“Social Donation လုပ်တယ် ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး။ ကိုယ့်နိုင်ငံ အတွက် လုပ်နေတာ ဆိုတာ သတိရှိကြဖို့ လိုတယ်”
ကဆုန်လပြည့်နေ့က ထိုင်းမှာကျင်းပတဲ့ ဗုဒ္ဓဘာသာ ညီလာခံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ကလေး တစ်ခုကို ပြောပြမယ်။ Panel Discussion တစ်ခုမှာ ဘုန်းကြီးတစ်ပါးက ဘာထပြောသလဲဆိုတော့ ဆူနာမီရေလှိုင်းဒဏ် အခံရဆုံးဖြစ်တဲ့ ဖူးခက် ကမ်းခြေ နားက ဗုဒ္ဓ ဘာသာ ၀င်တွေ ခရစ်ယာန်ဖြစ်ကုန်ကြပြီင်္ လို့ ထောက်ပြတယ်။
ဆူနာမီခံလိုက်ရတဲ့ သူတွေမှာ စားစရာမရှိ၊နေစရာမရှိ ဖြစ်နေတာကို ထိုင်းဗုဒ္ဓဘာသာဝင်တွေ ဘယ်သူမှ သွားမကူကြပဲ ဒီအတိုင်းကြည့်နေကြတယ်။ အဲဒီ အချိန်မှာ ခရစ်ယာန် တွေက လာပြီး အစားစာတွေကျွေး၊ နေစရာတွေပေး နဲ့ ၀ိုင်းပြီး ကူညီ ပံ့ပိုးလိုက်ကြတာ ။ အားလုံး အခြေ တကျ လည်းဖြစ်သွားရော အဲဒီဒုက သည်တွေ အားလုံးကို Churchကျောင်းတွေထဲ သွင်း ပြီး ခရစ်ယာန် အဖြစ်ပြောင်းပစ်လိုက်ကြတယ်။ ဒီတင်ပဲ ကိုယ့်အပေါ် ကျေးဇူးရှိဖူး သူတွေ ရဲ့ အလို ကို လိုက်ကြရတာပေါ့။ အဲဒါ ဘာကြောင့်ဖြစ်ရတာလဲ လို့ သူကမေးခွန်း မေးတယ်။
အဲဒီမှာ သဘာပတိက ဘာထပြောသလဲ ဆိုတော့ ထိုင်း မှာ ဗုဒ္ဓဘာသာဝင် လေးပုံထဲက တစ်ပုံ လောက်က သွားကူညီခဲ့မယ် ဆိုရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး လို့ဖြေတယ်။
ဘုန်းကြီးပြောချင်တာက ဘုန်းကြီးတို့တစ်တွေက ရှေ့ကနေ ပရိယတ္တိ လုပ်သွားတဲ့ အတွက် ကြောင့် လုံလောက်မှု ရှိတယ် လို့ ဆိုရပေမယ့် နောက်ကလူတွေက အင်တိုက်အားတိုက် Social Donation မလုပ်တဲ့ အခါကျတော့ မထိရောက်သလို ဖြစ်နေတယ်။ သဒ္ဓါ မခိုင်တဲ့ အထဲ ဆင်းကလည်း ဆင်းရဲကြတော့ ပေးကမ်းထောက်ပံ့မှုများတဲ့ တစ်ခြားဘာသာနောက် လိုက်သွားကုန်ကြတာပေါ့။ အဲဒီတော့ ဘာသာရေးရေရှည်တည်တံ့ဘို့ အတွက် လှူဒါန်းငွေ လိုအပ်တယ်။ တစ်ဖက်မှာလည်း လူမှုရေး အတွက် မေ့မထားသင့်ကြဘူး။ ဟိုတစ်ချက် အာရှ သားတွေ ( အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေ) ဟာ မနှမြောတတ်ကြပါဘူး။
ဘုရားတည်မယ်ဟေ့၊ ကျောင်းဆောက်မယ်ဟေ့ လို့ကြေညာလိုက်လို့ရှိရင် ၁၀ သိန်လှူ တဲ့ လူနဲ့၊ သိန်း ၁၀၀ လှူတဲ့လူနဲ့ ။ လှူဒါန်းကြဘို့ အဆင်သင့်ပဲ။ Social Donation ဘက်မှာ ကျတော့ လှူကြရကောင်းမှန်း မသိကြလို့ မထည့်ဝင်ကြဘူး။ တကယ်တမ်း အစောက သတင်း စာ သမား ပြောသလို အာရှသားတွေ ကပ်စေးနဲ တယ်ဆို ရင် ဘာသာရေးအပိုင်းမှာ လည်း ကပ်စေးနဲကြလေကွာ။ အဲဒီလို မဟုတ်ဘူးနော် ။ ဘာပြုလို့လဲ ဆိုတော့ ဦးဆောင်မယ့်သူ မရှိလို့ပဲ။