Sunday, January 27, 2008

ကဗျာဆရာစောဝေ အဖမ်းခံရသည့်ကိစ္စ အဖြစ်မှန်ပေါ် ပြီ


(အာ)ရင်ဘက်က ပြောတယ်
(နာ) နာခံစားတတ်မှ ခံစားမှ
(ရူး)ရူးရူးမှုးမှုးကို ဖြစ်နေမှ
(ကြီး)မြတ်တဲ့ အနုပညာလို့
(မှူး)မှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရေ
(ကြီး)တောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
(သန်း)ပေါင်းများစွာသော ချစ်တတ်သူများ
(ရွှေ)အတိချထားသော လက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။
မကြာသေးမီ ရက်ပိုင်းက ချစ်သူများနေ့ အထိမ်းအမှတ် ‘ဖေဖော်ဝါရီ ဆယ့်လေး’ ကဗျာ ရေးသားမှုကြောင့် ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စသည် ယခုအခါ အဖြစ်မှန် ပေါ်ပေါက်ပြီဖြစ်ကြောင်း ကျွန်ုတို့၏ သတင်းထောက်မှ သတင်းပေးပို့လာပါသည်။ အဖြစ်မှန်မှာ ထိုကဗျာကို ကဗျာဆရာစောဝေက ယခင်နှစ်ကတည်းက အချစ်ဂျာနယ်သို့ ရေးသားပေးပို့ပြီး စာပေစိစစ်ရေးက ပယ်ထားပြီးဖြစ်သည်ဟု သိရပါသည်။ သို့ရာတွင် ယခုအခါ လူမှုရေးလုပ်ငန်းများ၊ အေအိုင်ဒီအက်စ်ဝေဒနာသည်များ ပြုစုစောင့်ရှောက်ရေး ကိစ္စရပ်များကို အားသွန်ခွန်စိုက် ဆောင်ရွက်နေသည့် ကဗျာဆရာစောဝေအား နိုင်ငံရေးအရ ချောက်ချချင်သဖြင့် ‘ချစ်သူများနေ့’ မတိုင်မီ ဇန်န၀ါရီလမှာပင် အချစ်ဂျာနယ် အယ်ဒီတာချုပ် မြတ်ခိုင်က ပုံနှိပ်ပြီး ဖြန့်ဝေလိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အဖြစ်မှန်ကို သိရှိရသည့်အတွက် စာပေအနုပညာ အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များက မြတ်ခိုင်၏ ကောက်ကျစ်စဉ်းလဲမှုအပေါ် အထူးဒေါသ ထွက်နေကြပြီး မြတ်ခိုင်အား အင်နှင့်အားနှင့် ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်နေကြကြောင်း သတင်းရရှိသည်။
ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စအပေါ် အဖြစ်မှန်ကို သိရှိသွားသူများက အယ်ဒီတာချုပ် မြတ်ခိုင်ထံသို့ ခြိမ်းခြောက်စာများ ပေးပို့ခြင်း၊ အများသုံး တယ်လီဖုန်းများမှတဆင့် ခြိမ်းခြောက်ပြောဆိုခြင်းများ ကြုံတွေ့နေရသည်ဟု မြတ်ခိုင်၏ ဇနီးဖြစ်သူ မနီက ကဗျာဆရာစောဝေ၏ ဇနီး ဒေါ်နန်းစန်းစန်းအေးထံသို့ ငိုကြီးချက်မ ရင်ဖွင့်ပြောဆိုကြောင်း သတင်းရရှိသည်။ ယခုအခါ စာပေအနုပညာရှင် အသိုင်းအ၀ိုင်းမှ ကဗျာဆရာစောဝေ အဖမ်းခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကောက်ကျစ် စဉ်းလဲသူ မြတ်ခိုင်အပေါ် အရှိန်မြှင့် တုန့်ပြန်ဖို့ စီစဉ်နေကြကြောင်းလည်း သတင်းရရှိသည်။


http://drlunswe.blogspot.com/

Posted in Labels: |

0 comments: