တို့ဗမာသီချင်းသည် မြန်မာ့လွတ်လပ်ရေးသမိုင်း အမှတ်တရ ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းလှုပ်ရှားမှုသမိုင်းနှင့်မှ မပတ်သက်ပါ. ၀ိုင်အမ်ဘီအေ ဆရာတင်ရေးသားပြီး သခင်ဘသောင်းနှင့် သခင်ခေါင်းဆောင် အချို့က ဖြည့်စွက်အကြံပေးခဲ့ခြင်းဖြစ်ပါသည်။ အဖွဲ့အစည်း တစ်ခုခု ဧ။်အကျိုးစီးပွား အတွက် နာမည်တပ် အသုံးချခံရမယ်ဆိုရင်အလွန်တရာ ရင်နာဖို့ကောင်းပါလိမ့်မည်။ ထိုသူသည်လည်း ရှက်ဖွယ်ရာကောင်းလွန်းတော့သည်။ သီချင်းစာသားအား မသီဆိုခင် မူရင်းအမှန်အတိုင်း စေတနာဗလပွ ဖြင့်ဖော်ပြအပ်ပေသည်။
တို့ကို ဒို့ဟုဖတ်ပါ။
(းးးးးးးး တကောင်း..အဘိရာဇာ..၊ တို့ဗမာ..သာကီသွေးဟာမို့ မညှိုးဂုဏ်တေဇာ... ယိုးဒယားနှင့် ကုလားကိုပါ တိုက်ခိုက်ခါ..အောင်ခဲ့တာ တို့ဗမာ..၊ စိန်မှန်ကင်းအစစ်.. အဖြစ်ကြီးဖြစ်လျက် ထင်းတလှည့်ကြုံရ..ထုံးနှင့်မသွေ..လောကဓမ္မ္မတာပေ..ငါတို့ကံခေ၊ ဖြစ်ရပြန်သလေ၊ သို့သော်.. အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ပြည်။ နောင်ဥဒါန်း.. ဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှ ညံ့ကြတော့မှလား တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား (တို့ဗမာ၊ငါတို့ဗမာ)၂။ (ဒါငါတို့ဗမာ)၂ အားလုံးညီညီ ယောက်ျားဘသား တို့ဗမာ။ နောက်လာနောက်သား ကောင်းစားဖို့ရာ တို့ကိုယ်ကျိုးလုံးလုံးမပါ. ရဲရဲဗမာပီ ဗမာပြည် တို့ဗမာဘို့ပါ။ သခင်အကျင့်ကို ကျင့်ကြပါ။ သခင်မျိုးဟေ့ တို့ဗမာ ... မိုးအောက်မြေပြင်မှာအထက်တန်း စိတ်နဲ့ စာမရီသွေး တို့ဗမာ.. (သံပြိုင်)။ ။ (ကမ္ဘာမကြေ၊ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်)၃ တို့ဗမာ တို့ဗမာ ပြည်ကို... တိုင်းရင်းသားအကုန်အစင် တို့ပြည်လို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာခင်။ အမျိုးသားရေးကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ......... အရှေ့ကနေ၀န်း ထွက်သည့်ပမာ၊ တို့ခေတ်ကိုတော့ ရောက်ရပေမှာ မလွဲပါ.. တို့ဗမာ ဟေ့ တို့ဗမာ ဗမာပြည် တ၀ှမ်းအကုန်.. တို့အိမ်မှတ်ပါ..တို့ယာမှတ်ပါ.. အဲဒါတို့ဗမာ.. (သံပြိုင်)။ ။
http://natshinnaung.blogspot.com/
မှကူးယူဖော်ပြသည် ။
စကားမစပ် တို့ဗမာသီချင်းဟာမည်သည့်အဖွဲ့အစည်းလှုပ်ရှားမှုသမိုင်းနှင့်မှ မပတ်သက်ပါ ဆိုတဲ့ စကားနဲ့ ပတ်သက်ပြီး ပြောလိုပါတယ်။
ဒို့ဗမာ သီချင်းဟာ တို့ဗမာ အစည်းအရုံးရဲ့ သီချင်းပါ။ တို့ဗမာအစည်းအရုံး လှုပ်ရှားမှုသမိုင်းနဲ့ ဆက်စပ်ပါတယ်။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းနဲ့လဲ ဆက်စပ်ပါတယ်။ တို့ဗမာ အစည်းအရုံးအကြောင်းသိချင်ရင် ဒီမှာ ဖတ်ပါ။
http://www.myanmarisp.com/Colony/ind0022/