ဆင်းရဲသား မိသားစုတွေအတွက်
အသုဘ ကိစ္စ အကုန်တာဝန်ယူပြီးဆောင်ရွက်ပေးနေတဲ့
မွန်မြတ်တဲ့ ဦးတည်ချက်နဲ့ ကိုယ်ကျိုးမပါဘဲ တည်ဆောက်ခဲ့တဲ့ အဖွဲ့ပါ
ကိုကျော်သူဆိုရင် မင်းသားဆိုတဲ့ ဘဝ ကိုဘေးဖယ် အလောင်းတောင် သူကိုယ်တိုင် ဝင်ထမ်း
အသုဘကားပါ ကိုယ်တိုင်မောင်းပေးခဲ့တဲ့ အထိလုပ်ပေးခဲ့ပါတယ်
သူတို့ရဲ့ စေတနာနဲ့ မှန်ကန်တဲ့ လုပ်ရပ်ကြောင့် ဒီအသင်းဟာလဲ အရမ်းအောင်မြင်ခဲ့ပါတယ်
ဒီအသင်းရဲ့ ရပ်တည်မှုဟာ ပြည်တွင်းပြည်ပက စေတနာရှင် အလှုရှင်တွေကြောင့်ပါဘဲ
ဒီအတွက် အလှုခံကြော်ငြာတွေကိုလဲ လစဉ် မဂ္ဂဇင်းတွေထဲမှာထည့်သွင်းခဲ့ပါတယ်
နောက်ပြီး အလှုရှင်တွေရဲ့ အမည်နဲ့ ပုံတွေကိုလဲ လစဉ် မဂ္ဂဇင်းတွေမှာဖေါ်ပြနေကြပါ
ဒါပေမယ့် ဒီလတော့အရင်လိုဘဲ အလင်းတန်းဂျာနယ်မှာ အလှုခံကြော်ငြာသွားထည့်တဲ့အခါ
မထင်မှတ်ထားတဲ့ သတင်းဆိုးကို ကြားခဲ့ရပါတယ်
ဒါကတော့ နာရေးကူညီမှုအသင်းရဲ့ ကြော်ငြာတွေကိုပါ စာပေစီစစ်ရေးက ပိတ်လိုက်ပါပြီတဲ့
အလင်းတန်းဂျာနယ်က ဦးဝင်းငြိမ်း တို့လဲ စိတ်မကောင်းပေမယ့် ဘာမှတတ်နှိုင်ပုံမရပါဘူး
အခြား မဂ္ဂဇင်းတွေကိုလဲ ပိတ်ခိုင်းထားတယ်လို့ သိရပါတယ်
ဒါတော်တော် အောက်တန်းကျပြီး လူမဆန်တဲ့ လုပ်ရပ်တခုပါဘဲ
ဘယ့်နှယ်ဗျာ သူတို့ရဲ့ အုပ်ချုပ်မှု ယန္တရား အောက်မှာ အဖိနှိပ်ခံရင်း
သေဆုံးသွားရတဲ့သူတွေကို တမလွန် အထိတောင် ဘဝကူးမကောင်းအောင် လုပ်နေပြီဗျာ
ဒီအသင်းက နိုင်ငံရေးနဲ့ ဘာဆိုင်လဲဗျာ လူမှုရေးသက်သက်ဘဲဟာကို
နောက်ပြီး ဒီ အသင်းကြော်ငြာ မှာ ကိုကျော်သူတို့ ပုံတွေလဲ ဘာမှမပါပါဘူး
ဒီတော့ ဒါဟာသက်သက်မဲ့ ရန်လိုပြီးတိုက်ခိုက် တာဆိုတာရှင်းနေတာပါဘဲ
သူတို့လုပ်ရပ်ကို ခိုင်းနှိုင်းပြောဖို့ စကားလုံးတွေတောင် ရှာမရတော့ပါဘူး
ကလေးဆန်တယ် လို့ ပြောရအောင်လဲ ကလေးတွေက အင်မတန် ဖြူစင်သန့်ရှင်းပါတယ်
မိန်းမဆန်တယ်လို့ပြောရအောင်လဲ အမျိုးသမီးတွေ ကို အားနာပါရဲ့
တိရစ္ဆာန် စိတ်လို့ပြောလို့လဲမရပြန်ဘူးဗျ
တိရစ္ဆာန် တွေတောင်မှ အမျိုးချင်းတူရင် မသတ်ကြပါဘူး
ဒီကောင်တွေ ကျွန်တော်တို့ လူမျိုးတွေကို လက်ရှိဘဝမှာမက
ဘဝကူးကောင်းအောင် ကူညီသူတွေကို ပိတ်ဆို့ခြင်းအားဖြင့်
တမလွန်အထိတောင် လိုက် နှောက်ယှက်နေကြပါပြီ
ဒီကောင်ကြီးတွေ ငရဲမကြောက်တာကတော့ အထင်အရှားသိပြီးသားပါဗျာ
သံဃာတော်တွေကိုတောင် ရိုက်သတ်ရဲသေးတာဘဲ
ခုဒီလိုလုပ်တာ ဘယ်လောက် ကြီးမားတဲ့ ငရဲလဲဆိုတာရော နားလည်ရဲ့လားမသိဘူး
ဘုရားကဟောထားပါတယ်
မလှုတာက ကုသိုလ်မရရုံဘဲ ရှိတယ်တဲ့
သူများလှုတာ ကို ခိုးတာ အလှုပျက်အောင် လုပ်တာဟာ
ဗုဒ္ဓဘာသာမှာ အင်မတန်အပြစ်ကြီးပါတယ်
ဒီတော့ ကျွန်တော် တခုတွေးမိတယ်ဗျာ
ဒီလောက်တောင် အကုသိုလ်တွေ တသီကြီး လုပ်နေတဲ့ အကောင်ကြီးတွေရော
သူတို့နောက်က လိုက်နေတဲ့ အောက်တန်းစား စစ်ခွေးတွေရော
သေရင် ငရဲမှာ တန်းစီပြီးရောက်လိုက်မယ့် ဖြစ်ချင်းဗျာ
အကယ်၍ ငရဲပြည်မှာသာ အရင်ဘဝက Uniform နဲ့ ဆက်ဝတ်ခွင့်ရမယ်ဆိုရင်လေ
ငရဲပြည်ကြီးတစ်ခုလုံးကို အစိမ်းပုတ်ရောင်တွေနဲ့ ပြည့်နေမှာပါဘဲ
ဒါကြောင့် ခေတ်သစ် ဒေဝဒတ် သန်းရွှေနဲ့ အပေါင်းပါတွေကို ဝမ်းမြောက်စွာ ပြောလိုက်ပါတယ်
စိန်းလန်းစိုပြေ ငရဲမြေ က ကြိုဆိုနေပါပြီဆိုတဲ့ အကြောင်းလေးပါဘဲ
မျိုးချစ်
http://myochitmyanmar.blogspot.com/
Posted On Sunday, January 27, 2008 at
at
1/27/2008 09:33:00 PM
by moe pyay
ကျွန်တော်၏ သူငယ်ချင်း တစ်ယောက်က သူ့တူလေး အကြောင်း ပြောပြသည်။ သူ့တူလေးသည် ငါးနှစ်အရွယ်ခန့် ရှိနေပြီ ဖြစ်ပြီး လန်ဒန်တွင်မွေးသည်ဟု ဆိုသည်။ မိဘများသည် မြန်မာနိုင်ငံသား များဖြစ်သော်လည်း လန်ဒန်တွင် နေရသောကြောင့် မြန်မာစကား တတ်ခြင်းမရှိဟု ဆိုသည်။
“ငါတို့ အစ်ကို အလည်ပြန်လာတော့ ငါတို့တူလေးလည်း ပါလာတယ်။ သူ့ကို မြန်မာစကား ပြောတတ်အောင် ဆိုပြီး ငါတို့ ၀ိုင်းသင်ကြတာ။ သူနေသွားတဲ့ နှစ်ပတ်လောက် အတွင်းမှာ တခြား စကားတွေ တတ် မတတ်တော့ မသိဘူး။ စကား နှစ်ခွန်းကိုတော့ ကောင်းကောင်း ပြောတတ်သွားတယ်”
သူ့တူလေး ပြော တတ်သွားသည့် စကားနှစ်ခွန်းက ဘာလဲဟု မေးကြည့်လိုက်တော့။
“ဟေး …. မီးလာပြီ”
“ဟာ…. မီးပျက်သွားပြီ”
* * * *
ကျွန်တော် အလုပ်အတွင်း၌ ရှိနေစဉ်က ဖြစ်သည် . . . . .
ကျွန်တော်တို့ ရုံးမှာ အိပ်ကြသော သူများသည် ညပိုင်းတွင် တော်ရုံ တန်ရုံနှင့် မအိပ်ဖြစ်ကြ။ အနည်းဆုံးတော့ ညတစ်နာရီကျော် နှစ်နာရီလောက်မှသာ အိပ်ဖြစ်ကြသည်။ ထို့ကြောင့် နံနက် စောစောစီးစီး ဖုန်းလာပါက ထကိုင်ရမှာ ပျင်းကြသည်။
ထိုနေ့က ကျွန်တော် မိုးလင်းခါနီးမှာ အိပ်သည်။ အိပ်ပြီး သိပ်မကြာသေး တယ်လီဖုန်းက မြည်လာသည်။ ကျွန်တော် ခေါင်းတစ်ချက် ထောင်ကြည့်လိုက်သည်။ ကျန်အိပ်နေသူများ တုတ်တုတ်မျှ မလုပ်ကြ။ ထို့ကြောင့် မြည်နေသော တယ်လီဖုန်းကို ကိုင်ရန် အတွက် ကျွန်တော် လေးဖင့်စွာ ထလာခဲ့သည်။ ဖုန်းကို ကောက်ကိုင် လိုက်တော့ ဖုန်းက ကျသွားပြီ။ ထို့ကြောင့် ကျွန်တော် ပြန်အိပ်ဖို့ အိပ်ရာဆီသို့ ပြန်လာခဲ့သည်။
အိပ်ရာပေါ်တွင် လှဲလိုက်ခါရှိသေးသည် ဖုန်းက မြည်လာပြန်သည်။ ထို့ကြောင့် ကျွန်တော် ဖုန်းကို ထပြီး ကိုင်ရပြန်သည်။ ကိုင်လိုက်တော့ စောစောက ကဲ့သို့ပင် ဖုန်းကျသွားပြန်သည်။ ကျွန်တော် စိတ်ပျက်လက်ပျက်ဖြင့် ဖုန်းကို ပြန်ချလိုက်တော့ ဖုန်းက ပြန်မြည်လာပြန်သည်။
နံနက်စောစော စီးစီး အိပ်ကလည်း အိပ်ချင် ဖုန်းကလဲ ကိုင်ရင်ကျ သွားလိုက် ပြန်ခေါ်လိုက် လုပ်နေသော ကြောင့် ကျွန်တော် စိတ်တိုသွားသည်။ ထို့ကြောင့် ဖုန်းကို ချက်ခြင်း ကောက်ကိုင်ပြီး ဘာကိစ္စလဲဟု မေးလိုက်သည်။ ကျွန်တော်သည် ထိုအချိန်တွင် စိတ်အနည်းငယ် တိုနေသောကြောင့် ကျွန်တော့် အသံမှာလည်း နဲနဲ မာဆတ်ဆတ် ဖြစ်သွားဟန် တူသည်။ ထိုကြောင့် တစ်ဖက်က ဖုန်းပြောသူ အသံက မ၀ံ့မရဲ ဖြစ်သွားသည်။
“ဂျာနယ်တိုက်က ပါလားကွယ် . . . . ”
တစ်ဖက်မှ အသံသည် အသက်ခြောက် ဆယ်ကျော် အရွယ်ခန့်ရှိသော အမျိုးတစ်မီး တစ်ဦး ဖြစ်ဟန် တူသည်။ ကျွန်တော်က ဂျာနယ်တိုက် ဟုတ်ပါကြောင်းနှင့် ဖုန်းဆက်ရင်း ကိစ္စကို မေးကြည့်တော့။ သူက တောင်ဒဂုံကပါတဲ့ သူတို့ တောင်ဒဂုံမှာ မီးပျက်နေလို့ဟု ဆိုသည်။ ကျွန်တော် စိတ်ထဲမှာ ရယ်ချင် သလိုဖြစ်သွားသည်။ မီးပျက်တာ လျှပ်စစ် ဌာနကို မဆက်ပဲ ဂျာနယ်တိုက်ကို ဆက်နေတော့ ကျွန်တော်တို့က ဘာလုပ်ပေးနိုင်မည်နည်း။
“အဖွားကလဲ၊ ကျွန်တော်တို့ ရုံးလည်း ပျက်တာပဲလေ”
ဟု ကျွန်တော်က ပြောလိုက်တော့
“အေးကွယ် မနက်စောစော စီးစီး ဒီအဖွားကြီး အလုပ် လိုက်ရှုပ်ပြီး ဟိုဖုန်းဆက် ဒီဖုန်းဆက် လျှောက်ဆက်နေတယ်လို့ ထင်မှာပဲလေ . .. ”
ဆိုပြီး သူ့စကားကို ခဏဖြတ်သွားသည်။ ကြည့်ရတာ သူ့စိတ်ထဲမှာ ထပ်ပြောချင်ပုံ ရသည်။
ထို့ကြောင့် ကျွန်တော်က
“သြော် . .. ရပါတယ် ကိစ္စမရှိပါဘူး”
ဟုပြောလိုက်တော့ သူစကားတွေ ဆက်ပြောသည်။
“အဖွားတို့ မီးမလာလို့ ရေမချိုးရတာ နှစ်ရက်ရှိပြီ။ အိမ်မှာက ရေစက်နဲ့ အ၀ီစိ တွင်းကနေ ရေတင်ရတာလေ။ မီးမလာတော့ ရေမတင်ရဘူး။ မီးကလည်း လာရင် ညဘက် ညဉ့်နက် သန်းခေါင်မှ လာတယ်။ မိုးလင်းရင် ပျက်သွားတယ်။”
“အဖွားကလည်း အဲလို မီးလာတဲ့အချိန်မှာ တင်လေ”
“အေးကွယ် အဖွားတို့က အိမ်မှာ ယောကျာင်္းလေးလဲ မရှိဘူး။ အသက်ကြီးကြီး မိန်းမတွေ ချဉ်းပဲဆိုတော့ ညဘက်ကို မထနိုင်ဘူးလေ။ အခုလဲ မီးမလာဘူး။ ရေမရှိတော့ ဘယ်လို လုပ်ရမှန်း မသိလို့ ဂျာနယ်တိုက်ကို ဖုန်းဆက်ကြည့်လိုက်တာ။”
ကျွန်တော်က ဒါများ ဖွားရယ် လျှပ်စစ်ရုံးကို ဖုန်းဆက် မေးကြည့်ပါလားလို့ ပြောတော့၊ လျှပ်ရုံး ဖုန်းနံပါတ်ကို မသိကြောင်း။ မီးပျက်နေတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိလို့ ဖတ်နေကျ ဂျာနယ်ထဲက ဖုန်းနံပါတ်ကို ဆက်ခြင်း ဖြစ်ကြောင်း ပြန်ပြောသည်။
“မီးကလဲပျက်။ ရေကလဲ ချိုးစရာမရှိဆိုတော့။ အဖွားတို့မှာ ဘယ်ကို ဘာပြောလို့ ဘာလုပ်ရမှန်း မသိဘူးလေ။ အဲဒါကြောင့် ဂျာနယ်ထဲက နံပါတ်အတိုင်း ဆက်ကြည့်လိုက်တာပါ။ ဂျာနယ်တိုက်က ဘာမှ လုပ်ပေးလို့ မရမှန်းတော့ သိပါတယ်။ ဒါပေမယ့် အခုလို ပြောစရာ ရှိတဲ့ စကားကို ပြောလိုက်ရတော့လည်း စိတ်ထဲမှာ ပေါ့သွားတာပေါ့ကွယ်” ဟု ပြောပြီး ထိုအမျိုး သမီးကြီး ဖုန်းချသွားသည်။
* * * * *
အဒေါ်က ရိပ်သာ ၀င်မည် ဖြစ်သောကြောင့် အိမ်တွင် အစ်မတစ်ဦးတည်း ကျန်ခဲ့မည်ဟု ဆိုသည်။ ထို့ကြောင့် ကျွန်တော့်ကို အိမ်ကို လာအိပ်ပေးဖို့ အစ်မတစ်ဝမ်းကွဲ ဖြစ်သူက ခေါ်သည်။
ထို့ကြောင့် ကျွန်တော် အဒေါ်အိမ်တွင် အိပ်ရှိရာ ဒဂုံ အရှေ့သို့ ထွက်လာခဲ့သည်။ ထွက်သာ လာခဲ့ရသည် အဒေါ်အိပ်ရှိရာ ရပ်ကွက် မီးမှ လာပါ့မလား မသိ။
ကျွန်တော် ဒဂုံ အရှေ့ကို ရောက်တော့ မိုးချုပ်နေပြီ။ အဒေါ်အိမ်ရှိရာ ရပ်ကွက်ထဲကို ၀င်လိုက်တော့ မီးလေးတွေ လင်းနေသည်။ ကျွန်တော် စိတ်ထဲမှာ အဲဒီ အချိန် ရောက်မှာ သက်ပြင်း ချနိုင်တော့သည်။
အိမ်ရောက်တော့ ရေချိုး ထမင်းစားပြီး ကွန်ပျူတာသုံးမယ် လည်းလုပ်ရော။ အမက ဖွင့်လို့ မရသေးဘူးတဲ့။ ဘာဖြစ်လို့လဲ လို့မေးတော့ မီးအားကျနေတယ်ဟု ဆိုသည်။ ကျွန်တော် မီးအား အတက်ကျ ပြသည့် မီတာလေးကို ကြည့်လိုက်တော့ မီးအားက ၁၄၀ နှင့် ၁၅၀ ကြားမှာပဲ ရှိသည်။ ထိုကဲ့ သို့မီး အားကျနေခြင်းမှာ ကျွန်တော့် အထင်တော့ မီးလာသည့် အချိန်လေးတွင် မီးအားမြှင့်စက် ရှိသူများက မီးအားမြှင့်စက်များ ဖြင့် ၀ိုင်းဆွဲကြသော ကြောင့် မီးအား မြှင့်စက် မရှိသော အိမ်များ တွင်မီးအား ကျသွားကြ ဟန်တူသည်။
ထို့ကြောင့် မီးလာပြန်သော်လည်း မီးအားတက်လာရန် စောင့်ရပြန်သေးသည်။ ညဆယ်နာရီ လောက်ရောက်တော့ မီးအား ပြန်တက်လာသည်။ ဒီတစ်ကြိမ်တွင်တော့ မီးအားက ၂၀၀ နှင့် ၂၁၀ ကြားမှာ ရှိသည်။ ထို့ကြောင့် ကျွန်တော် ကွန်ပျူတာကို ဖွင့်ပြီး ဓာတ်ပုံ ပြင်စရာရှိသည် များကို ပြင်နေသည်။ ညဆယ့်တစ်နာရီ လည်းထိုးရော မီးက ပျက်သွားပြန်သည်။ ထိုအချိန် ကတည်းက ပျက်သွားသော မီးသည် မနက် ကျွန်တော် အိမ်က ထွက်ခဲ့တဲ့ အထိပြန်လာခြင်း မရှိတော့ပေ။ မီးပျက်သွားသည့် အတွက် အလုပ်က မပြီးလိုက်။
* * * *
ကျွန်တော် အဒေါ်အိမ်ကပြန်လာတော့ ဘတ်စကားက ထုတ်ပေးစဉ် ပိုက်ဆံကြားမှ စာရွက်တစ်ရွက် ညှပ်ပါလာသည်။ ကျွန်တော် ကြည့်လိုက်တော့ မီတာ စာရွက်။ အဲတော့မှ သတိရသည် ကျွန်တော် မီတာ ဆောင်ရခြင်း မရှိသေး။
ကျွန်တော် သင်တန်းဆင်းသည်နှင့် မီတာရုံးသို့ တန်းလာခဲ့ရသည်။ မီတာဆောင်ရက်မှာ ရက်လွန်နေပြီ ဖြစ်သောကြောင့် ခါတိုင်းလို အောက်ထပ်တွင် မပြီးပေ။ မီတာရုံး အပေါ်ထပ်သို့ တက်ကာ ဒါဏ်ကြေး တစ်ထောင်သွင်းရသည်။
စာရေးမက ဒါဏ်ကြေးကို ဘောင်ချာ စာရွက်မှာ ရေးနေတုန်း ရုံးနံရံတွင် ကပ်ထားသော ဘုတ်များကို စပ်စပ်စုစု လိုက်ဖတ်ကြည့်သည်။ ထိုဘုတ်များထဲမှာ တစ်ခုမှာ လျှပ်စစ် ပေးဝေရေး အဖွဲ့၏ ရည်မှန်းချက်များကို ရေးထားခြင်းဖြစ်သည်။ ထိုရည်မှန်းချက်များ ထဲမှ အောက်ဆုံး အကြောင်းမှာ
"လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးကို ဖော်ဆောင်အံ့ "
ဟုရေးထားသည်။ စာသား အနည်းငယ် လွဲကောင်း လွဲပါမည် ဆိုလိုရင်းကတော့ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီးသဖွယ် ဖြစ်လာအောင် စွမ်းဆောင်ဖို့ ရည်းမှန်းထားသည်ဟူ၍ ဖြစ်သည်။
* * * *
ကျွန်တော် နေထိုင်ရာ လမ်းထဲကို ၀င်လိုက်သည့် နှင့် မီးစက်သံကြီးများက ကျွန်တော့်ကို ဖုန်းဒိုင်း ဖုန်းဒိုင်းနှင့် ဆီးကြိုနေကြသည်။ သောချာပြီ ကျွန်တော်တို့ လမ်းထဲမှာ မီးပျက်နေပြီ။ ကျွန်တော် စိတ်ပျက်လက် ပျက်နှင့်ပင် အိမ်ပေါ်သို့ တက်လာခဲ့သည်။ မီးပျက်တော့ ဘာအလုပ်မှ လုပ်စရာ မရှိသည့် အတူတူ အိပ်တာပဲ ကောင်းသည်ဟု ကျွန်တော် တွေးလိုက်မိသည်။
မနေ့ညက မပြီးဆုံးသေးသော အိမ်စာများကို လုပ်မည်ဆိုသည့် စိတ်ကူးများကို ဖုန်းဒိုင်း ဖုန်းဒိုင်း နှင့် မြည်နေသော မီးစက်သံကြီးများက လွမ်းမိုးသွားသည်။ လျှပ်စစ်မီးဖြင့် လူ့လောက နိဗ္ဗာန်ဘုံကြီး ပေါ်ပေါက်လာမည့် အချိန်ကို စိတ်ကူးကြည့်ရင်း ထိုနေ့ နေ့လည်ခင်းက မီးပျက်နေသော အခန်းကျဉ်းလေး တစ်ခုတွင် ကျွန်တော် အိပ်ပျော်သွားခဲ့သည်။
ဆောင်းပါးကို စိုးဇေယျထွန်း ဘလောက်က ယူပါတယ်။
Posted On at
at
1/27/2008 09:27:00 PM
by moe pyay
ဗြိတိသျှအင်ပါယာ၏ ကိုလိုနီထမ်းပိုးအောက်မှ လွတ်မြောက်ခဲ့သည်မှာ အနှစ် ၆၀ ပြည့်ခဲ့ပြီဖြစ်သော်လည်း မြန်မာနိုင်ငံသည် ယခုထက်တိုင် စစ်ဗိုလ်ချုပ်ကြီးများ၏ ကျွန်ပြုခံနေရဆဲ ဖြစ်သည်။ စစ်မှန်သော လွတ်လပ်ရေးအတွက် တိုက်ပွဲကား မပြီးဆုံးသေး။
၁၈၂၄ သြဂုတ် ဗြိတိသျှတပ်များ သံလျင်ခံတပ်ကို တိုက်စဉ်
၁၈၈၅ ခုနှစ် နိုဝင်ဘာလတွင် ဗိုလ်ချုပ်ကြီး ဆာ ဟယ်ရီ နော့သ် ဒါရင်မ်ပဲ ပရင်ဒါဂါတ်စ် (Gen. Sir Harry North Dalrymple Prendergast) ဦးစီးသည့် ဗြိတိသျှ စစ်သင်္ဘောများ ဧရာဝတီ မြစ်ကြောင်းအတိုင်း မန္တလေးသို့ဆန်တက် လာသောအခါ သီပေါဘုရင်တွင် သူ၏ မီးကျိုးမောင်းပျက် တပ်မတော်သည်သာ ရှိခဲ့သည်။ ဤတပ်မတော်နှင့်အတူ တိုင်းပြည်ကိုကာကွယ် ရန် အသာထား၊ နန်းတော်ကိုပင် မမျှတသောအားဖြင့် ခုခံခဲ့ရရှာသည်။
အသက် ၂၈ နှစ်အရွယ်သာရှိသေးပြီး ရွှေနန်းတော်၏ မြို့ရိုးပြင်ပသို့ ရောက်ခဲလှရှာသော မြန်မာတို့၏ နောက်ဆုံး ရှင်ဘုရင် မှာ ခဏတွင်းချင်းမှာပင် နန်းသိမ်းနယ်နှင်ခံ လိုက်ရပါတော့သည်။ မကြာသေးသောအတိတ်က အိမ်နီးချင်းနိုင်ငံများ အပေါ် နယ်ပယ်ချဲ့ထွင် အောင်နိုင်ခဲ့သည့် သမိုင်းအစဉ်အလာရှိသော မြန်မာနိုင်ငံအဖို့ ၎င်း၏ ရှင်ဘုရင်ကိုသာမက နိုင်ငံလွတ်လပ် ရေးကိုပါ ဆုံးရှုံးခဲ့ရတော့သည်။
သီပေါဘုရင်နှင့် မိဖုရားတို့ကို ဗြိတိသျှတပ်ဖွဲ့ အစောင့်အကြပ်များဖြင့် သူရိယမီးသဘောင်္ပေါ်သို့ တိတ်တဆိတ်တင်၍ ရန်ကုန်သို့ အပို့ခံခဲ့ရသည်။ ဗြိတိသျှနယ်ချဲ့တို့က မိမိတို့ဘုရင်ကို ဖမ်းပြီး မဒရပ်စ်သို့ ပို့လိုက်ပြီဖြစ်ကြောင်း နောက်မှ သိကြ ရသည့် မြန်မာပြည်သားတို့အဖို့ ထိတ်လန့်တကြား ဖြစ်ခဲ့ကြရသည်။ သီပေါဘုရင်မှာ တိုင်းပြည်သို့ မည် သည့်အခါတွင်မျှ ပြန်မလာနိုင်ခဲ့တော့ပါ။
သီပေါမင်း ပါတော်မူစဉ်
ဗြိတိသျှများနှင့် ဗိုလ်ချုပ်ကြီးပရင်ဒါဂါတ်စ်တို့အတွက် မန္တလေးကို သိမ်းပိုက်ရသည်မှာ အပင်ပုတပင်မှသစ်သီးကို ဆွတ်ခူး ရသကဲ့သို့ပင် လွယ်ကူခဲ့သည်။ သို့သော် ဒေသခံများက ၎င်းတို့ကိုယ်၎င်းတို့ “သက်ဦးဆံပိုင် ပဒေသရာဇ်စနစ်မှ ကယ်တင် သူ” ဟု ဆိုသောကျူးကျော်သူဗြိတိသျှများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ခုခံခဲ့ကြသည်။
သီပေါမင်းသည် သနားစရာကောင်းလောက်အောင် ပျော့ညံ့သူတဦးဖြစ်ပြီး အမြော်အမြင်ရှိသည့် ခေါင်းဆောင်တဦးလည်း မဟုတ်ခဲ့ပါ။ ဗြိတိသျှကျူးကျော်စစ် မတိုင်ခင်ကာလများတွင် အနောက်နိုင်ငံများ၏ သတင်းစာများက သူ့အပေါ်အမြင်မှာ ဆိုးရွားလှပါသည်။ သွေးဆာနေသူ မိစ္ဆာတဦးသဖွယ် ဖော်ပြခဲ့ကြပြီး ညီအစ်ကိုတော် မင်းညီမင်းသားများကို အစုလိုက်အပြုံ လိုက် သတ်ဖြတ်သူလူသတ်သမား၊ မိန်းမလိုက်စားသူနှင့် ဇိုးသမားအဖြစ် ဖော်ပြခဲ့ကြပါသည်။
ဗြိတိသျှကုန်သည်များ၏ ငွေကြေးအထောက်အပံ့ဖြင့် ပုံနှိပ်ထုတ်ဝေသော ရန်ကုန်ထုတ်သတင်းစာများက အခါအားလျော်စွာ ဗမာပြည်ကို ကျူးကျော်တိုက်ခိုက်ရန် သို့မဟုတ် အထက်ဗမာပြည်ကို သိမ်းပိုက်ရန် တွန်းအားပေးနေခဲ့ကြသည်။ ၎င်းကိစ္စ အတွက် ဗြိတိသျှနယ်ချဲ့တို့က မြန်မာမင်းဆိုးကိုပြောင်းလဲပေးရန် ကြိုးစားခဲ့ကြခြင်းဖြစ်ပြီး သီပေါဘုရင်မှာလည်း နောက်ဆုံး နန်းချခံလိုက်ရတော့သည်။ “ခြေရာပျောက်မြစ်” (The River of Lost Footsteps) စာအုပ်ကို ရေးသား သူ သန့်မြင့်ဦးက “ဗြိတိသျှကုန်သည်များအတွက် မန္တလေးသည် အာရှ၏ အခြားသော ဈေးကွက်များသို့ တံခါးဖွင့်တိုးဝင်နိုင်ရန် လှေခါးတထစ်၊ ခြေတလှမ်းဖြစ်သည်”ဟု ရေးသားခဲ့ပါသည်။
အထက်ပါ မြန်မာ့သမိုင်းပညာရှင်က “ဗမာနိုင်ငံကို လုပ်ကြံရန် ဗြိတိသျှတို့ နိုင်ငံရေးခင်းကျင်းနေစဉ် နှစ်များအတွင်း အဝေး ရောက် အတိုက်အခံများ ပေါ်ပေါက်လာအောင် ဖန်တီးခဲ့သည်။ ဗမာနိုင်ငံ နယ်နိမိတ်ပြင်ပမှနေ၍ သီပေါမင်း၏ နောင်တော် ညီတော်များက သီပေါမင်းအား နန်းချရန် ကြိုးပမ်းမှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံသည် သယံဇာတ ပေါကြွယ်ဝ၍ စီးပွား ရေးအရ အလားအလာကောင်းသော နိုင်ငံအဖြစ် အားလုံးက သံသယကင်းကင်းဖြင့်လက်ခံကြသည်။
အထူးသဖြင့် ရန်ကုန်တွင် ရောက်ရှိနေကြသော စကော့လူမျိုး ကုန်သည်များက ဗမာနိုင်ငံအတွင်းမှ မတို့မထိရသေးသော ကျွန်းတောများ၊ ရေနံတွင်းများနှင့် ပတ္တမြားတွင်းများကို သွားရေယို မျက်စိကျနေခဲ့ကြပါသည်။ ပို၍မက်စရာကောင်းသည် မှာ မြန်မာနိုင်ငံသည် အကန့်အသတ်မရှိ ကြီးမားကျယ်ပြန့်လှသော တရုတ်ဈေးကွက်၏ နောက်ဖေးပေါက် ဖြစ်လာနိုင်သည် ဆိုသည့် အချက်ပင် ဖြစ်သည်”ဟု ရေးခဲ့ပါသည်။
၁၈၈၆ သိမ်းပိုက်ပြီးစ မန္တလေးနေပြည်တော်တွင်း ပစ္စည်များကို ဗြိတိသျှတို့ လေလံတင် ရောင်းချစဉ်
မန္တလေးကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းက ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ဖြစ်ပေါ်မလာစေသည့်ပြင် ကျေးလက် ဒေသများအတွင်း ဆူပူပုန်ကန်မှုများ ဖြစ်ပေါ်ကြီးထွားလာသည်။ ဆန့်ကျင်ကြသည့် လက္ခဏာများသိမ်မွေ့စွာ စတင် ပေါ်ပေါက်လာခဲ့ပြီး မန္တလေးနန်းတွင်းတွင် အလုပ်လုပ်နေကြသောအရာရှိများက သူတို့၏ အလုပ်ရှင် ဗြိတိသျှများနှင့် ကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း မပြုခဲ့ကြပါ။
တော်လှန်ပုန်ကန်မှုများ ဖြစ်ပေါ်လာသည့် နောက်ပိုင်းတွင် ဗြိတိသျှတို့က ရက်စက်ကြမ်းတမ်းစွာ ချေမှုန်းနှိမ်နင်းခဲ့ပါသည်။ အကျဉ်းရုံး ကွပ်မျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ခဲ့သည်။ ရံဖန်ရံခါ ရာဇ၀တ်သားများနှင့် ဓားပြများကို စီရင် သည့်အတိုင်း လူထုရှေ့မှောက်တွင် ခေါင်းဖြတ်သတ်ခြင်းမျိုးကိုလည်း ကျူးလွန်ခဲ့ကြပါသည်။ သို့သော် မငြိမ်မသက်ဖြစ် နေမှုကို ဗြိတိသျှတို့က မည်သို့မျှ မထိန်းသိမ်းနိုင်ခဲ့ပါ။ ဗမာတို့က မိမိတို့၏ ဘုရင်၊ ထီးနန်းကို ပြန်လိုချင်၍ လွတ်လပ်သော နိုင်ငံတော်တခုကို ပြန်လည်တည်ဆောက်လိုစိတ် ပြင်းပြထက်သန်နေခဲ့ကြပါသည်။
မိမိကိုယ်မိမိ ဗမာဘုရင်အဖြစ် (သုပဏ္ဏက ဂဠုနရာဇာဘွဲ့) ခံခဲ့သော ဆရာစံသည် ၁၉၃၀ ပြည့်နှစ်တွင် ဗြိတိသျှတို့ကို တွန်းလှန် ဆန့်ကျင်သော လယ်သမားသူပုန်တရပ်ကို ဦးဆောင်ခဲ့သည်။ တနှစ်ကြာ ထိုလယ်သမားတော်လှန်ရေးကို နှိမ်နင်းရန်အတွက် ဗြိတိသျှအစိုးရက စစ်တပ်အင်အား ၈,၀၀၀ ကို ထပ်မံ အားဖြည့်ခဲ့ရပြီး စက်သေနတ်များကိုလည်း တပ်ဆင် အသုံးချခဲ့ရသည်။
မြန်မာပြည်အထက်ပိုင်း ရွှေဘိုခရိုင်ရှိ တော်လှန်ရေးတပ်သားတစ်ဦးကို ဗြိတိသျှတပ်များက သုတ်သင်စဉ်
ဘုန်းတော်ကြီးများ၊ လယ်သမားများ၊ ကျောင်းသားများ၊ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ရေနံမြေများမှ အလုပ်သမားများနှင့် နိုင်ငံရေးသမားများအားလုံး လွတ်လပ်ရေးတိုက်ပွဲတွင် စုစည်းညီညွတ်စွာဖြင့် ပေါင်းစည်းနိုင်ခဲ့ကြသည်။
အောက်ခြေလူထုအတွင်း လှုပ်ရှားမှုတရပ် ဖြစ်သော သခင်လှုပ်ရှားမှုလည်း ပေါ်ပေါက်ခဲ့သည်။ အရှင်သခင်ဟု အဓိပ္ပာယ် ရသော “သခင်” ဟူသည့်ဝေါဟာရကို ဗြိတိသျှကိုလိုနီ နယ်ချဲ့တို့က ၎င်းတို့ကိုယ်ကို၎င်းတို့ ဂုဏ်တင်အခေါ်ခံ သုံးစွဲခဲ့ကြရာ ထိုဝေါဟာကိုပင် ဗမာမျိုးချစ်လူငယ်များကလည်း မိမိတို့ကိုယ်ကို ရည်ညွှန်းရန်အတွက် သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။
အားလုံးသော လူမှုရေးအသင်းအဖွဲ့များနှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (၀ိုင်အမ်ဘီအေ) တို့က လွတ်လပ်ရေး တိုက်ပွဲတွင် အတူလက်တွဲ တိုက်ပွဲဝင်ခဲ့ကြပါသည်။ ယခုကာလ ကျောင်းသားများဦးဆောင်သည့် စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများဖြစ်သော အဖြူရောင်လှုပ်ရှားမှု၊ ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားမှု၊ လက်မှတ်ရေးထိုး တောင်းဆိုရေး လှုပ်ရှားမှု တို့ကဲ့သို့သော လှုပ်ရှားမှုများဖြစ်၍ အရပ်သား ပြည်သူအများ၏ လှုပ်ရှားမှုများသည် လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက မြန်မာမျိုးချစ်များ တိုက်ပွဲဝင်ခဲ့ကြသော တိုက်ပွဲပုံသဏ္ဌာန်များနှင့် ဆင်ဆင်တူနေသည်ကို နှိုင်းယှဉ်မြင်တွေ့နိုင်ပါသည်။
သို့သော် နောက်ဆုံးတွင် ဗြိတိသျှအုပ်စိုးမှုကို အဆုံးသတ်သွားစေခဲ့သည်မှာ ကမ္ဘာ၏ ရပ်ဝေး အခြားတနေရာတွင် ဖြစ်ပျက် ခဲ့သော အဖြစ်အပျက်များ၏ ဆင့်ပွားအကျိုးသက်ရောက်မှုကြောင့်ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပွားလာခြင်းက ဗြိတိသျှ ကိုလိုနီအုပ်စိုးမှုကိုအဆုံးသတ်သွားစေခဲ့သည်။ မြန်မာတို့၏ရွှေမြေသည် စစ်တလင်းဖြစ်ခဲ့ရသည်။ ဂျပန်တို့က ကိုအောင်ဆန်း အပါအ၀င် မြန်မာလူငယ်အုပ်စုတစုကို ခေါ်ယူလေ့ကျင့် သင်တန်းပေးခဲ့ပြီး၊ ၎င်းတို့၏ အကူအညီဖြင့် ၁၉၄၂ ခုနှစ်တွင် ဗြိတိသျှတို့လက်မှဂျပန်တို့က သိမ်းယူခဲ့ကြပြန်သည်။ နောင်တွင် ထိုလူငယ်အုပ်စုကို “ရဲဘော်သုံးကျိပ်” ဟု လူသိများ ထင်ရှားလာပါသည်။
၁၉ ရာစုနှောင်းပိုင်း ဖောက်လုပ်သည့် ရန်ကုန်နှင့် ဧရာဝတီတိုင်း မီးရထားလမ်းဖွင့်ပွဲအခမ်းအနား
“ဟာရီ ပရင်ဒါဂါတ်စ်က မြန်မာဘုရင် သီပေါမင်းကို နန်းချခဲ့ပြီး နောက် ၆၅ နှစ်ကြာသောအခါ မြန်မာနိုင်ငံရှိ ဗြိတိသျှ အုပ်စိုးမှု သည် အခြေမခိုင်သည့် ဖဲချပ်အိမ်ကလေးကဲ့သို့ လဲပြိုကျသွားပါ တော့သည်။ သူ၏စစ်သားများနှင့် အရာရှိများသည်လည်း ထိတ်လန့်ချောက်ချားနေသည့် ထောင်ပေါင်းများစွာသော စစ်ပြေး ဒုက္ခသည်များနှင့်အတူ ထွက်ပြေးခဲ့ကြရသည်။ သူတို့ကို ခန့်ညား လှသော နှုတ်ခမ်းမွေးကြီးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ရှိုဂျီရို အီဒါ (Gen. Shojiro Iida) နှင့် သူ၏အမှတ် ၁၅ ဂျပန် ဘုရင့်ကြည်း တပ်မတော်တို့က မောင်းထုတ်ခဲ့ကြသည်။ ထိုစစ်ပွဲတွင် မြန်မာများ အနေဖြင့် ဘာမှဝင်လုပ်စရာ မလိုခဲ့ပါ။ သို့ သော်လည်း ထိုစစ်ပွဲက မြန်မာနိုင်ငံကို ဖျက်ဆီးခဲ့သည်” ဟု သန့်မြင့်ဦးက ရေးသားခဲ့ ပါသည်။
ဗြိတိသျှများ ဆုတ်ခွာသွားပြီးနောက် များစွာမကြာလိုက်ပါ။ ဂျပန်တို့ပေးသော လွတ်လပ်ရေးမှာ ရွှေရည်စိမ်လွတ်လပ်ရေး သာဖြစ်ကြောင်း မြန်မာများနားလည်သဘောပေါက်လာကြပါသည်။ ကိုအောင်ဆန်းကိုကြည့်လျှင် အင်္ဂလိပ်တို့ ခေါင်းဖြတ် သတ်ခဲ့သော နယ်ချဲ့တော်လှန်ရေးသမား အဖိုးဖြစ်သူ ဗိုလ်မင်းရောင်၏ ပြုစုပျိုးထောင်မှုဖြင့် ကြီးပြင်းခဲ့သူ၊ လူထူးလူဆန်း၊ စိတ်တိုတတ်သော ဥပဒေကျောင်းသားတဦးဖြစ်သည်ကို တွေ့ကြရပါမည်။
သူ၏ တစူးစားနိုင်မှု၊ ရိုးသားမှုနှင့် တဲ့တိုးပြောဆိုတတ်မှုတို့ကြောင့် သူ့အတွက် မိတ်ဆွေရော ရန်သူပါ တိုးပွားစေခဲ့သည်။ ဗမာပြည်သူတို့ လိုချင်နေကြသည့် လွတ်လပ်ရေး အလိုဆန္ဒကို ဖြည့်စွမ်းနိုင်ရန်အတွက် လက်နက်ကိုင်တိုက်ပွဲမှတပါး အခြား မရှိပြီဟု သူနားလည်ခဲ့သည်။
ရဲဘော်သုံးကျိပ်သည် ကိုအောင်ဆန်း ဦးဆောင်မှုဖြင့် ဂျပန်တို့သင်ပေးလိုက်သော စစ်နည်းပရိယာယ်အတတ်ကိုသုံးကာ အင်္ဂလိပ်တို့ကို မောင်းထုတ်ခဲ့ကြသည်။ ခုတ်ရာတခြား ရှရာတလွဲဖြစ်တတ်သည့် သဘာဝအတိုင်း နှစ်အနည်းငယ်ကြာသော အခါ ဂျပန်ဖက်ဆစ်တို့ကို တော်လှန်တိုက်ထုတ်သည့် ပြင်းထန်ကြမ်းတမ်းလှသော စစ်ပွဲများတွင် ဗြိတိသျှတပ်ရင်း တပ်ဖွဲ့များ နှင့် ပေါင်းမိနေပြီးသားဖြစ်နေသည်ကို သူ့ကိုယ်သူ တွေ့လာခဲ့ရပြန်ပါသည်။
အသက် ၃၂ နှစ်အရွယ်သို့ရောက်လာသောအခါ ကိုအောင်ဆန်း၌ နိုင်ငံ့ခေါင်းဆောင်တယောက်တွင် ရှိအပ်သော အရည် အချင်းများဖြင့် တည်ဆောက်ပြင်ဆင်ထားနိုင်ခဲ့ပြီး သူ့နိုင်ငံကို ဦးဆောင်သွားရန် အဆင်သင့်ဖြစ်နေခဲ့ပါသည်။ သို့သော် ယခုတကြိမ် လွတ်လပ်ရေးတိုက်ပွဲကား အပေးအယူ စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းပေါ်တွင် ဖြစ်ပွားတော့မည် ဖြစ်သည်။
ဗြိတိသျှဝန်ကြီးချုပ် အက်တလီနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့
ဒေါင်းနင်းလမ်း အမှတ် ၁၀ တွင် တွေ့ဆုံစဉ်
၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် နန်းရင်းဝန် ကလီးမင့် အက်တလီ (Clement Attlee) နှင့် တွေ့ဆုံဆွေးနွေးရန် လန်ဒန်သို့ အသွား အိန္ဒိယတွင် ခရီးတထောက် ရပ်နားစဉ် အလွန်ရှင်းလင်းတိကျသော အင်္ဂလိပ်ဘာသာစကားဖြင့် ဗိုလ်ချုပ် အောင်ဆန်းက မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာတို့၏ တောင်းဆိုချက်သည် လုံးဝ လွတ်လပ်ရေးဖြစ်ပြီး မည်သည့်ဒိုမီနီယံအဆင့် အုပ်ချုပ်ရေးမျိုးကိုမျှ လက်ခံမည်မဟုတ်” ဟုထုတ်ပြန်ကြေညာခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက “အကယ်၍သာ ဤတောင်းဆိုချက်များအပေါ် ကျေနပ်လောက် အောင် လိုက်လျောမှုမရှိပါက မြန်မာနိုင်ငံလူထုအနေဖြင့် ကောင်းသည်ဆိုးသည်ကို စဉ်းစားတော့မည်မဟုတ်ဘဲ အကြမ်း ဖက်တော်လှန်ရေး သို့မဟုတ် အကြမ်းမဖက် ဆန့်ကျင်ရေး သို့မဟုတ် နည်းလမ်းနှစ်မျိုးစလုံးကို အသုံးပြုတိုက်ပွဲဝင်သွား မည်” ဖြစ်ကြောင်း သတင်းထောက်များကို ရှင်းလင်းပြောကြားခဲ့သည်။
သို့သော် ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏၀န်ကြီးအဖွဲ့နှင့်အတူ ပြိုင်ဘက်များ၏ လုပ်ကြံသတ် ဖြတ်ခြင်းကို ခံလိုက်ရပါတော့သည်။ သူ့ဝန်ကြီးအဖွဲ့တွင် အသစ်ဖြစ်ထွန်းလာမည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို အမှန်တကယ် ဦးဆောင်မှု ပေးနိုင်သော ဗမာနှင့် လူမျိုးစုခေါင်းဆောင်များ ပါဝင်သည်။ ၁၉၄၀-၄၂ ခုနှစ်တွင် ၀န်ကြီးချုပ် ဖြစ်ခဲ့ဖူးသော ဦးစောက ၎င်းလုပ်ကြံမှုကို အမိန့်ပေးစေခိုင်းခဲ့ခြင်းဖြစ်ပြီး ခေါင်းဆောင်များ မရှိတော့လျှင် သူသာဆက်ခံရ မည်ဟု ရိုးရိုးလေးတွက်ထားပုံရပါသည်။
ယနေ့အချိန်အထိ မြန်မာနိုင်ငံပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် သက်ရှိထင်ရှား နေထိုင်လျှက် ရှိနေကြသေးသော ဗိုလ်ချုပ် အောင်ဆန်း၏ လုပ်ဖော်ကိုင်ဖက်များက ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည်လည်း ဦးစောနှင့်အတူ ပူးပေါင်း ကြံစည်ခဲ့ သည်ဟု ယုံကြည်နေကြဆဲ ဖြစ်သည်။
၁၉၄၈ ဇန်န၀ါရီ ၄ ရက် လွပ်လပ်ရေးအခမ်းအနားတွင် မြန်မာ့အလံလွှင့်ထူစဉ်
၁၉၄၈ ခုနှစ် ဇန်န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ပေးခဲ့သော “တနှစ်အတွင်းလွတ်လပ်ရေး ရစေရမည်” ဟူသည့် ကတိ က၀တ်က သူမရှိတော့သော်လည်း ပြီးပြည့်စုံခဲ့သည်။
မြန်မာ့လွတ်လပ်ရေးကို ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းစာများက ချီးမွမ်းရေးသားခဲ့ကြပါသည်။ ပေါများကြွယ်ဝ သာယာ လှပသည့် ပြည်ထောင်စုနိုင်ငံတော်၏ အနာဂတ်ကိုလည်း နယူးယောက်တိုင်းမ်၊ လာမွန်ဒေး၊ ဒေလီးတယ်လီ ဂရပ်ဖ်နှင့် လန်ဒန်တိုင်မ်း သတင်းစာများအပါအ၀င် ကမ္ဘာ့သတင်းစာများက ဝေေ၀ဆာဆာ ဖော်ကျူးရေးသားခဲ့ကြပါသည်။
လန်ဒန်ဒေးလီးတယ်လီဂရပ်သတင်းစာကြီးက “မြန်မာနိုင်ငံသည် ဗြိတိသျှဓနသဟာယအဖွဲ့မှ ပထမဦးဆုံး ထွက်သွားသော နိုင်ငံဖြစ်သော်လည်း အဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံ၏ အနာဂတ်ကို စာနာထောက်ထားမှု အပြည့်ဖြင့် ကူညီပံ့ပိုး စောင်မ ကြည့်ရှုသွားမည်” ဟုရေးသားခဲ့ပါသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေ၀င်း၏ နိုင်ငံရေးကြိုးပမ်းချက်များ
နယူးယောက်တိုင်းမ် သတင်းစာကြီးကလည်း “ ဗြိတိသျှအင်ပါယာအတွင်းသို့ အတင်းအကျပ် သွပ်သွင်းခံခဲ့ရသည့် အာရှ တိုက်၏ နောက်ဆုံး နိုင်ငံတနိုင်ငံက ဗြိတိသျှ ဓနသဟာယအဖွဲ့မှ အရင်ဦးဆုံး ငြိမ်းချမ်းစွာဖြင့် ထွက်ခွာသွားပြီ” ဟူ၍ နိုင်ငံတော်သစ်ကို အကြီးအကျယ် ချီးမွမ်းရေးသားခဲ့ပါသည်။
သို့သော်လည်း ပြဿနာများက ရှေ့တွင်စောင့်ကြိုနေခဲ့ပါသည်။
ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီး ဗြိတိသျှတို့ ထွက်ခွာသွားပြီးနောက် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက် လွတ်လပ်ရေးနေ့ တွင် အသစ်ခန့်အပ်လိုက်သည့် မြန်မာနိုင်ငံတော်၏ ၀န်ကြီးချုပ်ဦးနုက မေတ္တာရပ်ခံစကား ဆိုခဲ့သော်ငြားလည်း မငြိမ်မသက် မှုများ ဖြစ်ပွားလာပြီး ပြည်တွင်းစစ် စတင်ပါတော့သည်။ ဦးနုက “ဒီလိုခမ်းနားကြီးကျယ်လှတဲ့ နေ့မျိုးမှာ လူမျိုးရေး၊ အဖွဲ့ အစည်း၊ နိုင်ငံရေးနဲ့ ပုဂ္ဂိုလ်ရေး စတာတွေကို အကြောင်းပြုပြီး မညီညွတ်မှု သို့မဟုတ် သဘောကွဲလွဲမှုတွေအတွက် နေရာ မရှိပါဘူးလို့ ကျနော်ပြောချင်ပါတယ်၊ ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးကို ကျနော်တို့ မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုကြီး အကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စည်းလုံးညီညွတ်ကြဖို့နဲ့ အလုပ်အကျွေး ပြုကြဖို့ ဒီနေရာကနေ ကျနော်တောင်းဆိုပါတယ်” ဟု မေတ္တာရပ်ခံစကား ဆိုခဲ့ပါသည်။
ဦးနု၏ တင်ပြချက်ကို ကောင်းကောင်း နားဝင်ခဲ့ကြပုံ မပေါ်ပါ။ လူမျိုးစုပေါင်းစုံ ပုန်ကန်ထကြွမှု မီးတောက်ကြီး စတင်ဖြစ်ပွား လာပါတော့သည်။
လေပြေနှင့် စကားပြောတတ်သောဦးနုနှင့် သူ၏အစိုးရ၀န်ကြီးအဖွဲ့တို့သည်လည်း နိုင်ငံတာဝန်ကို အကြာကြီး မထမ်းဆောင် လိုက်ရပါ။ သို့သော် ဦးနုခေတ်ကို သိမီလိုက်ကြသော မြန်မာအများအပြားက ထိုခေတ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် အရှေ့တောင်အာရှ၏ ကျားတကောင်ဖြစ်လာနိုင်ခြေရှိမှုတို့နှင့် ပတ်သက်ပြီး တတမ်းတတ ပြောဆိုလေ့ရှိကြပါသည်။
၁၉၆၂ ခုနှစ် မတ်လတွင် နောက်ထပ် ရဲဘော်သုံးကျိပ်ဝင်တဦးဖြစ်သော ဗိုလ်ချုပ်ကြီးနေ၀င်းက ချောက်ထဲကျတော့မည့် တိုင်းပြည်ကို ကယ်တယ်ရန်ဟု ကြွေးကြော်ဝင်ရောက်လာပြီး နိုင်ငံအာဏာကို သိမ်းပိုက်လိုက်ပါတော့သည်။ သြဇာကြီး သည့် ခေါင်းဆောင်ကြီး၏ အာဏာသိမ်းမှုကို လမ်းမပေါ်ထွက် ဆန္ဒပြမှုအနည်းအပါးမှလွဲ၍ ကျယ်ကျယ်ပြန့်ပြန့် လက်သင့် ခံခဲ့ကြပါသည်။ ထိုနေ့ထုတ်သတင်းစာများတွင်လည်း အနည်းအကျဉ်းမျှသာ ဝေဖန်ရေးသားခဲ့ကြပါသည်။
သို့သော်လည်း အရှည်မျှော်မြင်ကြသည့် ရန်ကုန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများက ဘေးဒုက္ခဆိုးများကို တင်ကြို မြင်ခဲ့ကြပြီး အကျယ်လောင်ဆုံး ဆန့်ကျင်ကန့်ကွက်သူများ ဖြစ်လာကြပါသည်။ ဗိုလ်ချုပ်နေ၀င်းက ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖြိုချလိုက်ပြီး ကျောင်းသားများစွာကို ပစ်သတ်ပြခြင်းအားဖြင့် သူ၏ရက်စက်ကြမ်းကြုတ်မှုကို ကနဦး မှာပင် ထုတ်ဖော်ပြသခဲ့သည်။
လက်တွင်သွေးစွန်းခဲ့ပြီဖြစ်သော ဗိုလ်ချုပ်နေ၀င်းမှာ ရှိတ်စပီးယား၏ လေဒီမက္ကဘက်ပြဇာတ်မှာကဲ့သို့ သူ၏ပလ္လင်ကို မည်မျှ တန်ကြေး ပေးရပေးရ ကာကွယ်ထိန်းသိမ်းရမည့် ဘ၀သို့ ရောက်သွားပါတော့သည်။
၁၉၈၈ ဒီမိုကရေစီရေး ဆန္ဒပြသူများအား နှိမ်နင်းနေသော မြန်မာစစ်တပ်
အသက် ၉၂ နှစ်အရွယ်တွင် ဦးနေ၀င်း သေဆုံးသွားခဲ့ပါသည်။ သူ အုပ်ချုပ်ခဲ့သည့် တိုင်းပြည်ကြီးသည် ၂၆ နှစ်အကြာတွင် အာရှတိုက်စပါးကျီအဖြစ်မှ အမှားပြယုဂ်တခုအဖြစ် ယိုယွင်းကျဆင်းသွားခဲ့ပုံကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်လောက် အောင် သူအသက်ရှည်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး နိုင်ငံတနိုင်ငံ ဖြစ်သွားခဲ့ပါပြီ။ အမှန်စင်စစ် မြန်မာနိုင်ငံသည် အကယ်တင်ခံလိုက်ရခြင်း မဟုတ်မူဘဲ အဖျက်ဆီးခံလိုက်ရခြင်းသာဖြစ်ပြီး အပြိုအပျက်များဖြင့် ချိနဲ့ စွာသာ ကျန်ရစ်ခဲ့ရပါတော့သည်။
၁၉၈၈ ခုနှစ်တွင် သူဦးဆောင်သည့် ဆိုရှယ်လစ်အစိုးရကို ပြည်သူလူထုက တိုင်းပြည်အနှံ့ ဆန့်ကျင်အုံကြွ ဆန္ဒပြခဲ့ကြပြီး နောက် ဦးနေ၀င်းသည်လည်း ဂုဏ်သိက္ခာမဲ့စွာဖြင့် နုတ်ထွက်သွားခဲ့ရပါသည်။ ပလ္လင်ထက်မှ မစွန့်ခွာခင် ယခုလူသိများ လှသော နာမည်ကျော် နန်းစွန့် မိန့်ခွန်းကို မြွက်ကြားခဲ့ပါသေးသည်။ သူက “တပ်မတော်ဆိုတာ ပစ်မယ်ဆိုရင် မိုးပေါ် ထောင် မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်” ဟု နောက်ဆုံးစကားမိန့်မှာ ခြိမ်းခြောက်သွားခဲ့သည်။ ယင်းသည် လူထုဆန္ဒပြပွဲများကို အကြမ်းဖက်ဖြိုခွင်းရန် မီးစိမ်းပြလိုက်ခြင်းပင် ဖြစ်ပါသည်။ လမ်းမများပေါ်မှ ဆန္ဒပြပြည်သူ ၃,၀၀၀ ကျော် ပစ်သတ် ခံခဲ့ကြရပါသည်။ မြန်မာပြည်ကား နောက်ထပ်တကြိမ် လူသတ်ကွင်း ဖြစ်ခဲ့ရပြန်ပါသည်။
တချိန်တည်းတွင်ပင် ကျန်းမာရေးဆိုးရွားလာသော မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်ရန်အတွက် လန်ဒန်မှ ပြန်လာသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း မမေ့နိုင်သော မိန့်ခွန်းတစ်ရပ် မြွက်ကြားခဲ့ပါသည်။ သူမက “ဒီအမျိုးသားရေး အကျပ်အတည်းဟာ အမှန်တော့ အမျိုးသားလွတ်မြောက်ရေး ဒုတိယတိုက်ပွဲလို့ ပြောရင် ရနိုင် ပါတယ်” ဟု ပြောခဲ့ပါသည်။
ဗိုလ်ချုပ်နေ၀င်း၏ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို ဖယ်ရှားနိုင်လိုက်ကြပြီ ဖြစ်သော်လည်း သူ၏နောက်လိုက် စစ်ဗိုလ်မျိုးဆက်များနှင့် စစ်အာဏာရှင်စနစ်မှာမူ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ အားလုံးသည် တိုင်းပြည်၏ ကယ်တင်ရှင်များအဖြစ် ပေါ်ထွက်လာခဲ့ကြ ခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို ခိုးယူသွားခဲ့သော ဗြိတိသျှဗိုလ်ချုပ်ကြီး ပရင်ဒါဂါတ်စ်၏ သရဲတစ္ဆေများအဖြစ် ပေါ်ထွက်လာကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ယခုအခါ စစ်တပ်အုပ်စု၏ ကိုလိုနီကျွန်ပြုခြင်းကို ခံနေရပြီ ဖြစ်ပါသည်။ ယခုတကြိမ် မိမိတို့နိုင်ငံကို ကျူးကျော်ကျွန်ပြုကြသူမှာ နိုင်ငံရပ်ခြား တိုင်းတပါးမှမဟုတ်ဘဲ၊ တိုင်းပြည်အနှံ့ အပြား နေရာ လပ်မကျန် ထိုးဖောက်ဝင်ရောက်နေသော ပြည်တွင်းမှပင် ပေါက်ဖွားလာသည့် စစ်အာဏာရှင်များ ဖြစ်နေပါသည်။
အကယ်၍ ဗိုလ်ချုပ်အောင်ဆန်းသာ ယခုအထိအသက်ရှင်နေဦးမည်ဆိုပါက ကမ္ဘာ့အလယ်တွင် ရောက်ရှိနေသော သူ့ တိုင်းပြည်၏ အနေအထားအဆင့်အတန်းကိုကြည့်ပြီး ထိတ်လန့်တကြား ဖြစ်သွားပါလိမ့်မည်။ မြန်မာနိုင်ငံနည်းတူ ဗြိတိသျှ တို့၏ ကိုလိုနီ ပြုခြင်းခံခဲ့ရသော အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့ကို မနာလိုစိတ်နှင့်ပင် ကြည့်မိကောင်းကြည့်မိနိုင်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၇ ခုနှစ်တွင် ထိုစဉ်က မလေးယားဟုခေါ်သော မလေးရှားနိုင်ငံက လွတ်လပ်ရေး ကြေညာခဲ့ပါသည်။
၁၉၆၅ ခုနှစ်တွင် စင်္ကာပူနိုင်ငံကလည်း သီးခြားလွတ်လပ်ရေး ကြေညာခဲ့သည်။ ယခုမူ ထိုနှစ်နိုင်ငံစလုံးသည် အရှေ့တောင် အာရှ၏ စီးပွားရေးအတောင့်တင်းဆုံးနိုင်ငံများ ဖြစ်နေကြသည့်အပြင် တောက်ပသော အနာဂတ်ကိုလည်း ပိုင်ဆိုင်နေကြပြီ ဖြစ်ပါသည်။ အိန္ဒိယနိုင်ငံသည်လည်း ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်နေသည့်အပြင် မဟာအင်အားကြီးနိုင်ငံအဖြစ်သို့ တက်လှမ်းလာနေပြီ ဖြစ်ပါသည်။ မြန်မာနိုင်ငံမှာမူ ဒီမိုကရေစီလည်း ဆိတ်သုဉ်း၊ စီးပွားရေးလည်း ချွတ်ခြုံကျနေသည့် အပြင် တည်ငြိမ်မှုလည်း ပျက်ပြားခဲ့ပြီ ဖြစ်ပါသည်။
နေပြည်တော် တပ်မတော်နေ့ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို တွေ့ရစဉ်
ယနေ့တွင် မြန်မာပြည်သူများသည် ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားဟု ဂုဏ်မယူလို ကြတော့ပါ။ မြန်မာနိုင်ငံတွင် ဆင်းရဲ မွဲတေမှု၊ နိုင်ငံရေးပဋိပက္ခများနှင့် စစ်အာဏာရှင်စနစ်တို့သာ လွှမ်းမိုးနေရာ ဤသို့ မခံယူလိုကြသည်ကိုလည်း နားလည် စာနာဖွယ် ရှိပါသည်။ မြန်မာနိုင်ငံသားတို့ စစ်အစိုးအရကို ဖြုတ်ချရန် ကြိုးပမ်းနေကြချိန်တွင် တချို့ နိုင်ငံကိုစွန့်ခွာ ထွက် သွားကြရပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် အပယ်ခံ နိုင်ငံဖြစ်ရုံမျှမက ဒုက္ခအပေးဆုံး ကလေးဆိုးနိုင်ငံတခု အဖြစ်လည်း ကမ္ဘာက မြင်နေကြပြီ ဖြစ်ပါသည်။
သူ့စစ်သင်္ဘောများနှင့်အတူ ဗိုလ်ချုပ်ကြီးပရင်ဒါဂါတ်စ် မန္တလေးသို့ရောက်လာကတည်းက မြန်မာနိုင်ငံ၏ လွတ်လပ်ရေး၊ ကြွယ်ဝမှုနှင့် အမှီအခိုကင်းမှုတို့ ငြင်းပယ်ခံခဲ့ရပြီး မြန်မာပြည်သူများ ဆုံးရှုံးနစ်နာခဲ့ရပါသည်။ ပထမတွင် နိုင်ငံခြားသား ကျူးကျော်သူများကြောင့်ဖြစ်ပြီး နောက်ပိုင်းတွင် ပြည်တွင်းမှ စစ်အာဏာရှင်အဆက်ဆက်တို့ကြောင့် ထိုသို့ ဖြစ်ခဲ့ရသည်။
အနှစ် ၆၀ လွန်မြောက်ခဲ့ပြီ ဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းမှ အစစ်အမှန် လွတ်လပ်ရေးအတွက် တိုက်ပွဲကား မပြီးဆုံး သေးပါ။ စက်တင်ဘာအရေးအခင်းသည် မြန်မာနိုင်ငံ၏ ရှည်ကြာလှသော လွတ်လပ်ရေးတိုက်ပွဲကို ကြေညာမောင်းခတ် လိုက်ခြင်းဖြစ်သည့်အပြင် ကမ္ဘာ့အသိုင်းအ၀န်းကိုလည်း သူတို့ဆက်လက်တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း နှိုးဆော်သတိ ပေးနေခြင်းလည်း ဖြစ်ပါသည်။ [Top]
၂၀၀၇ ခုနှစ် ဇန်နဝါရီလထုတ် ဧရာဝတီမဂ္ဂဇင်းမှ အောင်ဇော် ရေးသားသည့် Independence Lost ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
http://www.irrawaddy.org/bur/Articles2008/January/11.html